iMyanmarHouse.com - Best Property Website for Myanmar
×

ဗီဒီယိုထက်ရုပ်ရှင်ကားကြီးတွေ ပိုမိုရိုက်လာရတဲ့ ခင်ဝင့်ဝါ က ဗီဒီယိုအနေနဲ့တစ်လကို တစ်ကား၊ နှစ်ကားလောက်ပဲ ရိုက်လာရတော့တယ်လို့ပြောပါတယ်။ လက်ရှိမှာ ခြောက်တစ္ဆေဆိုတဲ့ ရုပ်ရှင်ကားကြီးမှာပါဝင်သရုပ်ဆောင်နေသလို ဖေဖော်ဝါရီလမှာကျရောက်မဲ့ ချစ်သူများနေ့ခံစားချက်များကိုလဲ သူမကပြောပြလာပါတယ်။

ပထမဆုံး လက်ရှိရိုက်ကူးဖြစ်နေတဲ့ သရဲကားအကြောင်းကို ခင်ဝင့်ဝါ က ‘အခုလက်ရှိမှာ ညီမ ဒါရိုက်တာ ဦးကျော်ဇောလင်းနဲ့ ခြောက်တစ္ဆေဆိုတဲ့ကားကြီးရိုက်နေတယ်။ အဲ့ဒီထဲမှာ မောင်နှမသုံးယောက် ၊ အဆောင်ပိုင်ရှင်အနေနဲ့ပါဝင်သရုပ်ဆောင်နေပါတယ်။ ဗီဒီယိုအနေနဲ့လက်ခံထားတာတွေလဲ ရှိတော့ရှိတယ်။ ဒါပေမဲ့ အရင်လိုအများကြီးတော့မဟုတ်တော့ဘူး။ တစ်လကို တစ်ကား၊ နှစ်ကားလောက်တော့ရိုက်ဖြစ်တယ်။’လို့ ပြောပြပါတယ်။

၂၀၁၇ ချစ်သူများနေ့မှာ ဘယ်လိုဖြစ်သန်းဖြစ်မလဲ မေးကြည့်ဖြစ်တဲ့အခါ ‘ ထွေထွေထူးထူးမရှိပါဘူး။ ချောကလက်တွေဘာတွေ၊ ပန်းတွေဘာတွေလဲ မရပါဘူး။ နှစ်တိုင်းကတော့ ထုံးစံပါပဲ။ သူများတွေကတော့ ရတယ်။ ညီမကတော့ နှစ်တိုင်းမရပါဘူး။ ကိုယ့်ဟာကိုယ်ပဲ ၀ယ်စားရပါတယ်။ ဒီနှစ်လဲရဖို့မမျှော်လင့်ပါဘူး။ ရမယ်လို့လဲ မထင်ပါဘူး။ ကိုယ်ကလဲ မပေးဘူး။ အဲ့ဒီနေ့ကို ချစ်သူများနေ့ရယ်လို့စိတ်လှုပ်ရှားတာမျိုးတော့ မရှိဘူး။ ဒီအတိုင်းပါပဲ။ နေ့တစ်နေ့ပါပဲ။ အရင်နှစ်တွေကလဲ ကားရိုက်ရင်းဖြတ်သန်းတယ်။ အရင်တုန်းကတော့ အဲ့ဒီနေ့မှာ ဘာများရမလဲဆိုပြီးမျှော်လင့်တယ်။ ဒါပေမဲ့ မျှော်လင့်တိုင်းဖြစ်မလာတော့ မမျှော်လင့်တော့ပါဘူး'လို့ သူမက ဖွင့်ဟသွားပါတယ်။

သူမရဲ့ အချစ်ရေးကိုလည်းပရိသတ်ကြီးက စိတ်ဝင်စားကြပါတယ်။ ဒါပေမယ့် သူမကတော့ ‘ အချစ်ရေးကတော့ ညီမကအေးအေးဆေးဆေးပါပဲ။ ပွင့်ပွင့်လင်းလင်းပြောပြလို့ရတဲ့ အခြေအနေရောက်လာရင်ပြောပြမှာပေါ့။ အခုကတော့ တစ်ယောက်တည်းလို့လဲပြောလို့ရပါတယ်။ နှစ်ယောက်လို့လဲပြောလို့ရပါတယ်"တဲ့။

ဆက်လုပ်သွားမဲ့ အနုပညာလှုပ်ရှားမှုများနဲ့ပတ်သက်ပြီးတော့လဲ ‘ ညီမအနေနဲ့ အခုနောက်ပိုင်းမှာ ဇာတ်ကားတွေကို သေချာစိစစ်ပြီး လက်ခံထားတယ်။ ပရိသတ်တွေလဲ ညီမကိုအားပေးပါ။ အကြံဥာဏ်ပေးပါ။ လိုအပ်တာတွေရှိရင်လဲပြောပြပေးပါ။ ညီမအနေနဲ့ပရိသတ်တွေပြောပြသမျှ၊ အကြံဥာဏ်ပေးသမျှကို အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားပါမယ်။"လို့ သူမက ဆိုပါတယ်။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top