iMyanmarHouse.com - Best Property Website for Myanmar
×




Credit:Shwemom



Unicode Version

မျက်နှာမဟုတ်တဲ့ ခန္ဓာကိုယ်ရဲ့ တခြားနေရာဖြစ်တဲ့ တင်ပါးဆုံ မှာ ဝက်ခြံနဲ့ အ စက်အပြောက်တွေ ဖြစ်ပေါ်တတ်လေ့ရှိပါတယ်။
ဗက်တီးရီးယားကြောင့်အရေပြားတွေရဲ့မွေးညင်းပေါက်တွေရောင်ရမ်းမှုကြောင့်ဖြစ်ပေါ်တတ်တဲ့ အရေပြား အခြေအနေ Folliculitis ကြောင့်  ဖြစ်ရတာလို့ ဒေါက်တာ Mahto ကပြော ပါတယ်။နောက်ဆက်တွဲအနေနဲ့အရေပြားပေါ်မှာ အနီရောင်အဖုအပိန့်ထ တာေ တွ၊အင်ပင်ကွက်လို အရာတွေဖြစ်ပေါ်တတ်ပါတယ်။ဒီလိုအခြေအနေမျိုး ဟာ အမျိုးသားရောအမျိုးသမီးတွေ မှာပါ ဖြစ်ပေါ်လေ့ရှိပါတယ်။

အကြောင်းအရင်း ကို ပြန် ကြည့်ရင်တော့ တစ်နေကုန် ထိုင်နေရတာတွေေ ကြာင့် တင်ပါးဆုံနဲ့ အဲ့ဒီမှာရှိတဲ့ မွေး ညင်းေ ပါက်တွေ ကို ဖိထားသလိုဖြစ် ပြီး မွေးညင်းပေါက်ရောင်ရမ်း မှုတွေ ဖြစ်ပေါ်ရတာပါ။တကယ်လို့ ကျန်းမာရေး လိုက်စားသူတစ်ယောက်ဖြစ်မယ်ဆိုရင်တော့ gym မှာဝတ်တဲ့ အဝတ်အစားေ တွဟာအရမ်းကြပ်တာမျိုးတွေမဟုတ်ပဲ ပေါ့ပါး တဲ့ ချည်သားတွေကို ဝတ်ဆင်ပြီး အားကစားလုပ်သင့်ပါတယ်။အဲ့လိုမှမဟုတ်ရင်တော့ ချွေးတွေက မွေး ညင်းေ ပါက်တွေကိုပိတ်ထားသလိုဖြစ်ကာ မွေးညင်းပေါက်ရောင်ရမ်းတာတွေ ဖြစ်စေနိုင်ပါတယ်။

ကာကွယ်နိုင်တဲ့နည်းကတော့ အရမ်းမပြင်းတဲ့ cleanser တွေကို သုံးပေး ရပါမယ်။နေ့စဉ်သုံးတဲ့ shower ကိုအတတ်နိုင်ဆုံး သဘာဝဖြစ်၊ ရေမွှေး မပါတဲ့ shower အမျိုးအစားကို ရွေးချယ်ပေးသင့်ပါတယ်။နောက်တစ်ခု သတိ ထားရ မှာက အဆီဟာ ဗက်တီးရီးယားတွေကို ပိတ်မိနေစေတာကြောင့် အဆီပါ တဲ့ အလှကုန်ပစ္စည်းတွေ ကိုရှောင်ပေးပါ။ချွေးတွေနဲ့အပူတွေက ဗက်တီးရီး ယားေ တွ ပေါက်ဖွားလာအောင် အားပေးရာရောက် တာကြောင့်လေ့ကျင့်ခန်း လုပ်ပြီး တဲ့ အခါမျိုးမှာ ချက်ချင်းရေချိုးပေးပါ။တဘက်ကို တခြားသူတွေနဲ့ဝေမျှသုံး တာမျိုး၊ အဖုတွေထွက်နေတဲ့အချိန်မျိုးတွေမှာ အမွေးရိတ်တာမျိုး လုံးဝမလုပ် မိပါေ စနဲ့။အဖုတွေကနေ ယားယံတာမျိုးရှိလာခဲ့ရင် ရေနွေးအိတ်ကပ်ပေးတာမျိုး လုပ်ေ ပးရပါမယ်။ဝက်ခြံကုသပေးတဲ့ ကုထုံးတွေကလည်း မွေးညင်းပေါက်ရောင်ရမ်း တာတွေကို သက်သာစေပါတယ်။တကယ်လို့ သီတင်းပတ်အနည်းငယ်ကြာတဲ့ အထိမှ မသက်သာရင်တော့ တက်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီပြသပေး သင့်ပါတယ်။


Credit:Shwemom


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top