iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version
- ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်၊ အသက်တွေကြီးလာတဲ့အထိ အိပ် မက်ထဲမှာ စာမေးပွဲကို စာမကျက် ရသေးဘဲ ဖြေရတာ၊ ဖြေမယ့်နေ့မှ စာမေးပွဲရှိမှန်းသိတာ၊ ဖြေရမယ့်ဘာ သာမှားကျက်လာတာစတဲ့ အိပ်မက် ဆိုးတွေ မက်တတ်ပါသလား။ ဒါဆို သင်ဟာ စင်းလုံးချောဝါဒီ (perfectionist) သမားဖြစ်နိုင်ပါတယ်။ လက်တွေ့ဘဝမှာလည်း အသေအချာ ပြင်ဆင်ထားတဲ့ ကိစ္စတွေကိုတောင် ထပ်ကာ တလဲလဲ ပြင်ဆင်နေတတ် ပါတယ်။ အလုပ်တစ်ခုကို စိတ်တိုင်း မကျမချင်း လက်မလွှတ်တတ်တဲ့ စင်းလုံးချောဝါဒီတွေဟာ အသက်တို တတ်ပါတယ်။
- အိပ်မက်ထဲမှာ သေလုမျောပါးပြေး နေရတယ်လို့ မကြာခဏမက်တတ် တယ်ဆိုလျှင်တော့ အပြင်လောကမှာ အခက်အခဲကြီးကြီးမားမားကြုံတွေ့ နေရတာဖြစ်နိုင်ပါတယ်။ စိုးရိမ်စိတ် လွန်ကဲဝေဒနာနှင့် စိတ်ကျဝေဒနာ လည်း ရှိနေနိုင်ပါတယ်။
- လူကြားသူကြားထဲ အဝတ်အစား မပါဘဲ ရောက်နေတယ်လို့မက်လျှင် စိတ်မလုံခြုံတဲ့ ပြဿနာရှိနေတတ် ပါတယ်။ စာသင်ခန်းထဲ အဝတ် အစားမပါဘဲ ရောက်နေတာ၊ စား သောက်ဆိုင်ထဲမှာ အဝတ်အစား မပါဘဲ ချောင်ကပ်နေရတာ စသည် အိပ်မက်ထဲမှာကြုံရပါက လူစုလူ ဝေးကြောက်တဲ့ပြဿနာရှိနေတတ် ပါတယ်။
- အမြင့်တစ်နေရာမှ ပြုတ်ကျနေ သည်ဟု မကြာခဏအိပ်မက်မက် ပါက မိမိစိတ်ထဲမှာ မြိုသိပ်ထားရတဲ့ ပြဿနာတွေ များနေပြီဆိုတဲ့ အဓိပ္ပါယ် ပါပဲ။ အနားယူပါ၊ သူငယ် ချင်း များနှင့် ပေါ့ပေါ့ပါးပါးအချိန်ဖြုန်းပါ။ အား ကစားလုပ်ပါ။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Health Updates Journal
https://www.facebook.com/HealthUpdatesJournal
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top