iMyanmarHouse.com - Best Property Website for Myanmar
×
ယောင်္ကျားလေးတွေအနေနဲ့ မိန်းကလေးတစ်ယောက်နဲ့ စတင်မိတ်ဆက်၊ စကားပြောဆိုပြီး နှုတ်ဆက်ချိန်မှာ အဲ့ဒီမိန်းကလေးရဲ့ဘယ်လိုအရာတွေ သူတို့မှတ်မှတ်ထင်ထင် ရှိနေတတ်ကြပါသလဲ။ သတိထားမိတတ်ကြပါသလဲ။
၁။သူမရဲ့နှုတ်ခမ်း
၂။အရယ်၊ အပြုံး
၎။မျက်လုံး
၅။သင့်သူငယ်ချင်း
ယောင်္ကျားလေးတွေကတော့ ကိုယ်နဲ့စခင်တဲ့ ကောင်မလေးက ပိန်ပိန်သွယ်သွယ်လား၊ အကိတ်လား ဆိုတာ သတိထားလေ့၊ သတိပြုမိလေ့ရှိကြပါတယ်။
၇။ကိုယ်သင်းရနံ့
၈။သင့်ရဲ့စတိုင်လ်
ယောင်္ကျားလေးတွေဟာ သာမာန်ရိုးရိုးဖိနပ်အပါးစီးတဲ့သူ၊ sneaker ဖိနပ်စီးတဲ့သူတွေကို အထူးတလည် သတိထားပြောဆိုတာမျိုးမရှိပေမယ့် သင်က ခြောက်လက်မလောက်မြင့်တဲ့ ဒေါက်မြင့်ဖိနပ်ကိုစီးထားရင်တော့ သူတို့စိတ်ထဲ သင့်ကို အဲ့ဒီလို ဖိနပ်အမြင့်တွေနဲ့ပဲ တွဲသတိထားမိနေပါလိမ့်မယ်။
Credit: Trend Myanmar
ပို့သပေးပါတယ်။
Unicode Version
ယောကျၤားလေးတွေအနေနဲ့ မိန်းကလေးတစ်ယောက်နဲ့ စတင်မိတ်ဆက်၊ စကားပြောဆိုပြီး နှုတ်ဆက်ချိန်မှာ အဲ့ဒီမိန်းကလေးရဲ့ဘယ်လိုအရာတွေ သူတို့မှတ်မှတ်ထင်ထင် ရှိနေတတ်ကြပါသလဲ။ သတိထားမိတတ်ကြပါသလဲ။
၁။သူမရဲ့နှုတ်ခမ်း
မိန်းကလေးတစ်ယောက်ရဲ့ နှုတ်ခမ်းနဲ့ပါးစပ်ဟာ ယောကျၤားလေးတွေအတွက် ပထမဆုံးသတိပြုမိလေ့ရှိတဲ့အရာ ဖြစ်တတ်ပါတယ်။ စကားပြောပုံဆိုပေါက်ကို လေ့လာကြသလို သူမရဲ့ နှုတ်ခမ်းက နှစ်လိုဖွယ်ရှိရဲ့လားဆိုတာကိုပါ တစ်ချက်တည်း ကြည့်တတ်ကြပါတယ်။
၂။အရယ်၊ အပြုံး
ယောကျၤားလေးအများစုကတော့ စူပုပ်နေတဲ့ မိန်းကလေးတွေ၊ နှုတ်ခမ်းစေ့စေ့နဲ့ တည်တည်နေတတ်တဲ့ မိန်းကလေးမျိုးတွေထက် ပြုံးပြုံးရွှင်ရွှင်နဲ့ ဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့ မိန်းကလေးတွေကို ပိုသတိထားမိတတ်ကြပါတယ်။ ကြားဖူးနားဝရှိဖူးမှာပါ။ မိန်းကလေးတစ်ယောက်ရဲ့ ရယ်မောလိုက်တဲ့အသံဟာ ယောကျၤားလေးတွေအတွက် ဆက်စီဖြစ်တယ်ဆိုတာမျိုးပေါ့။
၃။ရယ်စရာ၊ ဟာသစကားဆိုတတ်သူ
ယောကျၤားလေးတွေက မိန်းကလေးတွေနဲ့ ဆုံတဲ့အခါ ဟာသတွေပြောပြီး ရယ်မောစေတတ်ပါတယ်။ ဒါပေမယ့် အပြန်အလှန်သဘောမျိုးပါပဲ။ သူတို့လည်း မိန်းကလေးတွေ ပြောပြတဲ့ ဟာသတွေကို ကြားချင်ပါတယ်။ ရယ်မောချင်ကြပါတယ်။ မိန်းကလေးအများစုက ဒါကို ပေါတယ်၊ ဘာလို့လုပ်ရမှာလဲလို့ ရှောင်တတ်ကြပါတယ်။ အမှန်တော့ ယောကျၤားလေးတွေဟာ ဒီလိုဟာသပြောတတ်တဲ့၊ ဟာသဓာတ်ခံရှိတဲ့ မိန်းကလေးတွေကို ပိုဆွဲဆောင်မှုရှိတယ်လို့ ထင်တတ်ကြတယ်ဆိုတာပါပဲ။
၄။မျက်လုံး
နှစ်ဦးသား စကားပြောတဲ့အခါ မျက်လုံးနှစ်စုံဟာ ဆက်နွယ်မှုတွေရှိနေပါတယ်။ ဒါ့အပြင် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိမရှိဆိုတာလည်း အဲ့ဒီမျက်လုံးကို ကြည့်ရင် သိတာပါပဲ။ ဒီတော့ ယုံကြည်မှုရှိတဲ့ မိန်းကလေး ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို သူတို့က မျက်လုံးကို စိုက်ကြည့်ပြီး အကဲဖြတ်တတ်ကြပါတယ်။
၅။သင့်သူငယ်ချင်း
လူတစ်ယောက်ကို ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာ သုံးသပ်ချင်ရင် သူ့အပေါင်းအသင်းတွေ၊ သူငယ်ချင်းတွေကို ကြည့်ရင်း ဆုံးဖြတ်နိုင်ပါတယ်တဲ့။ ဒီမိန်းကလေးက ဘယ်လိုစိတ်ထားရှိမလဲ၊ ဘယ်လိုအဆင့်အတန်းမျိုးလဲဆိုတာကိုလည်း အဲ့ဒီမိန်းကလေးရဲ့ သူငယ်ချင်းတွေကို ကြည့်ပြီး သူတို့ သုံးသပ်တတ်ကြပါတယ်။
၆။ခန္ဓာကိုယ်အချိုးအစား
ယောကျၤားလေးတွေကတော့ ကိုယ်နဲ့စခင်တဲ့ ကောင်မလေးက ပိန်ပိန်သွယ်သွယ်လား၊ အကိတ်လား ဆိုတာ သတိထားလေ့၊ သတိပြုမိလေ့ရှိကြပါတယ်။
၇။ကိုယ်သင်းရနံ့
မိန်းကလေးအများစုဟာ ရေမွှေး၊ စပရေးစတာတွေကို ပုံမှန်သုံးလေ့ရှိကြပါတယ်။ လိုးရှင်းလိမ်းထားလို့ အနံ့သင်းသင်းလေး ဖြစ်နေတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါကို ကိုယ်ကိုတိုင်သတိမထားမိပေမယ့် ကိုယ်နဲ့ စကားလက်ဆုံပြောဖူးတဲ့ ယောကျၤားလေးတွေကတော့ သတိထားမိတတ်ကြပါတယ်။
၈။သင့်ရဲ့စတိုင်လ်
ယောကျၤားလေးအများစုကတော့ သင်ဝတ်ထားတဲ့ အဝတ်အစား brand ၊ တံဆိပ်ဟာ ဘာဆိုတာ သိချင်မှသိမှာပါ။ ဒါပေမယ့် သင့်စတိုင်လ်က မိန်းကလေးဆန်ဆန်နေတတ်တဲ့ ပုံစံလား၊ အရင်တုန်းက ခေတ်စားခဲ့တဲ့ ဖက်ရှင်မျိုးတွေ ပြန်ဝတ်တတ်တဲ့သူလား၊ ပန့်ခ်ဖက်ရှင်ကို ကြိုက်သူလား၊ လွတ်လွတ်လပ်လပ်လေးပဲ ဝတ်စားတတ်သူလား စသဖြင့် သူတို့ သုံးသပ်သတိထားမိလိုက်ကြပါပြီ။
၉။သင့်ဖိနပ် (ဒေါက်မြင့်ဖိနပ်)
ယောကျၤားလေးတွေဟာ သာမာန်ရိုးရိုးဖိနပ်အပါးစီးတဲ့သူ၊ sneaker ဖိနပ်စီးတဲ့သူတွေကို အထူးတလည် သတိထားပြောဆိုတာမျိုးမရှိပေမယ့် သင်က ခြောက်လက်မလောက်မြင့်တဲ့ ဒေါက်မြင့်ဖိနပ်ကိုစီးထားရင်တော့ သူတို့စိတ်ထဲ သင့်ကို အဲ့ဒီလို ဖိနပ်အမြင့်တွေနဲ့ပဲ တွဲသတိထားမိနေပါလိမ့်မယ်။
၁၀။သင့်ကိုယ်ကိုယုံကြည်မှုရှိမရှိ
ယောကျၤားလေးတွေဟာ အများအားဖြင့် ကိုယ်စကားပြောလိုက်တဲ့ မိန်းကလေးဟာ သူ့ကိုယ်သူ ယုံကြည်မှုရှိမရှိဆိုတာကို အဓိကထား သတိပြုနေတတ်ကြပါတယ်။ သူမပြောလိုက်တဲ့ စကားလုံး၊ အသံ၊ မျက်လုံးစတာတွေကို ပေါင်းစပ်သုံးသပ်ပြီး ဒီကောင်မလေးဟာ ဘယ်လိုဆိုပြီးတော့လည်း စိတ်ထဲက သုံးသပ်တာမျိုး ပြုလုပ်တတ်ကြပါတယ်။
Credit: Trend Myanmar
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္
တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top