iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ကိုယ္ေရသန္႔ရွင္းစင္ၾကယ္မႈကို ထိန္းသိမ္းရာတြင္ မည္မွ် ပင္ ေကာင္းေအာင္ဂ႐ုစုိက္ေနေစကာမူ မွားယြင္းမႈမ်ားရိွႏုိင္သည္။  အနံ႔ဆုိးထြက္ျခင္းမွေန၍ ပံုမွန္မဟုတ္ဘဲ အရည္မ်ားဆင္းျခင္း (သုိ႔ မဟုတ္) ထူးထူးဆန္းဆန္းအရည္ၾကည္ဖုေပါက္ျခင္းမ်ားအထိ သင္၏ မအဂၤါက်န္းမာေရးကုိ ကာကြယ္ေရးသည္ ေရာဂါပုိး၀င္ေရာက္ ႏုိင္သည့္ အႏၲရာယ္မ်ားကို ေလွ်ာ့ခ်ေရးအတြက္ အေရးႀကီးေသာ ကိစၥတစ္ခုျဖစ္လာသည္။ မျမင္ကြယ္ရာ ကုိယ္ကာယပုိင္းကို သန္႔ရွင္းေအာင္ အေသအခ်ာလုပ္ေဆာင္ေနေသာ္လည္း ႀကံဳေတြ႕ႏုိင္သည့္ မအဂၤါဆုိင္ရာျပႆနာမ်ားကို ေဖာ္ျပေပးလုိက္ပါသည္။

မအဂၤါသုိ႔ ဗက္တီးရီးယားမ်ား ၀င္ေရာက္မႈပိုမ်ားျခင္းေၾကာင့္ မျပင္းထန္ေသာ လကၡဏာမ်ား ျပသႏုိင္သည္။ အကယ္၍ တစ္ ဦးထက္ပုိေသာ လိင္ဆက္ဆံေဖာ္ရိွပါက ေရာဂါပုိးမႊားမ်ား ၀င္ေရာက္ႏုိင္သည့္ အႏၲရာယ္ပုိမ်ားသည္။ ယင္းေရာဂါလကၡဏာ သည္ သူ႔အလုိလုိ ေပ်ာက္သြားေလ့ရိွေသာ္လည္း အခ်ိဳ႕ေသာ အ ေျခအေနမ်ားတြင္ ျပႆနာႀကံဳေတြ႕ႏုိင္သျဖင့္ ဆရာ၀န္ႏွင့္ တုိင္ပင္ျခင္းမွာ အေကာင္းဆံုးျဖစ္သည္။

လိင္ဆက္ဆံမႈမွတစ္ဆင့္ အလြယ္တကူကူးစက္ႏုိင္ေသာ ကူး စက္လြယ္ဂႏိုေရာဂါသည္ သားအိမ္ေခါင္း၊ သားအိမ္၊ သားဥႁပြန္ တို႔အပါအ၀င္ ေႏြးၿပီး စိုစြတ္ေသာ ေနရာမ်ားတြင္ ဂႏုိေရာဂါပုိးမ်ား ျဖစ္ေပၚလာႏုိင္သည္။ ခံတြင္း၊ လည္ေခ်ာင္းႏွင့္ စအိုတုိ႔တြင္လည္း ယင္းေရာဂါပိုးအလြယ္တကူကူးစက္ႏုိင္ၿပီး ေရာဂါပုိးရိွေသာ မိခင္မွ ရင္ေသြးသုိ႔ အလြယ္တကူကူးစက္ႏုိင္သည္။

လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္သည့္ ေရာဂါတစ္မ်ိဳးျဖစ္ ေသာ Trichomoniasis သည္ ေသးငယ္ေသာေရာဂါပိုးမႊားတစ္ မ်ိဳးေၾကာင့္ျဖစ္ေသာ ေရာဂါျဖစ္သည္။ ယင္းေရာဂါသည္ ငယ္ရြယ္ ၿပီး လိင္မႈကိစၥႏွင့္ မကင္းေသာ အမ်ိဳးသမီးမ်ားတြင္ အျဖစ္မ်ားေသာ ကုသႏုိင္သည့္ ေရာဂါျဖစ္သည္။ မအဂၤါအတြင္းပုိင္း ယားယံျခင္း၊ ဆီးသြားစဥ္ နာက်င္ျခင္း၊ ၀ါစိမ္းေရာင္အရည္မ်ားထြက္ျခင္း၊ အနံ႔ ဆုိးထြက္ျခင္းတို႔မွာ ယင္းေရာဂါ၏ လကၡဏာအခ်ိဳ႕ျဖစ္သည္။

ေရာဂါလကၡဏာျပသေလ့မရွိေသာ ေနာက္ထပ္လိင္ဆက္ဆံမႈ မွတစ္ဆင့္ ကူးစက္သည့္ ေရာဂါတစ္မ်ိဳးျဖစ္ေသာ Chamydia သည္လိင္ဆက္ဆံေဖာ္ကုိ မသိဘဲ ကူးစက္ေစႏုိင္သည္။ ထို႔ေၾကာင့္ ယင္း ေရာဂါကူးစက္ခံရမႈကို ေဖာ္ထုတ္သိရိွရန္ မလြယ္ကူေပ။ လိင္ဆက္ ဆံၿပီး သီတင္းတစ္ပတ္ (သုိ႔မဟုတ္) သံုးပတ္ၾကာမွသာ ယင္းေရာဂါ လကၡဏာမ်ားကို ေတြ႕ရေလ့ရိွသည္။ ပံုမွန္မဟုတ္ဘဲ မအဂၤါမွ အရည္မ်ားဆင္းျခင္း၊ ဓမၼတာလာခ်ိန္ နာက်င္ျခင္း၊ မအဂၤါတစ္၀ုိက္ (သုိ႔မဟုတ္)  အထဲတြင္ ပူစပ္ျခင္းတို႔သည္ ယင္းေရာဂါ၏ လကၡဏာ အခ်ိဳ႕ျဖစ္သည္။

Candida ဟုေခၚေသာ မိႈေၾကာင့္ျဖစ္သည့္ ေရာဂါသည္ အေရ ျပား၊ မ်ိဳးပြားအဂၤါ၊ ခံတြင္း၊ လည္ေခ်ာင္းႏွင့္ ေသြးထဲသုိ႔ပင္ ကူးစက္ ႏုိင္သည့္ ခႏၶာကုိယ္၏ စုိစြတ္ေသာ၊ ေႏြးေသာေနရာမ်ား၌ ယင္းေရာ ဂါကူးစက္ႏုိင္သည္။ ယင္းေရာဂါေၾကာင့္ မသက္သာေသာ၊ အႏၲ ရာယ္ရိွေသာ လကၡဏာမ်ားျဖစ္ေပၚလာႏုိင္သည္။

သုိ႔ေသာ္ေရာဂါပုိး၀င္ေရာက္ေနၿပီဟု သံသယရိွပါက ဆရာ၀န္ စစ္ေဆးမႈခံယူၿပီးမွ ေဆး၀ါးကုသမႈခံယူသင့္သည္။

Credit : 7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ကိုယ်ရေသန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းရာတွင် မည်မျှ ပင် ကောင်းအောင်ဂရုစိုက်နေစေကာမူ မှားယွင်းမှုများရှိနိုင်သည်။  အနံ့ဆိုးထွက်ခြင်းမှနေ၍ ပုံမှန်မဟုတ်ဘဲ အရည်များဆင်းခြင်း (သို့ မဟုတ်) ထူးထူးဆန်းဆန်းအရည်ကြည်ဖုပေါက်ခြင်းများအထိ သင်၏ မအင်္ဂါကျန်းမာရေးကို ကာကွယ်ရေးသည် ရောဂါပိုးဝင်ရောက် နိုင်သည့် အန္တရာယ်များကို လျှော့ချရေးအတွက် အရေးကြီးသော ကိစ္စတစ်ခုဖြစ်လာသည်။ မမြင်ကွယ်ရာ ကိုယ်ကာယပိုင်းကို သန့်ရှင်းအောင် အသေအချာလုပ်ဆောင်နေသော်လည်း ကြုံတွေ့နိုင်သည့် မအင်္ဂါဆိုင်ရာပြဿနာများကို ဖော်ပြပေးလိုက်ပါသည်။

မအင်္ဂါသို့ ဗက်တီးရီးယားများ ဝင်ရောက်မှုပိုများခြင်းကြောင့် မပြင်းထန်သော လက္ခဏာများ ပြသနိုင်သည်။ အကယ်၍ တစ် ဦးထက်ပိုသော လိင်ဆက်ဆံဖော်ရှိပါက ရောဂါပိုးမွှားများ ဝင်ရောက်နိုင်သည့် အန္တရာယ်ပိုများသည်။ ယင်းရောဂါလက္ခဏာ သည် သူ့အလိုလို ပျောက်သွားလေ့ရှိသော်လည်း အချို့သော အ ခြေအနေများတွင် ပြဿနာကြုံတွေ့နိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။

လိင်ဆက်ဆံမှုမှတစ်ဆင့် အလွယ်တကူကူးစက်နိုင်သော ကူး စက်လွယ်ဂနိုရောဂါသည် သားအိမ်ခေါင်း၊ သားအိမ်၊ သားဥပြွန် တို့အပါအဝင် နွေးပြီး စိုစွတ်သော နေရာများတွင် ဂနိုရောဂါပိုးများ ဖြစ်ပေါ်လာနိုင်သည်။ ခံတွင်း၊ လည်ချောင်းနှင့် စအိုတို့တွင်လည်း ယင်းရောဂါပိုးအလွယ်တကူကူးစက်နိုင်ပြီး ရောဂါပိုးရှိသော မိခင်မှ ရင်သွေးသို့ အလွယ်တကူကူးစက်နိုင်သည်။

လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်သည့် ရောဂါတစ်မျိုးဖြစ် သော Trichomoniasis သည် သေးငယ်သောရောဂါပိုးမွှားတစ် မျိုးကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ယင်းရောဂါသည် ငယ်ရွယ် ပြီး လိင်မှုကိစ္စနှင့် မကင်းသော အမျိုးသမီးများတွင် အဖြစ်များသော ကုသနိုင်သည့် ရောဂါဖြစ်သည်။ မအင်္ဂါအတွင်းပိုင်း ယားယံခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ ဝါစိမ်းရောင်အရည်များထွက်ခြင်း၊ အနံ့ ဆိုးထွက်ခြင်းတို့မှာ ယင်းရောဂါ၏ လက္ခဏာအချို့ဖြစ်သည်။

ရောဂါလက္ခဏာပြသလေ့မရှိသော နောက်ထပ်လိင်ဆက်ဆံမှု မှတစ်ဆင့် ကူးစက်သည့် ရောဂါတစ်မျိုးဖြစ်သော Chamydia သည်လိင်ဆက်ဆံဖော်ကို မသိဘဲ ကူးစက်စေနိုင်သည်။ ထို့ကြောင့် ယင်း ရောဂါကူးစက်ခံရမှုကို ဖော်ထုတ်သိရှိရန် မလွယ်ကူပေ။ လိင်ဆက် ဆံပြီး သီတင်းတစ်ပတ် (သို့မဟုတ်) သုံးပတ်ကြာမှသာ ယင်းရောဂါ လက္ခဏာများကို တွေ့ရလေ့ရှိသည်။ ပုံမှန်မဟုတ်ဘဲ မအင်္ဂါမှ အရည်များဆင်းခြင်း၊ ဓမ္မတာလာချိန် နာကျင်ခြင်း၊ မအင်္ဂါတစ်ဝိုက် (သို့မဟုတ်)  အထဲတွင် ပူစပ်ခြင်းတို့သည် ယင်းရောဂါ၏ လက္ခဏာ အချို့ဖြစ်သည်။

Candida ဟုခေါ်သော မှိုကြောင့်ဖြစ်သည့် ရောဂါသည် အရေ ပြား၊ မျိုးပွားအင်္ဂါ၊ ခံတွင်း၊ လည်ချောင်းနှင့် သွေးထဲသို့ပင် ကူးစက် နိုင်သည့် ခန္ဓာကိုယ်၏ စိုစွတ်သော၊ နွေးသောနေရာများ၌ ယင်းရော ဂါကူးစက်နိုင်သည်။ ယင်းရောဂါကြောင့် မသက်သာသော၊ အန္တ ရာယ်ရှိသော လက္ခဏာများဖြစ်ပေါ်လာနိုင်သည်။

သို့သော်ရောဂါပိုးဝင်ရောက်နေပြီဟု သံသယရှိပါက ဆရာဝန် စစ်ဆေးမှုခံယူပြီးမှ ဆေးဝါးကုသမှုခံယူသင့်သည်။

Credit : 7Day Daily



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top