iMyanmarHouse.com - Best Property Website for Myanmar
×

ကြန္ပ်ဴတာ ကို ေန႔စဥ္ ပ်မ္းမွ် ၆ နာရီမွ ၈ နာရီၾကာ အသံုးျပဳသူ မ်ား ျဖစ္ႏိုင္ေခ်ရွိတဲ့ ေရာဂါ မ်ားကေတာ့ ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

၁။ Decreasing eyesight

ကြန္ပ်ဴတာ မ်က္ႏွာျပင္ကို ၾကာရွည္စြာ ၾကည့္ရွုရတဲ့အတြက္ အျမင္ အာရံုေၾကာေတြ အားနည္းလာပါတယ္။ ကြန္ပ်ဴတာဖန္သားျပင္ေပၚမွာ မ်က္ေတာင္မခပ္တန္း အာရံုစိုက္ေနမွုေၾကာင္ မ်က္ရည္မ်ား ခမ္းေျခာက္ေစတာမ်ိဳးတုိ႔ ျဖစ္ပါတယ္။

၂။ Muscle weakening
ၾကြက္သားမ်ား သိသိသာသာ အားနည္းလာတတ္ပါတယ္။ လက္နဲ႔ လက္ေကာက္ဝတ္သာ အလုပ္လုပ္ရျပီး က်န္ေသာ ခႏၶာကိုယ္ အစိတ္အပိုင္းမ်ား လွုပ္ရွားမွု မရွိတဲ့အတြက္ အဓိက ၾကြက္သားေတြ လုပ္ေဆာင္ခ်က္ ေႏွးေကြးလာတတ္ပါတယ္။

၃။ RSI (Repetitive strain injury)

ကြန္ပ်ဴတာေရွ႕ထိုင္တဲ့အခါ ခႏၶာကိုယ္ပံုစံကို မေျပာင္းလဲပဲ အလုပ္လုပ္ေန ရမွုေၾကာင့္ အျမဲတမ္းအသံုးျပဳေနရတဲ့ ၾကြက္သားေတြ နာက်င္ကိုက္ခဲ လာတတ္ပါတယ္။ ဥပမာ-လည္ပင္နာျခင္း၊ ခါးနာျခင္း၊ ခႏၶာကိုယ္ လွုပ္ရွားတိုင္း ေနရာတစ္ခုတည္းက အျမဲနာက်င္ေနတတ္ျခင္း မ်ိဳးတို႔ ျဖစ္ပါတယ္။

၄။ Menal side effects

ကြန္ပ်ဴတာကို ၾကာရွည္စြာ အသံုးျပဳရတဲ့အတြက္ တကယ့္အျပင္ လူမွုဆက္ဆံေရးမွာ ေျပာင္းလဲမွုေတြ ရွိလာ ပါတယ္။ Facebook, G-talk တုိ႔လို ဘယ္ေလာက္ ဆုိရွယ္ဝဘ္ဆိုဒ္, ကြန္ရက္ေတြသံုးသံုး တကယ့္အျပင္ လူမူကြန္ရက္နဲ႔ Face to Face ေျပာဆုိဆက္ဆံရတာ မဟုတ္တဲ့အတြက္ လုပ္ငန္းခြင္၊ ေပါင္းသင္း၊ ဆက္ဆံေရးေတြမွာ ျပႆနာ ျဖစ္လာႏိုင္ပါတယ္။ ဂိမ္းအေဆာ့မ်ားတဲ့သူေတြ ပိုျပီး သတိထားရမယ့္ အခ်က္ ျဖစ္ပါတယ္။ အခ်ိန္ၾကာၾကာ အသံုးျပဳတဲ့အခါ အာရံုဟာ အရာဝတၳဳတစ္ခုတည္းမွာ စုစည္းေနတတ္ျပီး ယင္းအရာဝတၳဳရဲ႕ ေျပာင္းလဲမွုအလိုက္ စိတ္က ေျပာင္းလဲႏိုင္တဲ့အတြက္ ျဖစ္ပါတယ္။

၅။ Back Problems
ခါးနာတာကေတာ့ ျဖစ္ကိုျဖစ္မယ့္ ေရာဂါေဝဒနာပါ။ ဘယ္ေလာက္ သက္ေတာင့္သက္တာ ျဖစ္တဲ့ ထိုင္ခံုနဲ႔ပဲ ထိုင္ထိုင္ ကြန္ပ်ဴတာေရွ႕မွာ ထုိင္ျပီးအလုပ္လုပ္တဲ့သူေတြ

အတြက္ ေၾကာရိုးတစ္ေလွ်ာက္ဟာ နာက်င္တတ္ ပါတယ္။ အသက္အရြယ္ငယ္တုန္းက မသိသာေပမယ့္ ၄၀ ေက်ာ္ေနာင္းပိုင္းကာလမွာ ေက်ာရိုးကိုက္ခဲ တဲ့ ေဝဒနာဟာ ၾကီးမား တဲ့ ျပႆနာတစ္ခု ျဖစ္လာႏိုင္ပါတယ္။

ကာကြယ္နည္း
ပထမ တစ္ခ်က္ျဖစ္တဲ့ အျမင္အာရံုအတြက္ေတာ့ ကြန္ပ်ဴတာကို ၾကာၾကာဆုိက္ၾကည့္ျပီး မိနစ္ ၂၀၊ နာရီဝက္ တိုင္း ဖန္သားျပင္ မဟုတ္တဲ့ အျခားတစ္ေနရာတစ္ခုခုကို ၾကည့္ရွုသင့္ပါတယ္။ မ်က္ေတာင္ခတ္ေပး ရပါမယ္။ နည္းနည္းခပ္ေဝးေဝး အရာဝတၳဳတစ္ခုခုကို စိုက္ၾကည့္ရပါတယ္။ ၄၅ မိနစ္ၾကာတစ္ခါ ျပဳလုပ္လည္း ရပါတယ္။

နံပါတ္၂ ၾကြက္သား အားနည္းမွုနဲ႔ နံပါတ္ ၃ RSI အတြက္ကေတာ့ အားကစားအနည္းငယ္လုပ္ေပးျခင္းနဲ႔ အိပ္ျခင္းျဖစ္ပါတယ္။ အိပ္ျခင္းဆိုတာ ေျခလက္၊ေၾကာရိုးမ်ားကို ဆန္႔ျပီး အိပ္တာမ်ိဳးကို ဆိုလိုပါတယ္။ အားကစားက ၾကြက္သားေတြကို သန္မာလာေစျပီး အိပ္စက္ျခင္းက ခႏၶာကိုယ္ၾကြက္သားတင္း မာေနမွုေတြ ကို ေလ်ာ့ခ်ေပး ပါတယ္။

Mental side effect အတြက္ကေတာ့ ေပါင္းသင္းဆက္ဆံေရးေတြ၊ လုပ္ငန္းခြင္ေတြမွာ မလစ္ဟင္းဖို႔၊ အာရံုမ်ားမ်ား စိုက္ရတဲ့ Program, ဂိမ္းတို႔မွာ နားနားျပီး အသံုးျပဳ၊ လုပ္ေဆာင္၊ ေဆာ့ကစား ေပးဖို႔ ျဖစ္ ပါတယ္။

Back Problems အတြက္ကေတာ့ ေၾကာရိုးကို ေပ်ာ့ေျပာင္းေစမယ့္ အားကစားတစ္ခုခု လုပ္ေပးျခင္း၊ ေၾကာရိုးဆန္႔ အိပ္ျခင္းတို႔ ျပဳလုပ္ေပးရ မွာ ျဖစ္ပါတယ္။ အားကစားကေတာ့ ေရကူးတာမ်ိဳး၊ ဘတ္စကတ္ေဘာ ေဆာ့တာမ်ိဳးတို႔ ျဖစ္ပါတယ္။ အလြယ္ဆံုးကေတာ့ အေၾကာဆန္႔ျခင္း ျဖစ္ပါတယ္။ ဒါက အခ်ိန္သီးသန္႔ေပးစရာ မလိုပဲ ေနရာတိုင္းမွာ အဆင္ေျပသလို လုပ္ေဆာင္ႏိုင္ပါတယ္။

Credit : lwin pyin


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကွန်ပျူတာ ကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ Decreasing eyesight

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

၂။ Muscle weakening
ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။

၃။ RSI (Repetitive strain injury)

ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေ ရမှုကြောင့် အမြဲတမ်းအသုံးပြုနေရတဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။ ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။

၄။ Menal side effects

ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့အတွက် တကယ့်အပြင် လူမှုဆက်ဆံရေးမှာ ပြောင်းလဲမှုတွေ ရှိလာ ပါတယ်။ Facebook, G-talk တို့လို ဘယ်လောက် ဆိုရှယ်ဝဘ်ဆိုဒ်, ကွန်ရက်တွေသုံးသုံး တကယ့်အပြင် လူမူကွန်ရက်နဲ့ Face to Face ပြောဆိုဆက်ဆံရတာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်၊ ပေါင်းသင်း၊ ဆက်ဆံရေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဂိမ်းအဆော့များတဲ့သူတွေ ပိုပြီး သတိထားရမယ့် အချက် ဖြစ်ပါတယ်။ အချိန်ကြာကြာ အသုံးပြုတဲ့အခါ အာရုံဟာ အရာဝတ္ထုတစ်ခုတည်းမှာ စုစည်းနေတတ်ပြီး ယင်းအရာဝတ္ထုရဲ့ ပြောင်းလဲမှုအလိုက် စိတ်က ပြောင်းလဲနိုင်တဲ့အတွက် ဖြစ်ပါတယ်။

၅။ Back Problems
ခါးနာတာကတော့ ဖြစ်ကိုဖြစ်မယ့် ရောဂါဝေဒနာပါ။ ဘယ်လောက် သက်တောင့်သက်တာ ဖြစ်တဲ့ ထိုင်ခုံနဲ့ပဲ ထိုင်ထိုင် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေ

အတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ် ပါတယ်။ အသက်အရွယ်ငယ်တုန်းက မသိသာပေမယ့် ၄၀ ကျော်နောင်းပိုင်းကာလမှာ ကျောရိုးကိုက်ခဲ တဲ့ ဝေဒနာဟာ ကြီးမား တဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

ကာကွယ်နည်း
ပထမ တစ်ချက်ဖြစ်တဲ့ အမြင်အာရုံအတွက်တော့ ကွန်ပျူတာကို ကြာကြာဆိုက်ကြည့်ပြီး မိနစ် ၂၀၊ နာရီဝက် တိုင်း ဖန်သားပြင် မဟုတ်တဲ့ အခြားတစ်နေရာတစ်ခုခုကို ကြည့်ရှုသင့်ပါတယ်။ မျက်တောင်ခတ်ပေး ရပါမယ်။ နည်းနည်းခပ်ဝေးဝေး အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ရပါတယ်။ ၄၅ မိနစ်ကြာတစ်ခါ ပြုလုပ်လည်း ရပါတယ်။

နံပါတ်၂ ကြွက်သား အားနည်းမှုနဲ့ နံပါတ် ၃ RSI အတွက်ကတော့ အားကစားအနည်းငယ်လုပ်ပေးခြင်းနဲ့ အိပ်ခြင်းဖြစ်ပါတယ်။ အိပ်ခြင်းဆိုတာ ခြေလက်၊ကြောရိုးများကို ဆန့်ပြီး အိပ်တာမျိုးကို ဆိုလိုပါတယ်။ အားကစားက ကြွက်သားတွေကို သန်မာလာစေပြီး အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြွက်သားတင်း မာနေမှုတွေ ကို လျော့ချပေး ပါတယ်။

Mental side effect အတွက်ကတော့ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ငန်းခွင်တွေမှာ မလစ်ဟင်းဖို့၊ အာရုံများများ စိုက်ရတဲ့ Program, ဂိမ်းတို့မှာ နားနားပြီး အသုံးပြု၊ လုပ်ဆောင်၊ ဆော့ကစား ပေးဖို့ ဖြစ် ပါတယ်။

Back Problems အတွက်ကတော့ ကြောရိုးကို ပျော့ပြောင်းစေမယ့် အားကစားတစ်ခုခု လုပ်ပေးခြင်း၊ ကြောရိုးဆန့် အိပ်ခြင်းတို့ ပြုလုပ်ပေးရ မှာ ဖြစ်ပါတယ်။ အားကစားကတော့ ရေကူးတာမျိုး၊ ဘတ်စကတ်ဘော ဆော့တာမျိုးတို့ ဖြစ်ပါတယ်။ အလွယ်ဆုံးကတော့ အကြောဆန့်ခြင်း ဖြစ်ပါတယ်။ ဒါက အချိန်သီးသန့်ပေးစရာ မလိုပဲ နေရာတိုင်းမှာ အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။


Credit : lwin pyin




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top