iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႕တာမွာ အလုပ္သြားေနရင္း၊ ေက်ာင္းသြားရင္း၊ အလုပ္လုပ္ေနရင္း ဒါမွမဟုတ္ အိမ္ျပန္ခ်ိန္ေတြမွာ ျဖစ္ျဖစ္ မိမိနားၾကပ္ကို အသုံးျပဳမိၾကပါလိမ့္မယ္။ နားၾကပ္ကို အိတ္ထဲ ဆြဲထုတ္၊ ျပန္ထည့္လုပ္တဲ့ အၾကိမ္ေပါင္းမ်ားစြာမွာ နားၾကပ္ကို သန္႔ရွင္းေအာင္ ထားဖုိ႔အေရးေတာ့ စဥ္းစားမိမွာ မဟုတ္ပါဘူး။ အံ့အားသင့္စရာ မရိွတာက နားၾကပ္ကုိမွ်သုံးပါက ဘက္တီးရီးယားပိုးေတြ ကူးစက္ႏုိင္တာကိုပါ။

တခ်ဳိ႕ကိစၥေတြမွာ နားရြက္ေရာဂါကူးစက္မႈေတာင္ ျဖစ္ပြားေစႏုိင္ပါတယ္။ နားၾကပ္ေတြ သန္႔ရွင္းေစဖုိ႔သာ လုိအပ္ပါတယ္။ ဒီေတာ့ အေကာင္းဆုံးနည္းလမ္းက ဘာျဖစ္မလဲ။ ရွင္းပါတယ္ နားၾကပ္ကို ပန္းကန္ေဆးစက္ထဲ ထည့္ေဆးလုိက္လုိ႔ မရပါဘူး။ သင့္ေတာ္မွန္ကန္တဲ့ နားရြက္သန္႔စင္နည္း အၾကံျပဳခ်က္တခ်ဳိ႕ကို ေဖာ္ျပေပးလုိက္ပါတယ္။

ဆပ္ျပာနဲ႔ ေရေႏြးတုိ႔လုိ ႏူးညံ့တဲ့ သန္႔ရွင္းေရးကိရိယာတစ္ခုခု သုံးပါ။ ၾကီးၾကီးမားမား စဥ္းစားစရာမလုိပါဘူး။ ပန္းကန္ေဆးဆပ္ျပာနဲ႔ ေရေရာစပ္ပါ။

ဆပ္ျပာရည္အနည္းငယ္နဲ႔ အဝတ္စႏူးႏူးညံ့ညံ့ေလးတစ္ခု သုံးရပါမယ္။ ဆပ္ျပာမ်ားလြန္းတာက နားၾကပ္မွာ ဆပ္ျပာေတြ ကပ္က်န္ရစ္ေစႏုိင္ျပီး ေရမ်ားလြန္းတာကလည္း… ေျပာစရာေတာင္မလုိပါဘူး။ နားၾကပ္ရဲ႕ သတၱဳကိုယ္ထည္ပုိင္းမွာ အညစ္အေၾကး၊ ဖုန္ေတြ မ်ားေနပါက သြားပြတ္တံေလးနဲ႔ တုိက္ၾကည့္ပါ။

Apple နားၾကပ္လုိ နားၾကပ္တခ်ဳိ႕ဟာ ျဖဳတ္တပ္ လွဲလွယ္ႏိုင္တဲ့ ဆီလီကြန္အစြပ္ေလးေတြ တြဲပါပါတယ္။ ဒ့ါေၾကာင့္ ျဖဳတ္ယူျပီး သန္႔ရွင္းေရး သပ္သပ္လုပ္ေပးပါ။ ဘယ္ေတာ့မွ ေရထဲ သြားမႏွစ္လုိက္ပါနဲ႔။ အဲ့ဒါဟာ ဖ်က္ဆီးပစ္လိုက္တာနဲ႕ အတူတူပါပဲ။ ဒါ့အျပင္ စက္ကေန ျဖဳတ္ျပီးမွသာ  နားၾကပ္ကို သန္႔ရွင္းေရးလုပ္ဖုိ႔ ကလည္း အေရးၾကီးပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်နေ့တာမှာ အလုပ်သွားနေရင်း၊ ကျောင်းသွားရင်း၊ အလုပ်လုပ်နေရင်း ဒါမှမဟုတ် အိမ်ပြန်ချိန်တွေမှာ ဖြစ်ဖြစ် မိမိနားကြပ်ကို အသုံးပြုမိကြပါလိမ့်မယ်။ နားကြပ်ကို အိတ်ထဲ ဆွဲထုတ်၊ ပြန်ထည့်လုပ်တဲ့ အကြိမ်ပေါင်းများစွာမှာ နားကြပ်ကို သန့်ရှင်းအောင် ထားဖို့အရေးတော့ စဉ်းစားမိမှာ မဟုတ်ပါဘူး။ အံ့အားသင့်စရာ မရှိတာက နားကြပ်ကိုမျှသုံးပါက ဘက်တီးရီးယားပိုးတွေ ကူးစက်နိုင်တာကိုပါ။

တချို့ကိစ္စတွေမှာ နားရွက်ရောဂါကူးစက်မှုတောင် ဖြစ်ပွားစေနိုင်ပါတယ်။ နားကြပ်တွေ သန့်ရှင်းစေဖို့သာ လိုအပ်ပါတယ်။ ဒီတော့ အကောင်းဆုံးနည်းလမ်းက ဘာဖြစ်မလဲ။ ရှင်းပါတယ် နားကြပ်ကို ပန်းကန်ဆေးစက်ထဲ ထည့်ဆေးလိုက်လို့ မရပါဘူး။ သင့်တော်မှန်ကန်တဲ့ နားရွက်သန့်စင်နည်း အကြံပြုချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဆပ်ပြာနဲ့ ရေနွေးတို့လို နူးညံ့တဲ့ သန့်ရှင်းရေးကိရိယာတစ်ခုခု သုံးပါ။ ကြီးကြီးမားမား စဉ်းစားစရာမလိုပါဘူး။ ပန်းကန်ဆေးဆပ်ပြာနဲ့ ရေရောစပ်ပါ။

ဆပ်ပြာရည်အနည်းငယ်နဲ့ အဝတ်စနူးနူးညံ့ညံ့လေးတစ်ခု သုံးရပါမယ်။ ဆပ်ပြာများလွန်းတာက နားကြပ်မှာ ဆပ်ပြာတွေ ကပ်ကျန်ရစ်စေနိုင်ပြီး ရေများလွန်းတာကလည်း… ပြောစရာတောင်မလိုပါဘူး။ နားကြပ်ရဲ့ သတ္တုကိုယ်ထည်ပိုင်းမှာ အညစ်အကြေး၊ ဖုန်တွေ များနေပါက သွားပွတ်တံလေးနဲ့ တိုက်ကြည့်ပါ။

Apple နားကြပ်လို နားကြပ်တချို့ဟာ ဖြုတ်တပ် လှဲလှယ်နိုင်တဲ့ ဆီလီကွန်အစွပ်လေးတွေ တွဲပါပါတယ်။ ဒ့ါကြောင့် ဖြုတ်ယူပြီး သန့်ရှင်းရေး သပ်သပ်လုပ်ပေးပါ။ ဘယ်တော့မှ ရေထဲ သွားမနှစ်လိုက်ပါနဲ့။ အဲ့ဒါဟာ ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပါပဲ။ ဒါ့အပြင် စက်ကနေ ဖြုတ်ပြီးမှသာ  နားကြပ်ကို သန့်ရှင်းရေးလုပ်ဖို့ ကလည်း အရေးကြီးပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top