iMyanmarHouse.com - Best Property Website for Myanmar
×

မိခင္ျဖစ္လာရန္ ေမွ်ာ္လင့္ေနသူမ်ား အသီးအႏွံမ်ားစားသံုးျခင္းေၾကာင့္ ျဖစ္ေပၚလာမည့္ ယခင္က မသိခဲ့ေသာ အက်ိဳးေက်းဇူးမ်ားကုိ ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ထုတ္ခဲ့သည္။

တစ္ေန႔ ပန္းသီးတစ္လံုးစားလွ်င္ ဆရာ၀န္ႏွင့္ ေ၀းသည္ဆုိေသာ ေရွးဆုိစကားတစ္ခုကုိ လူအမ်ားၾကားဖူးၾကသည္။ ယင္းမွာ မွန္ကန္ေသာ ဆုိ႐ုိးစကားျဖစ္ၿပီး ပန္းသီးမ်ားဟုတ္ဘဲ သစ္သီးမ်ားစားသံုးေပးျခင္းေၾကာင့္ ႏွလံုးေရာဂါႏွင့္ ေလျဖတ္ျခင္းတို႔ကဲ့သုိ႔ က်န္းမာေရးအေျခအေနအမ်ိဳးမ်ိဳးအတြက္ အႏၲရာယ္မ်ားကုိ ေလွ်ာ့ခ်ေပးႏုိင္ေၾကာင္း ေကာင္းစြာသိထားၾကသည္။ သုိ႔ေသာ္ ယခု ေလ့လာမႈအသစ္တစ္ရပ္က မိခင္၀မ္းဗိုက္ထဲ၌ရိွေနခ်ိန္ အေစာဆံုးအခ်ိန္မွာပင္ သစ္သီးမ်ား စားသံုးျခင္းေၾကာင့္ ရရိွႏုိင္မည့္ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားကို ေဖာ္ျပထားသည္။

Bbio Medicine ဂ်ာနယ္တြင္ ေဖာ္ျပထားသည့္ ယင္းေလ့လာမႈက ကုိယ္၀န္ေဆာင္ခ်ိန္အတြင္း သစ္သီးမ်ား ပုိမုိစားသံုးသည့္မိခင္မ်ားသည္ အသက္တစ္ႏွစ္အရြယ္တြင္ ဉာဏ္ရည္ဖြံ႕ၿဖိဳးမႈ ပိုမိုေကာင္းမြန္ေသာ ကေလးငယ္မ်ား ေမြးဖြားေၾကာင္း ေလ့လာေတြ႕ရိွသည္။

ယခုေလ့လာမႈကုိ အယ္လ္ဘာတာေဆး၀ါးႏွင့္ သြားဘက္ဆုိင္ရာတကၠသုိလ္မွ ကေလးအထူးကု လက္ေထာက္ပါေမာကၡ ပီယု႔ခ်္မန္ဟိန္း ဦးေဆာင္ေသာ သုေတသီအဖြဲ႕က ျပဳလုပ္ခဲ့ၿပီး ကေနဒါႏုိင္ငံရိွ ကေလးငယ္ ၃,၅၀၀ ေက်ာ္ႏွင့္ ၎တုိ႔၏ မိသားစု၀င္မ်ား ပါ၀င္သည္။

မိခင္မ်ား သစ္သီးပုိမုိစားသံုးေလ ေမြးလာသည့္ ကေလးငယ္ ၏ စဥ္းစားေတြးေတာမႈ မွတ္ဉာဏ္ဖြံ႕ၿဖိဳးမႈ ပိုျမင့္မားေလျဖစ္ေၾကာင္းသုေတသီမ်ားကေျပာသည္။

သမား႐ုိးက်မွတ္ဉာဏ္စစ္ေဆးမႈနည္းလမ္းျဖင့္ စစ္ေဆးရာတြင္ တစ္ေန႔လွ်င္ သစ္သီးေျခာက္လံုး (သုိ႔မဟုတ္) ခုနစ္လံုး (သို႔မဟုတ္) သစ္သီးေဖ်ာ္ရည္တစ္ခြက္ေသာက္သံုးေသာ ကုိယ္၀န္ေဆာင္မ်ားမွ ေမြးဖြားလာသည့္ ကေလးငယ္မ်ားသည္ အသက္တစ္ႏွစ္ အရြယ္တြင္ မွတ္ဉာဏ္  (၆)မွတ္ (သို႔မဟုတ္) (၇)မွတ္ ပုိမိုဖြံ႕ၿဖိဳး ေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရိွခဲ့သည္။

ကေလးမ်ား မိခင္၀မ္းထဲတြင္ ပုိမုိၾကာရွည္စြာရိွေနသေရြ႕ ၎ တို႔ ဆက္လက္ဖြံ႕ၿဖိဳးတုိးတက္ၿပီး တစ္ေန႔လွ်င္ သစ္သီးတစ္လံုးစီ စားသံုးေပးျခင္းေၾကာင့္ ကေလးငယ္ေမြးဖြားလာစဥ္ တူညီေသာ အက်ဳိးေက်းဇူးမ်ား ေပးႏုိင္ေၾကာင္း သုေတသီမ်ားက ေျပာၾကား သည္။       
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : 7day daily

#Unicode Version

 မိခင်ဖြစ်လာရန် မျှော်လင့်နေသူများ အသီးအနှံများစားသုံးခြင်းကြောင့် ဖြစ်ပေါ်လာမည့် ယခင်က မသိခဲ့သော အကျိုးကျေးဇူးများကို လေ့လာမှုအသစ်တစ်ရပ်က ဖော်ထုတ်ခဲ့သည်။

တစ်နေ့ ပန်းသီးတစ်လုံးစားလျှင် ဆရာဝန်နှင့် ဝေးသည်ဆိုသော ရှေးဆိုစကားတစ်ခုကို လူအများကြားဖူးကြသည်။ ယင်းမှာ မှန်ကန်သော ဆိုရိုးစကားဖြစ်ပြီး ပန်းသီးများဟုတ်ဘဲ သစ်သီးများစားသုံးပေးခြင်းကြောင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကဲ့သို့ ကျန်းမာရေးအခြေအနေအမျိုးမျိုးအတွက် အန္တရာယ်များကို လျှော့ချပေးနိုင်ကြောင်း ကောင်းစွာသိထားကြသည်။ သို့သော် ယခု လေ့လာမှုအသစ်တစ်ရပ်က မိခင်ဝမ်းဗိုက်ထဲ၌ရှိနေချိန် အစောဆုံးအချိန်မှာပင် သစ်သီးများ စားသုံးခြင်းကြောင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြထားသည်။

Bbio Medicine ဂျာနယ်တွင် ဖော်ပြထားသည့် ယင်းလေ့လာမှုက ကိုယ်ဝန်ဆောင်ချိန်အတွင်း သစ်သီးများ ပိုမိုစားသုံးသည့်မိခင်များသည် အသက်တစ်နှစ်အရွယ်တွင် ဉာဏ်ရည်ဖွံ့ဖြိုးမှု ပိုမိုကောင်းမွန်သော ကလေးငယ်များ မွေးဖွားကြောင်း လေ့လာတွေ့ရှိသည်။

ယခုလေ့လာမှုကို အယ်လ်ဘာတာဆေးဝါးနှင့် သွားဘက်ဆိုင်ရာတက္ကသိုလ်မှ ကလေးအထူးကု လက်ထောက်ပါမောက္ခ ပီယု့ချ်မန်ဟိန်း ဦးဆောင်သော သုတေသီအဖွဲ့က ပြုလုပ်ခဲ့ပြီး ကနေဒါနိုင်ငံရှိ ကလေးငယ် ၃,၅၀၀ ကျော်နှင့် ၎င်းတို့၏ မိသားစုဝင်များ ပါဝင်သည်။

မိခင်များ သစ်သီးပိုမိုစားသုံးလေ မွေးလာသည့် ကလေးငယ် ၏ စဉ်းစားတွေးတောမှု မှတ်ဉာဏ်ဖွံ့ဖြိုးမှု ပိုမြင့်မားလေဖြစ်ကြောင်းသုတေသီများကပြောသည်။

သမားရိုးကျမှတ်ဉာဏ်စစ်ဆေးမှုနည်းလမ်းဖြင့် စစ်ဆေးရာတွင် တစ်နေ့လျှင် သစ်သီးခြောက်လုံး (သို့မဟုတ်) ခုနစ်လုံး (သို့မဟုတ်) သစ်သီးဖျော်ရည်တစ်ခွက်သောက်သုံးသော ကိုယ်ဝန်ဆောင်များမှ မွေးဖွားလာသည့် ကလေးငယ်များသည် အသက်တစ်နှစ် အရွယ်တွင် မှတ်ဉာဏ်  (၆)မှတ် (သို့မဟုတ်) (၇)မှတ် ပိုမိုဖွံ့ဖြိုး ကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

ကလေးများ မိခင်ဝမ်းထဲတွင် ပိုမိုကြာရှည်စွာရှိနေသရွေ့ ၎င်း တို့ ဆက်လက်ဖွံ့ဖြိုးတိုးတက်ပြီး တစ်နေ့လျှင် သစ်သီးတစ်လုံးစီ စားသုံးပေးခြင်းကြောင့် ကလေးငယ်မွေးဖွားလာစဉ် တူညီသော အကျိုးကျေးဇူးများ ပေးနိုင်ကြောင်း သုတေသီများက ပြောကြား သည်။        

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : 7day daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top