iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ားရည္နဲ႔ သစ္ၾကံပိုးေခါက္ (Honey and Cinnamon) ကို ထည့္သြင္းၿပီး ေရေႏြးအျဖစ္ေသာက္သံုးျခင္းဟာ ကိုယ္အေလးခ်ိန္ေလ်ာ့က်လိုသူေတြအတြက္ ထိထိေရာက္ေရာက္ အကူအညီျဖစ္ေစပါတယ္။ သဘာဝနည္းနဲ႔ပဲ ဝိတ္က်ေအာင္လုပ္တာမို႔ ပိန္ေဆးေတြေသာက္တာလိုမ်ိဳး ေဘးအႏၱရာယ္လည္း မ႐ွိပါဘူး။

ပ်ားရည္နဲ႔သစ္ၾကံပိုးေခါက္ ေရာစပ္ထည့္သြင္းထားတဲ့ ေရေႏြးၾကမ္းကို မနက္ပိုင္းမွာေသာက္မယ္ဆုိ ပိုၿပီးအာနိသင္ထိေရာက္တယ္လို႔ အာဟာရပညာ႐ွင္ေတြက ဆုိပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ပ်ားရည္သစ္ၾကံပိုးေခါက္ ေရေႏြးၾကမ္းကို ေစာေစာစီးစီးေသာက္ထားရင္ ဆာေလာင္မႈေလ်ာ့ပါးသြားလို႔ ေန႔လယ္ဘက္နဲ႔ညဘက္ေတြမွာ အစားသိပ္မစားျဖစ္ေတာ့ဘူးေလ။

ပ်ားရည္ေရာ သစ္ၾကံပိုးေခါက္မွာပါ ပါဝင္တဲ့ဂုဏ္သတၱိေတြက ကိုယ္ရည္စစ္ဖုိ႔အတြက္ အေထာက္အကူျပဳတာမို႕ ႏွစ္မ်ိဳးလံုးကိုေပါင္းစပ္ျခင္းဟာ ပိုမိုထိေရာက္တာအမွန္ပါပဲ။ ပ်ားရည္က ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္ပ်က္မႈျဖစ္စဥ္ကို ျမႇင့္တင္ေပးၿပီး ခႏၶာကိုယ္ထဲကအဆီေတြကို ေလာင္ကၽြမ္းမႈအားေကာင္းေစပါတယ္။ သစ္ၾကံပိုးေခါက္ကေတာ့ ေသြးတြင္းရွိသၾကားဓာတ္ကို ထိန္းညႇိေပးပါတယ္။ ေသြးထဲမွာသၾကားဓာတ္ပါဝင္မႈက တည္ၿငိမ္ေနမယ္ဆိုရင္ အဆီေတြတိုးမလာေတာ့ဘူးေပါ့။

ျပဳလုပ္နည္း - ေရေႏြးတစ္ခြက္ကို ပ်ားရည္စစ္စစ္ လက္ဖက္စားဇြန္းတစ္ဇြန္းနဲ႔ သစ္ၾကံပိုးေခါက္အမႈန္႔ လက္ဖက္စားဇြန္း တစ္ဇြန္းႏႈန္း ထည့္သြင္းရမွာပါ။ ပထမဆုံုးအေနနဲ႔ ခြက္ထဲကို သစ္ၾကံပိုးေခါက္အမႈန္႔အရင္ဆံုးထည့္ပါ။ ေရေႏြးဆူဆူေလာင္းထည့္ပါ။ ၁၅ မိနစ္ေလာက္ အဖံုးအုပ္ထားလိုက္ပါဦး။ ၿပီးေတာ့မွ ေအးသြားတဲ့ေရေႏြးထဲကို ပ်ားရည္ထည့္လိုက္ရမွာ ျဖစ္ပါတယ္။


Credit : duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပျားရည်နဲ့ သစ်ကြံပိုးခေါက် (Honey and Cinnamon) ကို ထည့်သွင်းပြီး ရေနွေးအဖြစ်သောက်သုံးခြင်းဟာ ကိုယ်အလေးချိန်လျော့ကျလိုသူတွေအတွက် ထိထိရောက်ရောက် အကူအညီဖြစ်စေပါတယ်။ သဘာဝနည်းနဲ့ပဲ ဝိတ်ကျအောင်လုပ်တာမို့ ပိန်ဆေးတွေသောက်တာလိုမျိုး ဘေးအန္တရာယ်လည်း မရှိပါဘူး။

ပျားရည်နဲ့သစ်ကြံပိုးခေါက် ရောစပ်ထည့်သွင်းထားတဲ့ ရေနွေးကြမ်းကို မနက်ပိုင်းမှာသောက်မယ်ဆို ပိုပြီးအာနိသင်ထိရောက်တယ်လို့ အာဟာရပညာရှင်တွေက ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျားရည်သစ်ကြံပိုးခေါက် ရေနွေးကြမ်းကို စောစောစီးစီးသောက်ထားရင် ဆာလောင်မှုလျော့ပါးသွားလို့ နေ့လယ်ဘက်နဲ့ညဘက်တွေမှာ အစားသိပ်မစားဖြစ်တော့ဘူးလေ။

ပျားရည်ရော သစ်ကြံပိုးခေါက်မှာပါ ပါဝင်တဲ့ဂုဏ်သတ္တိတွေက ကိုယ်ရည်စစ်ဖို့အတွက် အထောက်အကူပြုတာမို့ နှစ်မျိုးလုံးကိုပေါင်းစပ်ခြင်းဟာ ပိုမိုထိရောက်တာအမှန်ပါပဲ။ ပျားရည်က ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ထဲကအဆီတွေကို လောင်ကျွမ်းမှုအားကောင်းစေပါတယ်။ သစ်ကြံပိုးခေါက်ကတော့ သွေးတွင်းရှိသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ သွေးထဲမှာသကြားဓာတ်ပါဝင်မှုက တည်ငြိမ်နေမယ်ဆိုရင် အဆီတွေတိုးမလာတော့ဘူးပေါ့။

ပြုလုပ်နည်း - ရေနွေးတစ်ခွက်ကို ပျားရည်စစ်စစ် လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းနှုန်း ထည့်သွင်းရမှာပါ။ ပထမဆုံးအနေနဲ့ ခွက်ထဲကို သစ်ကြံပိုးခေါက်အမှုန့်အရင်ဆုံးထည့်ပါ။ ရေနွေးဆူဆူလောင်းထည့်ပါ။ ၁၅ မိနစ်လောက် အဖုံးအုပ်ထားလိုက်ပါဦး။ ပြီးတော့မှ အေးသွားတဲ့ရေနွေးထဲကို ပျားရည်ထည့်လိုက်ရမှာ ဖြစ်ပါတယ်။


Credit : duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top