iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတေလ မိသားစုထဲမွာ ကုိယ့္ရဲ႕သားသမီးက ငယ္ေသးေပမယ့္ စိတ္ ကစားၿပီး ရည္းစားထားေနတာမ်ိဳး မိဘေတြၾကံဳဖူးၾကမယ္ထင္ပါတယ္။ သမီးရည္းစားထားရမယ့္အရြယ္မဟုတ္ေသးဘဲ ေက်ာင္းေနစဥ္အရြယ္မွာ ခ်စ္သူရွိေနတာမ်ိဳး၊ ရည္းစားေတြထားေနတာမ်ိဳး မိဘေတြၾကံဳတဲ့အခါမွာ ထိတ္လန္႔အံ့ၾသၿပီး သားသမီးေတြကို ရိုက္ႏွက္လိုက္တာမ်ိဳး၊ ေအာ္ဟစ္ဆူပူလိုက္တာမ်ိဳး မလုပ္သင့္ပါဘူး။ ကေလးေတြက စိတ္ကစားတဲ့အရြယ္ျဖစ္တာေၾကာင့္ အသစ္အဆန္းကို စူးစမ္းခ်င္ၾကပါတယ္။ တခ်ိဳ႕ ၁၃ ႏွစ္၊ ၁၄ ႏွစ္အရြယ္ေတြမွာ ရည္းစားထားတယ္ဆုိတာေတြ ၾကားဖူးပါတယ္။ ဒီလိုျဖစ္တတ္တာေတြဟာ အေနနီးလို႔ ျဖစ္တတ္ၾကတာပါ။ တခ်ိဳ႕ဆို တစ္ေက်ာင္းထဲ၊ တစ္ခန္းထဲ၊ က်ဴရွင္တစ္ခုထဲတက္ေနၾကတဲ့သူေတြျဖစ္ရင္ ပုိၿပီးစိတ္ကစားတတ္ၾကပါတယ္။ စူးစမ္းခ်င္တတ္ၾကပါတယ္။ ဒါေၾကာင့္ ကုိယ့္ရဲ႕သားသမီးေတြ အဲဒီအရြယ္မွာ ရည္းစားထားေနၿပီလို႔သိရရင္ သူတို႔ကို ကိုင္တြယ္တတ္ဖို႔၊ ဆံုးမတတ္ဖို႔ အေရးႀကီးပါတယ္။

1. ငယ္ရြယ္တဲ့ သား/ သမီး တစ္ေယာက္ေယာက္ ရည္းစားနဲ႔ခ်ိန္းေတြ႔ေနတာေတြ႔ရင္ ေအာ္ဟစ္ဆူပူေသာင္းက်န္းလိုက္တာမ်ိဳး မလုပ္ပါနဲ႔။

2. တစ္ဖက္က ေကာင္ေလး / ေကာင္မေလးကို ေအာ္ဟစ္ေျပာဆိုလိုက္တာမ်ိဳး ကိုယ့္ရဲ႕သားသမီးေရွ႕မွာ မလုပ္မိပါေစနဲ႔။

3. ဒါဟာ သူတို႔ႏွစ္ေယာက္ကုိ ပုိၿပီး မိုက္ရူးရဲဆန္ဖို႔ တြန္းအားေပးလိုက္သလိုျဖစ္ေစပါတယ္။

4. ကိုယ့္ရဲ႕ေဒါသေၾကာင့္ သား / သမီးေတြ အရွက္ရသြားေစမယ့့္ အျပဳအမူေတြ မလုပ္မိေစဖို႔

အေရးႀကီးပါတယ္။

5. ကိုယ့္ရဲ႕ သား / သမီးကို ေအးေအးေဆးေဆး နားလည္ေအာင္ေျပာျပပါ။ ဆံုးမေပးပါ။ ေျပေျပလည္လည္ ဆက္ဆံေပးပါ။

6. ဒီလိုအရြယ္မွာ ရည္းစားမထားသင့္ေၾကာင့္ သူတို႔နားလည္ေအာင္ေျပာျပေပးပါ။

7. ကုိယ့္ရဲ႕ သား / သမီး စိတ္ကုိ နားလည္ေအာင္ ႀကိဳးစားေပးပါ။ သူတုိ႔နဲ႔ လိုက္ေလ်ာညီေထြရွိေအာင္ ေနေပးပါ။

8. အဲဒီလို ျပႆနာေတြၾကံဳလာတဲ့အခါ မိဘႏွစ္ေယာက္စလံုးက ကေလးေတြကို ဆူပူတာမ်ိဳးမလုပ္မိပါေစနဲ႔။ အဲဒီလို မိဘႏွစ္ေယာက္စလံုး ဆူပူလိုက္ျခင္းေၾကာင့္ စိတ္ထိခိုက္သြားႏုိင္ပါတယ္။

9. အေကာင္းဆံုးကေတာ့ ကုိယ့္ရဲ႕သားသမီးကို ေျပာျပတဲ့အခါ အေမေတြက ေအးေအးေဆးေဆး ေျပာျပသင့္ပါတယ္။ မ်ားေသာအားျဖင့္ အေဖေတြဟာ ေဒါသႀကီးၿပီး လက္ပါတတ္တာေၾကာင့္ပါ။
တကယ္ေတာ့ သူတို႔ေလးေတြဟာ ငယ္ရြယ္ေသးတာေၾကာင့္ အက်ိဳးသင့္အေၾကာင္းသင့္ ေျပာျပဆံုးမလို႔ လြယ္ကူပါတယ္။ အဲဒီလို မဟုတ္ဘဲ ကုိယ့္ရဲ႕သားသမီးက မႀကိဳက္တာတစ္ခုလုပ္လိုက္လို႔ သူတို႔ကို ရုိက္ႏွက္လိုက္တာမ်ိဳး၊ ေအာ္ဟစ္ဆူပူလိုက္တာမ်ိဳး၊ မခံခ်င္ေအာင္ေျပာလိုက္တာမ်ိဳးေတြက သူတို႔ရဲ႕စိတ္ကုိ အနာတရျဖစ္ေစပါတယ္။ မေကာင္းတာေတြ တစ္ခုၿပီးတစ္ခု လုပ္ဖို႔ သူတို႔ရဲ႕စိတ္ကုိ တြန္းအားေပးလုိက္သလိုလည္း ျဖစ္ေစပါတယ္။ ဒါေၾကာင့္ မိမိရဲဲ႕မိသားစုဝင္ထဲမွာ သားသမီးေတြက မႀကိဳက္တာတစ္ခုလုပ္မိခဲ့ရင္ အလိမ္မာနည္းနဲ႔ သင္ျပ၊ ေျပာျပေပးဖို႔ လိုအပ္လွပါတယ္။


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:ေရႊေက်း(မိုမိုေလး)

#Unicode Version
တစ်ခါတလေ မိသားစုထဲမှာ ကိုယ့်ရဲ့သားသမီးက ငယ်သေးပေမယ့် စိတ် ကစားပြီး ရည်းစားထားနေတာမျိုး မိဘတွေကြုံဖူးကြမယ်ထင်ပါတယ်။ သမီးရည်းစားထားရမယ့်အရွယ်မဟုတ်သေးဘဲ ကျောင်းနေစဉ်အရွယ်မှာ ချစ်သူရှိနေတာမျိုး၊ ရည်းစားတွေထားနေတာမျိုး မိဘတွေကြုံတဲ့အခါမှာ ထိတ်လန့်အံ့သြပြီး သားသမီးတွေကို ရိုက်နှက်လိုက်တာမျိုး၊ အော်ဟစ်ဆူပူလိုက်တာမျိုး မလုပ်သင့်ပါဘူး။ ကလေးတွေက စိတ်ကစားတဲ့အရွယ်ဖြစ်တာကြောင့် အသစ်အဆန်းကို စူးစမ်းချင်ကြပါတယ်။ တချို့ ၁၃ နှစ်၊ ၁၄ နှစ်အရွယ်တွေမှာ ရည်းစားထားတယ်ဆိုတာတွေ ကြားဖူးပါတယ်။ ဒီလိုဖြစ်တတ်တာတွေဟာ အနေနီးလို့ ဖြစ်တတ်ကြတာပါ။ တချို့ဆို တစ်ကျောင်းထဲ၊ တစ်ခန်းထဲ၊ ကျူရှင်တစ်ခုထဲတက်နေကြတဲ့သူတွေဖြစ်ရင် ပိုပြီးစိတ်ကစားတတ်ကြပါတယ်။ စူးစမ်းချင်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့သားသမီးတွေ အဲဒီအရွယ်မှာ ရည်းစားထားနေပြီလို့သိရရင် သူတို့ကို ကိုင်တွယ်တတ်ဖို့၊ ဆုံးမတတ်ဖို့ အရေးကြီးပါတယ်။

1. ငယ်ရွယ်တဲ့ သား/ သမီး တစ်ယောက်ယောက် ရည်းစားနဲ့ချိန်းတွေ့နေတာတွေ့ရင် အော်ဟစ်ဆူပူသောင်းကျန်းလိုက်တာမျိုး မလုပ်ပါနဲ့။

2. တစ်ဖက်က ကောင်လေး / ကောင်မလေးကို အော်ဟစ်ပြောဆိုလိုက်တာမျိုး ကိုယ့်ရဲ့သားသမီးရှေ့မှာ မလုပ်မိပါစေနဲ့။

3. ဒါဟာ သူတို့နှစ်ယောက်ကို ပိုပြီး မိုက်ရူးရဲဆန်ဖို့ တွန်းအားပေးလိုက်သလိုဖြစ်စေပါတယ်။

4. ကိုယ့်ရဲ့ဒေါသကြောင့် သား / သမီးတွေ အရှက်ရသွားစေမယ့့် အပြုအမူတွေ မလုပ်မိစေဖို့

အရေးကြီးပါတယ်။

5. ကိုယ့်ရဲ့ သား / သမီးကို အေးအေးဆေးဆေး နားလည်အောင်ပြောပြပါ။ ဆုံးမပေးပါ။ ပြေပြေလည်လည် ဆက်ဆံပေးပါ။

6. ဒီလိုအရွယ်မှာ ရည်းစားမထားသင့်ကြောင့် သူတို့နားလည်အောင်ပြောပြပေးပါ။

7. ကိုယ့်ရဲ့ သား / သမီး စိတ်ကို နားလည်အောင် ကြိုးစားပေးပါ။ သူတို့နဲ့ လိုက်လျောညီထွေရှိအောင် နေပေးပါ။

8. အဲဒီလို ပြဿနာတွေကြုံလာတဲ့အခါ မိဘနှစ်ယောက်စလုံးက ကလေးတွေကို ဆူပူတာမျိုးမလုပ်မိပါစေနဲ့။ အဲဒီလို မိဘနှစ်ယောက်စလုံး ဆူပူလိုက်ခြင်းကြောင့် စိတ်ထိခိုက်သွားနိုင်ပါတယ်။

9. အကောင်းဆုံးကတော့ ကိုယ့်ရဲ့သားသမီးကို ပြောပြတဲ့အခါ အမေတွေက အေးအေးဆေးဆေး ပြောပြသင့်ပါတယ်။ များသောအားဖြင့် အဖေတွေဟာ ဒေါသကြီးပြီး လက်ပါတတ်တာကြောင့်ပါ။
တကယ်တော့ သူတို့လေးတွေဟာ ငယ်ရွယ်သေးတာကြောင့် အကျိုးသင့်အကြောင်းသင့် ပြောပြဆုံးမလို့ လွယ်ကူပါတယ်။ အဲဒီလို မဟုတ်ဘဲ ကိုယ့်ရဲ့သားသမီးက မကြိုက်တာတစ်ခုလုပ်လိုက်လို့ သူတို့ကို ရိုက်နှက်လိုက်တာမျိုး၊ အော်ဟစ်ဆူပူလိုက်တာမျိုး၊ မခံချင်အောင်ပြောလိုက်တာမျိုးတွေက သူတို့ရဲ့စိတ်ကို အနာတရဖြစ်စေပါတယ်။ မကောင်းတာတွေ တစ်ခုပြီးတစ်ခု လုပ်ဖို့ သူတို့ရဲ့စိတ်ကို တွန်းအားပေးလိုက်သလိုလည်း ဖြစ်စေပါတယ်။ ဒါကြောင့် မိမိရဲ့မိသားစုဝင်ထဲမှာ သားသမီးတွေက မကြိုက်တာတစ်ခုလုပ်မိခဲ့ရင် အလိမ်မာနည်းနဲ့ သင်ပြ၊ ပြောပြပေးဖို့ လိုအပ်လှပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:ရွှေကျေး(မိုမိုလေး)

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top