iMyanmarHouse.com - Best Property Website for Myanmar
×






Credit : thithtoolwin

#Unicode Version

 ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်သုံးခြင်းသည် ကိုယ်ဝန်ဆောင်သည်များထက် မွေးဖွားလာမည့် ကလေးငယ်၏ ကျောက်ကပ်နှင့် အဆုတ်ကို ပိုမိုထိခိုက်နိုင်ကြောင်း ဂျပန် သုတေသန ပညာရှင်များမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးလိပ်ကို ပုံမုန် သောက်သုံးပါက ကိုယ်ဝန်ဆောင်သည်များထက် မွေးဖွား လာမည့် ကလေးငယ်၏ ကျောက်ကပ်နှင့် အဆုတ်တို့ကို ၂၀ ရာခိုင်နှုန်း ပိုမို ပျက်စီးစေနိုင်ပြီး မွေးဖွား လာလျှင်လည်း အဆိုပါ ကလေး၌ ကျောက်ကပ်၊ အဆုတ်နှင့် ဆိုင်သည့် ရောဂါများကို ဖြစ်ပွားတတ်ကာ ကိုယ်ဝန်ဆောင်သည်များအနေဖြင့်လည်း ကလေး ပျက်ကျခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဂျပန် သုတေသန ပညာရှင်တို့မှ ထုတ်ပြန်ကြေညာခဲ့သည့်အပြင် ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းနှင့် အခြား ကိုယ်တွင်း အင်္ဂ ါများ ကို ထိခိုက်စေနိုင်သည့် နိုက်ထရိုဂျင် အောက်ဆိုဒ်၊ ပိုလီ ကာဗွန်နိုက်နှင့် ကာဗွန် မိုနောက်ဆိုဒ်တို့ ပါဝင်သည့်အတွက် ကိုယ်ဝန်ဆောင်သည်များ သာမက ကလေးငယ်များကိုပါ ထိခိုက်စေနိုင်သည့်အတွက် ကိုယ်ဝန်ဆောင်သည်များ ဆေးလိပ် မသောက်သုံးကြရန် ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ်ရှိ Dr. Maki Shinzawa မှ တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏ ၂၅ ရာခိုင်နှုန်းသည် ဆေးလိပ် သောက်တတ်ကြပြီး ကိုယ်ဝန်ဆောင်သည် များ၏ ဆေးလိပ် သောက်သုံးမှုကို မေးမြန်းရာ၌ အမျိုးသမီးများ၏ ၇၉ ရာခိုင်နှုန်းသည် ကိုယ်ဝန်ဆောင်စဉ် အတွင်း ဆေးလိပ် ဖြတ်ထားကြပြီး ၁၇ ရာခိုင်နှုန်းသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးလိပ်ကို ဆက်လက် သောက်သုံးလျက် ရှိကြောင်း  Global Health  မှ ထုတ်ပြန်ကြေညာခဲ့သည့် အပြင် ဆေးလိပ် သောက်သုံးသူများအနေဖြင့် ကလေးငယ်များနှင့် လူထူထပ်သော နေရာ၌ ဆေး လိပ် သောက်သုံးခြင်းကို ရှောင်ကျဉ်သင့်ကြောင်း Dr. Maki Shinzawa မှ ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည် ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : thithtoolwin
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top