iMyanmarHouse.com - Best Property Website for Myanmar
×






Credit : duwun

#Unicode Version

တစ်မှေးအိပ်စက်ခြင်း မပြုမီ ကော်ဖီ တစ်ခွက်သောက်ခြင်းက အိပ်ယာမှ ပြန်နိုးလာတဲ့အခါ နိုးကြားတက်ကြွပြီး စွမ်းဆောင်ရည် ပိုကောင်းစေတယ်လို့ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ မိနစ် ၂၀ ခန့် တစ်မှေးအိပ်စက်ခြင်း မပြုမီ ကော်ဖီတစ်ခွက်သောက်ခြင်းက အိပ်ယာမှ ပြန်နိုးလာတဲ့အခါ နိုးကြားတက်ကြွပြီး စွမ်းဆောင်ရည် ပိုကောင်းစေတယ်လို့ ဆိုပါတယ်။

ဇီဝဗေဒ ဖြစ်စဉ်အရ ပင်ပန်းနွမ်းလျတဲ့အခါ ဦးနှောက်မှာ အက်ဒီနိုဆင်းန် (Adenosine) ခေါ် မော်လီကျူးတစ်မျိုး ထွက်ရှိလာပါတယ်။ တစ်ရေးတစ်မော အိပ်စက်ခြင်းဟာ ဦးနှောက်ထဲက အက်ဒီနိုဆင်းန်ကို ရှင်းလင်းပေးရာမှာ အထောက်အကူ ပြုပါတယ်။

ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ် (Caffine) က အက်ဒီနိုဆင်းန် ထွက်ရှိမှုကို တားဆီးပေးပါတယ်။ ဒါကြောင့် ကော်ဖီသောက်ပြီး မိနစ် ၂၀ ခန့် တစ်မှေးအိပ်စက်ခြင်းက ဦးနှောက်အတွင်း အက်ဒီနိုဆင်းန်ကို ရှင်းလင်းရာမှာ များစွာ အထောက်အကူ ဖြစ်စေပြီး ပြန်နိုးလာတဲ့အခါ လန်းဆန်းတက်ကြွစေပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top