iMyanmarHouse.com - Best Property Website for Myanmar
×

ေမြးလမ္းေၾကာင္းမွ တဆင္႔ ကေလးေမြးဖြားသည္႔ အမ်ိဳးသမီးမ်ားသည္ ဗိုက္ခြဲျပီး ကေလးေမြးေသာ အမ်ိဳးသမီးမ်ားထက္ ဆီးမထိိန္းႏိုင္ျခင္းေ၀ဒနာ ျဖစ္ပြားရန္ ပိုမိုအခြင္႔အလမ္းမ်ားသည္  ဟုေဆးသုေတသန ပညာရွင္မ်ား က ထုတ္ေဖာ္ေျပာၾကားခဲ႕သည္ ။ ဆီးမထိန္းႏိုင္ျခင္း ေ၀ဒနာသည္ အမ်ိဳးသမီး အမ်ားစု တြင္ျဖစ္ပြားေလ႔ရွိသည္ ။ အထူးသျဖင္႔ အသက္အရြယ္ၾကီးရင္႔လာျခင္း ၊ အ၀န္လြန္ျခင္း တို႕ေၾကာင္႔ပိုမိုျဖစ္ပြားေလ႕ရွိသည္ ။

 ေလ႔လာခ်က္မ်ား အရေမြးလမ္းေၾကာင္းမွ ကေလးေမြးဖြားျခင္းသည္ အမ်ိဳးသမီးမ်ားတြင္ ဖိအားေၾကာင္႕ဆီးမထိန္းျခင္း (stress incontinence) ကို ၈ ရာခိုင္းႏွဳန္း ခန္႔ပိုမို ျဖစ္ပြားေစႏိုင္ေၾကာင္းေတြ႕ရသည္ ။ ဖိအားေၾကာင္႕ဆီးမထိန္းႏိုင္ျခင္း ( stress incontinence ) ဆိုသည္မွာ ၀မ္းဗိုက္အတြင္း ညွစ္အားမ်ားေနခ်ိန္  (ႏွာေခ်ျခင္း၊ေခ်ာင္းဆိုးျခင္း ) တြင္ ဆီးမထိန္းႏိုင္ျခင္းျဖစ္သည္ ။

ထို႔အျပင္ အရေမြးလမ္းေၾကာင္းမွ ကေလးေမြးဖြားျခင္းသည္ ဆီးသြားခ်င္သည္႕ အခါမထိန္းႏိုင္ျခင္း ( urge incontinence ) ကိုလည္း ၃ရာခိုင္ႏွဳန္းခန္႔ ပိုမိုျဖစ္ပြားေစႏိုင္ ေၾကာင္းေတြ႕ ရွိခဲ႕ၾကသည္ ။ ဗိုက္ခြဲျပီးကေလးေမြးဖြားျခင္း တြင္မူ ထိုကဲ႕သို႔ျဖစ္ပြားရန္ အခြင္႕အလမ္းနည္းပါးသည္ ။ သို႔ေသာ္ ဗိုက္ခြဲျပီးကေလးေမြးဖြားျခင္းသည္ခြဲစိတ္ေမြးဖြားရျခင္းျဖစ္သျဖင္႔ အျခားေသာ အႏၱရာယ္မ်ားကိုထည္႔သြင္းစဥ္းစားရန္ လိုအပ္ေၾကာင္း ၊ ကိုယ္၀န္ေဆာင္မ်ား အေနျဖင္႔ မည္ကဲ႔သို႔ ေမြးဖြားရမည္ကို ဆရာ၀န္မ်ားႏွင္႔တိုင္ပင္ျပီးမွ ဆံုးျဖတ္ သင္႔ေၾကာင္း ေဆးပညာရွင္မ်ားက အၾကံျပဳေျပာၾကားခဲ႔ၾကသည္ ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:HealthGuide


#Unicode Version

မွေးလမ်းကြောင်းမှ တဆင့် ကလေးမွေးဖွားသည့် အမျိုးသမီးများသည် ဗိုက်ခွဲပြီး ကလေးမွေးသော အမျိုးသမီးများထက် ဆီးမထိန်းနိုင်ခြင်းဝေဒနာ ဖြစ်ပွားရန် ပိုမိုအခွင့်အလမ်းများသည်  ဟုဆေးသုတေသန ပညာရှင်များ က ထုတ်ဖော်ပြောကြားခဲ့သည် ။ ဆီးမထိန်းနိုင်ခြင်း ဝေဒနာသည် အမျိုးသမီး အများစု တွင်ဖြစ်ပွားလေ့ရှိသည် ။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်လာခြင်း ၊ အဝန်လွန်ခြင်း တို့ကြောင့်ပိုမိုဖြစ်ပွားလေ့ရှိသည် ။

 လေ့လာချက်များ အရမွေးလမ်းကြောင်းမှ ကလေးမွေးဖွားခြင်းသည် အမျိုးသမီးများတွင် ဖိအားကြောင့်ဆီးမထိန်းခြင်း (stress incontinence) ကို ၈ ရာခိုင်းနှုန်း ခန့်ပိုမို ဖြစ်ပွားစေနိုင်ကြောင်းတွေ့ရသည် ။ ဖိအားကြောင့်ဆီးမထိန်းနိုင်ခြင်း ( stress incontinence ) ဆိုသည်မှာ ဝမ်းဗိုက်အတွင်း ညှစ်အားများနေချိန်  (နှာချေခြင်း၊ချောင်းဆိုးခြင်း ) တွင် ဆီးမထိန်းနိုင်ခြင်းဖြစ်သည် ။

ထို့အပြင် အရမွေးလမ်းကြောင်းမှ ကလေးမွေးဖွားခြင်းသည် ဆီးသွားချင်သည့် အခါမထိန်းနိုင်ခြင်း ( urge incontinence ) ကိုလည်း ၃ရာခိုင်နှုန်းခန့် ပိုမိုဖြစ်ပွားစေနိုင် ကြောင်းတွေ့ ရှိခဲ့ကြသည် ။ ဗိုက်ခွဲပြီးကလေးမွေးဖွားခြင်း တွင်မူ ထိုကဲ့သို့ဖြစ်ပွားရန် အခွင့်အလမ်းနည်းပါးသည် ။ သို့သော် ဗိုက်ခွဲပြီးကလေးမွေးဖွားခြင်းသည်ခွဲစိတ်မွေးဖွားရခြင်းဖြစ်သဖြင့် အခြားသော အန္တရာယ်များကိုထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ၊ ကိုယ်ဝန်ဆောင်များ အနေဖြင့် မည်ကဲ့သို့ မွေးဖွားရမည်ကို ဆရာဝန်များနှင့်တိုင်ပင်ပြီးမှ ဆုံးဖြတ် သင့်ကြောင်း ဆေးပညာရှင်များက အကြံပြုပြောကြားခဲ့ကြသည် ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:HealthGuide
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top