iMyanmarHouse.com - Best Property Website for Myanmar
×

သုေတသီမ်ား၏ ေလ့လာေတြ ့ရွိခ်က္အရ ေဆးလိပ္ေသာက္သူမ်ားသည္ သာမန္ေဆးလိပ္ မေသာက္သူမ်ားထက္ အိပ္စက္ၿခင္းတြင္ အေႏွာင့္အယွက္ၿဖစ္ေစသည္ဟု ေဖာ္ၿပသည္ ။

ေဆးလိပ္ေသာက္သူ ၁၁၀၀ အား ေလ့လာေတြ ့ရွိခ်က္အရ ေဆးလိပ္ေသာက္သူ ၁၇ ရာခုိင္ႏွဳန္း သည္ တစ္ညလွ်င္ ေၿခာက္နာရီခန္ ့ ပုိမိုနည္းကာ အိပ္စက္ရသည္ဟု ေလ့လာေတြ ့ရွိရသည္ ။

ေဆးလိပ္တြင္ ပါဝင္ေသာ နီကုိတင္းဓာတ္၏ လွဳံေဆာ္မွဳ ပါဝင္ေသာေႀကာင့္ ယင္းသုိ ့ထိခုိက္မွဳ ၿဖစ္ေစၿခင္းၿဖစ္ႏုိင္သည္ဟု သိရသည္ ။

စီးကရက္ဘူးမ်ားတြင္ က်န္းမာေရး ထိခုိက္ႏိုင္ေၾကာင္း စာတန္းမ်ား ေရးထိုး သတိေပးျခင္းထက္ ႐ုပ္ပံု မ်ားျဖင့္ သတိေပးျခင္းက ပိုမိုထိေရာက္ေၾကာင္း အေမရိကန္ သုေတသီမ်ားက ေျပာၾကားလုိက္သည္ ။ ေဆးလိပ္ ေသာက္သူမ်ားသည္ ေဆးလိပ္ေၾကာင့္ ျဖစ္ႏုိင္သည့္ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားအေပၚ ႐ုပ္ပံုျဖင့္ သတိေပးထားမႈမ်ားအား (၈၃) ရာခုိင္ႏႈန္း ပိုမို အာ႐ံုစိုက္ေလ့ရွိေၾကာင္း ပညာရွင္မ်ားက ဆိုသည္ ။ စီးကရက္ စြဲျမဲစြာ ေသာက္သံုးသူ (၂၀၀) ၏ တံု႔ျပန္ ေျဖဆိုမႈမ်ားအေပၚ အေျခခံၿပီး အေမရိကန္၏ ကာကြယ္ေရး ေဆးပညာဂ်ာနယ္က ယခုသုေတသန ရလဒ္အား ေၾကညာခဲ့ျခင္း ျဖစ္သည္ ။ ၎တို႔၏ အဆိုအရ စာတန္းမ်ားကို လိုက္ဖတ္မိသူသည္ (၅၀) ရာခုိင္ႏႈန္းေအာက္သာ ရွိတတ္ေၾကာင္း သိရွိရသည္ ။

ဖြံ႕ၿဖိဳးၿပီးႏုိင္ငံ အခ်ိဳ႕တို႔တြင္ စီးကရက္ဘူးမ်ား အေပၚ၌ စာတန္းျဖင့္ သတိေပးစာ ေရးထိုးျခင္းအျပင္ ပံုမ်ားျဖင့္ အသိေပး ႏိႈးေဆာ္မႈမ်ားကို ျပဳလုပ္လာခဲ့သည္ ။ လူတို႔၏ အၾကည့္အာ႐ံုကို ဖမ္းစားႏုိင္မည့္ အေျခခံက်ေသာ နည္းစနစ္အရ ယင္းကဲ့သို႔ သက္ေရာက္မႈ ကြဲျပားျခင္းဟု အေမရိကန္ႏိုင္ငံ၊ ပယ္ဆယ္လ္ေဗးနီးယား တကၠသိုလ္မွ ပညာရွင္မ်ားက ရွင္းလင္း ေျပာၾကားခဲ့သည္ ။ သုေတသီမ်ားသည္ စာတန္းႏွင့္ ႐ုပ္ပံုမ်ားကို ၾကည့္႐ႈေစၿပီးေနာက္ ရရွိလာသည့္ သတင္း အခ်က္အလက္မ်ားအေပၚ မည္မွ်ထိ မွတ္မွတ္ထင္ထင္ ရွိေစသည္ကို ကိုယ္ေတြ႕ ခ်ေရးေစေသာ နည္းလမ္းျဖင့္ ေဆးလိပ္ ေသာက္သူမ်ားအား စမ္းသပ္ခဲ့ျခင္း ဟုလည္း သတင္းမ်ားက ေဖာ္ျပခဲ့သည္ ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Mg Mandalay

#Unicode Version
သုတေသီများ၏ လေ့လာတွေ့ရှိချက်အရ ဆေးလိပ်သောက်သူများသည် သာမန်ဆေးလိပ် မသောက်သူများထက် အိပ်စက်ခြင်းတွင် အနှောင့်အယှက်ဖြစ်စေသည်ဟု ဖော်ပြသည် ။

ဆေးလိပ်သောက်သူ ၁၁၀၀ အား လေ့လာတွေ့ရှိချက်အရ ဆေးလိပ်သောက်သူ ၁၇ ရာခိုင်နှုန်း သည် တစ်ညလျှင် ခြောက်နာရီခန့် ပိုမိုနည်းကာ အိပ်စက်ရသည်ဟု လေ့လာတွေ့ရှိရသည် ။

ဆေးလိပ်တွင် ပါဝင်သော နီကိုတင်းဓာတ်၏ လှုံဆော်မှု ပါဝင်သောကြောင့် ယင်းသို့ထိခိုက်မှု ဖြစ်စေခြင်းဖြစ်နိုင်သည်ဟု သိရသည် ။

စီးကရက်ဘူးများတွင် ကျန်းမာရေး ထိခိုက်နိုင်ကြောင်း စာတန်းများ ရေးထိုး သတိပေးခြင်းထက် ရုပ်ပုံ များဖြင့် သတိပေးခြင်းက ပိုမိုထိရောက်ကြောင်း အမေရိကန် သုတေသီများက ပြောကြားလိုက်သည် ။ ဆေးလိပ် သောက်သူများသည် ဆေးလိပ်ကြောင့် ဖြစ်နိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများအပေါ် ရုပ်ပုံဖြင့် သတိပေးထားမှုများအား (၈၃) ရာခိုင်နှုန်း ပိုမို အာရုံစိုက်လေ့ရှိကြောင်း ပညာရှင်များက ဆိုသည် ။ စီးကရက် စွဲမြဲစွာ သောက်သုံးသူ (၂၀၀) ၏ တုံ့ပြန် ဖြေဆိုမှုများအပေါ် အခြေခံပြီး အမေရိကန်၏ ကာကွယ်ရေး ဆေးပညာဂျာနယ်က ယခုသုတေသန ရလဒ်အား ကြေညာခဲ့ခြင်း ဖြစ်သည် ။ ၎င်းတို့၏ အဆိုအရ စာတန်းများကို လိုက်ဖတ်မိသူသည် (၅၀) ရာခိုင်နှုန်းအောက်သာ ရှိတတ်ကြောင်း သိရှိရသည် ။

ဖွံ့ဖြိုးပြီးနိုင်ငံ အချို့တို့တွင် စီးကရက်ဘူးများ အပေါ်၌ စာတန်းဖြင့် သတိပေးစာ ရေးထိုးခြင်းအပြင် ပုံများဖြင့် အသိပေး နှိုးဆော်မှုများကို ပြုလုပ်လာခဲ့သည် ။ လူတို့၏ အကြည့်အာရုံကို ဖမ်းစားနိုင်မည့် အခြေခံကျသော နည်းစနစ်အရ ယင်းကဲ့သို့ သက်ရောက်မှု ကွဲပြားခြင်းဟု အမေရိကန်နိုင်ငံ၊ ပယ်ဆယ်လ်ဗေးနီးယား တက္ကသိုလ်မှ ပညာရှင်များက ရှင်းလင်း ပြောကြားခဲ့သည် ။ သုတေသီများသည် စာတန်းနှင့် ရုပ်ပုံများကို ကြည့်ရှုစေပြီးနောက် ရရှိလာသည့် သတင်း အချက်အလက်များအပေါ် မည်မျှထိ မှတ်မှတ်ထင်ထင် ရှိစေသည်ကို ကိုယ်တွေ့ ချရေးစေသော နည်းလမ်းဖြင့် ဆေးလိပ် သောက်သူများအား စမ်းသပ်ခဲ့ခြင်း ဟုလည်း သတင်းများက ဖော်ပြခဲ့သည် ။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:Mg Mandalay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top