iMyanmarHouse.com - Best Property Website for Myanmar
×

(၁)“ဒါနကုသိုလ္”

မနက္အိပ္ယာထ မ်က္ႏွာသစ္ေတာ့မယ္ဆိုရင္ ေရဖလားထဲကို ေရထည့္လိုက္ပါ။ မ်က္စိနဲ႔ျမင္သာမယ့္ ရင္ေခါင္းေလာက္မွာ ေရဖလားကို ကိုင္ထားပါ။ ေရဖလားကို အေပၚေတာ့ မေျမွာက္လိုက္ပါနဲ႔။ ေမတၱာပို႔တဲ႔အခါ အဆင္မေျပမွာစိုးလို႔ပါ။ လက္ကကိုင္ထားတဲ႔ ေရဖလားနဲ႔
” ျမတ္စြာဘုရား မ်က္ႏွာသစ္ေတာ္ေရ ကပ္လွဴပါ၏ဘုရား။ ဘုရားတပည့္ေတာ္ကို သနားခ်ီးေျမွာက္ေသာအားျဖင့္ မ်က္ႏွာသစ္ေတာ္မူပါဘုရား” လုိ႔ဆိုျပီး ကပ္လိုက္ပါ။ ဒါဆို ဒါနကုသိုလ္ျဖစ္သြားပါျပီ။

(၂)“ဗုဒၶႏုသာတိကုသိုလ္”

ျမတ္စြာဘုရားမ်က္ႏွာသစ္ေတာ္ေရ အသံုးျပဳေနတုန္းမွာ အရဟံကို အနက္(၃)ခုနဲ႔ ပြါးလိုက္ပါ။ အရဟံ -ကိေလသာ ၿမဴမွဳန္ပင္ ကင္းစင္ေတာ္မူေသာ ၿမတ္စြာဘုရား၊ အရဟံ – ပူေဇာ္အထူးကို အထူးခံယူေတာ္မူထိုက္ေသာ ၿမတ္စြာဘုရား၊ အရဟံ -ဆိတ္ကြယ္ရာအရပ္မွာပင္ မေကာင္းမွဳကို မၿပဳေတာ္မူေသာၿမတ္စြာဘုရား။ ဒါဆို ဗုဒၶႏုသာတိကုသိုလ္ျဖစ္သြားပါျပီ။

(၃)“ေမတၱာကုသိုလ္”

ၾကည္လင္ေနတဲ႔ေရကိုၾကည့္ျပီး… ဤေရေအးျမသလို အေဖနဲ႔အေမ စိတ္ေကာရုပ္ေကာ ေအးျမပါေစ။ ဤေရေအးျမသလို ငါ့ရဲ့အလုပ္ရွင္ စိတ္ေကာရုပ္ေကာ ေအးျမပါေစ။ ဤေရေအးျမသလို ငါ့ရဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြ စိတ္ေကာရုပ္ေကာ ေအးျမၾကပါေစ။ ဤေရေအးျမသလို သတၱ၀ါအားလံုး စိတ္ေကာရုပ္ေကာ ေအးျမၾကပါေစ… လို႔ ေမတၱာပို႔လိုက္ပါ။ ဒါဆို ေမတၱာကုသိုလ္ျဖစ္သြားပါျပီ။ ဒါ့ေၾကာင့္ေရဖလားကို အေပၚမေျမွာက္ပါနဲ႔လို႔ ေျပာတာပါ။ အေပၚေျမွာက္ထားရင္ ေမတၱာပို႔ရတာ အဆင္ျ
မေျပပါဘူး။ ေရကိုျမင္တဲ႔ေနရာမွာ ေရဖလားကိုထားျပီး ေမတၱာပို႔ရတာက ပိုအဆင္ေျပလို႔ပါ။

(၄)“မရဏာႏုႆတိကုသိုလ္”

ၿပီးရင္ ငါဒီတစ္ညေတာ့ အသက္ရွင္ခဲ႔ၿပီး။ ၀င္ေလမဆံုးခင္ ထြက္ေလမဆံုးခင္ နံနက္၊ေန႔ည အခ်ိန္မေရြး ေသသြားႏိုင္သည္…လို႔ မရဏာႏုသာတိပြါးလိုက္ပါ။ ဒါဆိုမရဏာႏုသာတိကုသိုလ္ျဖစ္သြားပါျပီး။

(၅)“အသုဘဘာဝနာကုသိုလ္”

မ်က္စိအတြင္းမွာရွိေနတဲ႔ အညစ္အေၾကးေတြ၊ ႏွာေခါင္းမွာရွိေနတဲ႔ အညစ္အေၾကးေတြ၊ ပါးစပ္မွာရွိေနတဲ႔ အညစ္အေၾကးေတြကို အာရံုျပဳျပီး ငါ့ရဲ့ မ်က္ႏွာဟာ စက္ဆုတ္ရြံရွာဖြယ္ ပါတကား….လို႔ အသုဘ ဘာ၀နာပြါးလိုက္ပါ။ ဒါဆို အသုဘဘာ၀နာ ကုသိုလ္ျဖစ္သြားပါျပီး။ အသုဘဘာ၀နာပြါးရတာ အိပ္ယာထဆိုေတာ့ အသုဘရဲ့လကၡဏာေတြ ထင္ထင္ရွားရွားရွိေနတဲ႔အတြက္ ပြါးရတာပိုေတာင္ ထင္သာျမင္သာ ရွိပါေသးတယ္။ အျပင္သြားခါနီး ဖီးလိမ္းျပင္ဆင္ျပီးတဲ႔အခါ လွလွပပ၀တ္ဆင္ထားတဲ႔အခါ အသုဘပြါးရတာ အဆင္မေျပလွပါဘူး။ မိတ္ကပ္ေတြ အ၀တ္ေတြနဲ႔ဖံုးထားတဲ႔အတြက္ အသုဘလကၡဏာေတြက မေပၚပါဘူး။ အသုဘပြါးတာ မနက္ေစာေစာက အဆင္ေျပဆံုးပါပဲ။ အားလံုးျပီးမွ ျမတ္စြာဘုရား မ်က္ႏွာေတာ္သစ္ျပီးျပီ ျဖစ္တဲ့အတြက္ ေဆးအျဖစ္ ျပန္စြန္႔ေတာ္မူပါဘုရား…လို႔စြန္႔ျပီး မ်က္ႏွာသစ္လိုက္ပါ။

ဒါဆို မ်က္ႏွာသစ္ရင္း ကုသိုလ္ (၅) မ်ိဳး ရသြားပါျပီ။ ကဲ…. စာဖတ္သူအေပါင္းတို႔ေရ… မ်က္ႏွာသစ္ရင္း ကုသိုလ္ငါးမ်ိဳးပြားၿပီး ကုသိုလ္ေတြစုေဆာင္းထားလိုက္ပါေနာ္..။


Credit:(ဆရာေတာ္ရေ၀ႏြယ္-အင္းမ၏ ရင္ထဲကအရဟံ စာအုပ္မွျပန္လည္မွ်ေ၀ျခင္းျဖင့္ ဒါနကုသိုလ္ျပဳပါသည္။)
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

(၁)“ဒါနကုသိုလ်”

မနက်အိပ်ယာထ မျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ ရေဖလားနဲ့
” မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား” လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂)“ဗုဒ္ဓနုသာတိကုသိုလ်”

မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။ အရဟံ -ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ – ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ အရဟံ -ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။ ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

(၃)“မေတ္တာကုသိုလ်”

ကြည်လင်နေတဲ့ရေကိုကြည့်ပြီး… ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။ ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ… လို့ မေတ္တာပို့လိုက်ပါ။ ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။ ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်ြ
မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄)“မရဏာနုဿတိကုသိုလ်”

ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ဝင်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

(၅)“အသုဘဘာဝနာကုသိုလ်”

မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့ အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုတ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။ အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပဝတ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အဝတ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။ အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက် ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။

ဒါဆို မျက်နှာသစ်ရင်း ကုသိုလ် (၅) မျိုး ရသွားပါပြီ။ ကဲ…. စာဖတ်သူအပေါင်းတို့ရေ… မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။


Credit:(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top