iMyanmarHouse.com - Best Property Website for Myanmar
×

ထံုးစံအတိုင္း အိမ္တြင္းနည္းလြယ္လြယ္ေလးေတြမို႔ အဆင္ေျပမွာပါေနာ္
1.ေရခဲကပ္ေပးပါ..
အထိေရာက္ဆံုးနဲ႔အသံုးအမ်ားဆံုးနည္းေလးပါေနာ္..ေရေအးဟာေခြၽးေပါက္ေတြကိုက်ဥ္းေစတယ္.
.ေရေႏြးဟာပိတ္ေနတဲ့ေခြၽးေပါက္ေတြကိုပြင့္ေစပါတယ္..ဒါေၾကာင့္ပထမဆံုးၾကက္သီးေႏြးေရေလးနဲ႔မ်က္နွာ
သစ္ၿပီးေခြၽးေပါက္ေတြဖြင့္လိုက္ပါ..ၿပီးရင္မ်က္နွာသစ္ဆပ္ျပာနဲ႔ေသခ်ာသန္႔စင္ပါ..ၿပီးရင္ၾကက္သီးေႏြးေရနဲ
႔ပဲျပန္ေဆးခ်ပါ..ေရသုတ္ၿပီးတာနဲ႔ေရသန္႔ေရခဲကိုယူပါ..ေခြၽးေပါက္က်ယ္တတ္တဲ့ပါးမို႔၊နဖူးနဲ
႔နွာေခါင္းေနရာေတြကိုအဓိကထားၿပီးအသာအယာတို႔ထိေပးပါ..တစ္ေနရာကို စကၠန္႔ ၂၀ စီေလာက္ေပါ့ေနာ္..ေရခဲမကပ္ခ်င္ရင္ ေရသန္႔ေရေအးနဲ႔လဲမ်က္နွာသစ္နိုင္ပါတယ္..

2. ေရခဲတဲ့အကန္႔ေလးေတြထဲကိုခရမ္းခ်ဥ္သီး၊သံပုရာသီးတို႔ကိုအရည္ညႇစ္..ေရသန္႔အနဲငယ္နဲ႔ေရာၿပီး
 ေရခဲခန္းထဲထည့္ထားပါ ( ပံုမွန္ေရခဲ ခဲသလုိေပါ့ေနာ္ ) ခဲၿပီဆိုမွ 1. ကနည္းအတိုင္းအသံုးျပဳေပးပါ.. ရိုးရိုးေရခဲနဲ႔လုပ္တာထက္ပိုထိေရာက္ပါသတဲ့.. ေရခဲကပ္တာကို မနက္တႀကိမ္ ညတႀကိမ္ျပဳလုပ္ေပးနိုင္ပါတယ္.. ဒီလိုလုပ္ေပးျခင္းျဖင့္ေသြးလွည့္ပတ္မႈေကာင္းေစတယ္၊ေခြၽးေပါက္ေတြက်ဥ္းေစတယ္၊ဝက္ၿခံေတြ
အေရာင္က်ေစတယ္၊အသားအေရနီျမန္းတာေတြကိုေလ်ာ့က်ေစပါတယ္..

3. ၾကက္ဥအကာေရသီးသန္႔ကို(အနွစ္ဖယ္ၿပီး) ဂြမ္းေလးနဲ႔မ်က္နွာအနွံ႔သုတ္လိမ္းေပးပါ.. အကာရည္ေတြကိုမ်က္နွာေပၚအမ်ားႀကီးလိမ္းစရာမလိုဘူးေနာ္..နွံ႔ေအာင္လိမ္းရံုဆိုရပါၿပီ..ၾကက္ဥအကာ ၁လံုးကို ၃ ၄ ခါေလာက္သံုးလို႔ရပါတယ္ေနာ္..
ျပီးရင္ tissue ပါးပါးေလးကိုအသာကပ္ေပးပါ…ၿပီးရင္အကာေရေလးေတြေျခာက္တာေစာင့္ေပးပါ..မိနစ္ ၂၀ေလာက္ေတာ့ၾကာတတ္တယ္ရွင့္..( ယပ္ခပ္ရင္းေစာင့္လဲရတယ္ ပိုျမန္ေအာင္ tongue emoticon ) ေျခာက္တဲ့အခ်ိန္ၾကရင္ tissue ေလးဟာေျခာက္ၿပီးတင္းေနပါလိမ့္မယ္( ထိၾကည့္ရင္လဲ ႂကြပ္ဆတ္ဆတ္ေလးျဖစ္ေနပါတယ္) ..ပါးစပ္ဟၾကည့္ရင္ေတာင္သိသာပါတယ္ေနာ္ တင္းေနတာက..ဒါဆို tissue ေလးကိုအခ်ပ္လိုက္ခြာလို႔ရပါၿပီ..before နဲ႔ after ကတကယ္ကိုကြဲျပားေနတာေတြ႕ရမွာပါ..အသားေလးကႏုေခ်ာၿပီးၾကည္ေနပါလိမ့္မယ္..နွာေခါင္းကဆား
ဝက္ၿခံေတြလဲ tissue ေလးထဲပါကုန္လုိ႔ေတြ႕ရမွာမဟုတ္ေတာ့ဘူး..ဒီနည္းေလးဟာအရမ္းလြယ္ၿပီး အသားအေရအတြင္းထဲထိသန္႔စင္ေပးတယ္..ဆားဝက္ၿခံအျပင္အညစ္အေၾကးေတြကိုလံုးဝေျပာင္စင္
သြားေစပါတယ္..ပံုမွန္လုပ္ေပးရင္အညစ္အေၾကးကင္းၿပီးေခြၽးေပါက္လဲက်ဥ္းေစပါတယ္
 ( ပိစိေလးေတာ့ညႇီတယ္ ၾကက္ဥဆိုေတာ့ )

4.ပ်ားရည္နဲ႔ဒိန္ခ်ဥ္စစ္စစ္ကိုေရာၿပီးမ်က္နွာအနွံ႔လိမ္းပါ.. မိနစ္အနည္းငယ္ထားၿပီးေရေအးနဲ႔ျပန္ေဆးခ်ပါ..ပ်ားရည္ကပိုးေသေစတယ္..အေရျပားရဲ႕ healing process ကိုျမႇင့္တင္ေပးတယ္..ပိတ္ေနတ႔ေခြၽးေပါက္ထဲက bacteria ေတြကိုတိုက္ဖ်က္ေပးတယ္..ဒိန္ခ်ဥ္ကေခြၽးေပါက္အတြင္းပိုင္းထိသန္႔စင္ေပးႏုိင္တယ္..
တျခားေကာင္းက်ိဳးေတြဲအမ်ားႀကီးပါ..တစ္ပတ္ ၂ခါထိလုပ္ေပးနိုင္ပါတယ္..

5. ေထာပတ္စစ္စစ္နဲ႔ဆား(သို႔)သၾကား ကိုခပ္ပ်စ္ပ်စ္ေရာၿပီး ေခြၽးေပါက္က်ယ္တဲ့ေနရာေတြကိုပံုေပးပါ..လံုးဝအရည္ခပ္ပ်စ္ပ်စ္ျဖစ္ေအာင္ေဖ်ာ္ပါေနာ္..
အပူေပးၿပီးေဖ်ာ္လဲရပါတယ္..scrubလိုသၾကားမႈန္ေတြမက်န္ပါေစနဲ႔..ဒီအေရာဟာေခြၽးေပါက္ပိတ္တာေတြကို
ပြင့္ေစၿပီးေသးငယ္သြားေစပါတယ္တဲ့..

6. ၾကက္သြန္ျဖဴ ၂ လံုး၃လံုးနဲ႔ ခရမ္းခ်ဥ္သီး တစ္ဝက္ကိုေရာေခ်ၿပီးအေရျဖစ္ေအာင္ေမႊပါ..၁၅မိနစ္ ေလာက္ထားၿပီးျပန္ေဆးခ်ပါ..

7. ဆလပ္႐ြက္လတ္လတ္ဆတ္ဆတ္ကိုေျခၿပီးအရည္ညႇစ္ပါ..သံပုရာရည္အနည္းငယ္ထည့္ပါ..ဆလပ္ရည္
၁ဇြန္းဆိုသံပုရာရည္ကို ၁စက္ ၂စက္ခန္႔့သာထည့္ပါ..မိနစ္ ၂၀ခန္႔ထားၿပီးေရျပန္ေဆးခ်ပါ..

ၾကက္ဥအကာနဲ႔ေရခဲကေတာ့ကိုယ္တိုင္လဲခနခနကိုလုပ္ျဖစ္ပါတယ္..တကယ္ကိုသိသာလို႔..

Pore problems အတြက္အဓိကအေျဖက toner ပါ..ဆားဝက္ၿခံေတြဆိုလဲညႇစ္တုန္းကုတုန္းေတာ့ေပ်ာက္သြားတယ္..ၿပီးရင္ျပန္ျဖစ္မွာပါပဲ..
ဒါဟာေခြၽးေပါက္ေတြက်ယ္ေနေသးလို႔ပါ..အေပၚကနည္းေတြဟာ mask လို ျပန္ေဆးခ်တဲ့နည္းေတြပါ..ျပန္ေဆးခ်စရာမလိုတဲ့ Homemade toner လုပ္နည္းေလးေတြေျပာျပပါမယ္ေနာ္..

1. သခြားသီး၊ခရမ္းခ်ဥ္သီးနဲ႔ဆလပ္႐ြက္ေတြကိုေဖ်ာ္ရည္စက္နဲ႔ႀကိတ္ပါ..သံပုရည္အနဲငယ္ကိုညႇစ္ထည့္ပါ..
သဘာဝတိုနာအေနနဲ႔သံုးနိုင္ပါတယ္..ေခြၽးေပါက္ေတြကိုသိသိသာသာက်ဥ္းေစတဲ့အျပင္အသားအေရာင္ကို
ဝင္းလာေစပါတယ္..

2. Organic Green tea bag ေလးေတြကုိေရေႏြးနဲ႔စိမ္ပါ..ရလာတဲ့အေရကိုအေအခံၿပီး apple cider vinegar ေရာထည့္ပါ.. green tea ၃ ဆ acv ၁ ဆ ထည့္ပါ.. အဆီျပန္ၿပီးဝက္ၿခံထြက္တတ္တဲ့သူေတြအတြက္လဲေကာင္းပါတယ္ေနာ္.. Green tea ေရာ ACV ေရာ City mart မွာအလြယ္တကူရပါတယ္ေနာ္ ( ဒီတိုနာကကြၽန္မလက္ရွိသံုးေနတာပါရွင့္၊တကယ္ေကာင္းပါတယ္ )

ေခြၽးေပါက္က်ယ္ျခင္းဟာမ်က္နွာေပၚကျပသနာေတြရဲ႕အဓိကတရားခံျဖစ္ပါတယ္..ဆားဝက္ၿခံ၊ဝက္ၿခံအမ်ိဳးမ်ိဳး
 ေတြရဲ႕အရင္းအျမစ္ေပါ့ေလ ဒါ့ေၾကာင့္အေပၚကနည္းေလးေတြကိုစိတ္ရွည္ရွည္အသံုးျပဳေပးပါ..ေခြၽးေပါက္ေတြလံုးဝမကင္းစင္ေစေပမယ့္ တကယ္ကိုသိသိသာသာက်ဥ္းေစပါတယ္ေနာ္( ေခြၽးေပါက္လံုးဝကင္းစင္ဖို႔ဆိုတာလဲမျဖစ္နိုင္သေလာက္ကို
ခက္ခဲပါတယ္တဲ့ )
**ေခြၽးေပါက္က်ယ္သူေတြအတြက္မ်က္နွာသစ္ရင္ၾကက္သီးေႏြးေရနဲ႔အၿမဲသစ္ၿပီးေနာက္ဆံုးမွာအၿမဲေရေအး
နဲ႔ျပန္သစ္ရမယ္ေနာ္..

အားလံုးပဲအႏၲရာယ္ကင္းကင္းလွနိုင္ၾကပါေစ.

Credit:BeautyStoriesByChaw
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ထုံးစံအတိုင်း အိမ်တွင်းနည်းလွယ်လွယ်လေးတွေမို့ အဆင်ပြေမှာပါနော်
1.ရေခဲကပ်ပေးပါ..
အထိရောက်ဆုံးနဲ့အသုံးအများဆုံးနည်းလေးပါနော်..ရေအေးဟာချွေးပေါက်တွေကိုကျဉ်းစေတယ်.
.ရေနွေးဟာပိတ်နေတဲ့ချွေးပေါက်တွေကိုပွင့်စေပါတယ်..ဒါကြောင့်ပထမဆုံးကြက်သီးနွေးရေလေးနဲ့မျက်နှာ
သစ်ပြီးချွေးပေါက်တွေဖွင့်လိုက်ပါ..ပြီးရင်မျက်နှာသစ်ဆပ်ပြာနဲ့သေချာသန့်စင်ပါ..ပြီးရင်ကြက်သီးနွေးရေနဲ
့ပဲပြန်ဆေးချပါ..ရေသုတ်ပြီးတာနဲ့ရေသန့်ရေခဲကိုယူပါ..ချွေးပေါက်ကျယ်တတ်တဲ့ပါးမို့၊နဖူးနဲ
့နှာခေါင်းနေရာတွေကိုအဓိကထားပြီးအသာအယာတို့ထိပေးပါ..တစ်နေရာကို စက္ကန့် ၂၀ စီလောက်ပေါ့နော်..ရေခဲမကပ်ချင်ရင် ရေသန့်ရေအေးနဲ့လဲမျက်နှာသစ်နိုင်ပါတယ်..

2. ရေခဲတဲ့အကန့်လေးတွေထဲကိုခရမ်းချဉ်သီး၊သံပုရာသီးတို့ကိုအရည်ညှစ်..ရေသန့်အနဲငယ်နဲ့ရောပြီး
 ရေခဲခန်းထဲထည့်ထားပါ ( ပုံမှန်ရေခဲ ခဲသလိုပေါ့နော် ) ခဲပြီဆိုမှ 1. ကနည်းအတိုင်းအသုံးပြုပေးပါ.. ရိုးရိုးရေခဲနဲ့လုပ်တာထက်ပိုထိရောက်ပါသတဲ့.. ရေခဲကပ်တာကို မနက်တကြိမ် ညတကြိမ်ပြုလုပ်ပေးနိုင်ပါတယ်.. ဒီလိုလုပ်ပေးခြင်းဖြင့်သွေးလှည့်ပတ်မှုကောင်းစေတယ်၊ချွေးပေါက်တွေကျဉ်းစေတယ်၊ဝက်ခြံတွေ
အရောင်ကျစေတယ်၊အသားအရေနီမြန်းတာတွေကိုလျော့ကျစေပါတယ်..

3. ကြက်ဥအကာရေသီးသန့်ကို(အနှစ်ဖယ်ပြီး) ဂွမ်းလေးနဲ့မျက်နှာအနှံ့သုတ်လိမ်းပေးပါ.. အကာရည်တွေကိုမျက်နှာပေါ်အများကြီးလိမ်းစရာမလိုဘူးနော်..နှံ့အောင်လိမ်းရုံဆိုရပါပြီ..ကြက်ဥအကာ ၁လုံးကို ၃ ၄ ခါလောက်သုံးလို့ရပါတယ်နော်..
ပြီးရင် tissue ပါးပါးလေးကိုအသာကပ်ပေးပါ…ပြီးရင်အကာရေလေးတွေခြောက်တာစောင့်ပေးပါ..မိနစ် ၂၀လောက်တော့ကြာတတ်တယ်ရှင့်..( ယပ်ခပ်ရင်းစောင့်လဲရတယ် ပိုမြန်အောင် tongue emoticon ) ခြောက်တဲ့အချိန်ကြရင် tissue လေးဟာခြောက်ပြီးတင်းနေပါလိမ့်မယ်( ထိကြည့်ရင်လဲ ကြွပ်ဆတ်ဆတ်လေးဖြစ်နေပါတယ်) ..ပါးစပ်ဟကြည့်ရင်တောင်သိသာပါတယ်နော် တင်းနေတာက..ဒါဆို tissue လေးကိုအချပ်လိုက်ခွာလို့ရပါပြီ..before နဲ့ after ကတကယ်ကိုကွဲပြားနေတာတွေ့ရမှာပါ..အသားလေးကနုချောပြီးကြည်နေပါလိမ့်မယ်..နှာခေါင်းကဆား
ဝက်ခြံတွေလဲ tissue လေးထဲပါကုန်လို့တွေ့ရမှာမဟုတ်တော့ဘူး..ဒီနည်းလေးဟာအရမ်းလွယ်ပြီး အသားအရေအတွင်းထဲထိသန့်စင်ပေးတယ်..ဆားဝက်ခြံအပြင်အညစ်အကြေးတွေကိုလုံးဝပြောင်စင်
သွားစေပါတယ်..ပုံမှန်လုပ်ပေးရင်အညစ်အကြေးကင်းပြီးချွေးပေါက်လဲကျဉ်းစေပါတယ်
 ( ပိစိလေးတော့ညှီတယ် ကြက်ဥဆိုတော့ )

4.ပျားရည်နဲ့ဒိန်ချဉ်စစ်စစ်ကိုရောပြီးမျက်နှာအနှံ့လိမ်းပါ.. မိနစ်အနည်းငယ်ထားပြီးရေအေးနဲ့ပြန်ဆေးချပါ..ပျားရည်ကပိုးသေစေတယ်..အရေပြားရဲ့ healing process ကိုမြှင့်တင်ပေးတယ်..ပိတ်နေတ့ချွေးပေါက်ထဲက bacteria တွေကိုတိုက်ဖျက်ပေးတယ်..ဒိန်ချဉ်ကချွေးပေါက်အတွင်းပိုင်းထိသန့်စင်ပေးနိုင်တယ်..
တခြားကောင်းကျိုးတွေဲအများကြီးပါ..တစ်ပတ် ၂ခါထိလုပ်ပေးနိုင်ပါတယ်..

5. ထောပတ်စစ်စစ်နဲ့ဆား(သို့)သကြား ကိုခပ်ပျစ်ပျစ်ရောပြီး ချွေးပေါက်ကျယ်တဲ့နေရာတွေကိုပုံပေးပါ..လုံးဝအရည်ခပ်ပျစ်ပျစ်ဖြစ်အောင်ဖျော်ပါနော်..
အပူပေးပြီးဖျော်လဲရပါတယ်..scrubလိုသကြားမှုန်တွေမကျန်ပါစေနဲ့..ဒီအရောဟာချွေးပေါက်ပိတ်တာတွေကို
ပွင့်စေပြီးသေးငယ်သွားစေပါတယ်တဲ့..

6. ကြက်သွန်ဖြူ ၂ လုံး၃လုံးနဲ့ ခရမ်းချဉ်သီး တစ်ဝက်ကိုရောချေပြီးအရေဖြစ်အောင်မွှေပါ..၁၅မိနစ် လောက်ထားပြီးပြန်ဆေးချပါ..

7. ဆလပ်ရွက်လတ်လတ်ဆတ်ဆတ်ကိုခြေပြီးအရည်ညှစ်ပါ..သံပုရာရည်အနည်းငယ်ထည့်ပါ..ဆလပ်ရည်
၁ဇွန်းဆိုသံပုရာရည်ကို ၁စက် ၂စက်ခန့့်သာထည့်ပါ..မိနစ် ၂၀ခန့်ထားပြီးရေပြန်ဆေးချပါ..

ကြက်ဥအကာနဲ့ရေခဲကတော့ကိုယ်တိုင်လဲခနခနကိုလုပ်ဖြစ်ပါတယ်..တကယ်ကိုသိသာလို့..

Pore problems အတွက်အဓိကအဖြေက toner ပါ..ဆားဝက်ခြံတွေဆိုလဲညှစ်တုန်းကုတုန်းတော့ပျောက်သွားတယ်..ပြီးရင်ပြန်ဖြစ်မှာပါပဲ..
ဒါဟာချွေးပေါက်တွေကျယ်နေသေးလို့ပါ..အပေါ်ကနည်းတွေဟာ mask လို ပြန်ဆေးချတဲ့နည်းတွေပါ..ပြန်ဆေးချစရာမလိုတဲ့ Homemade toner လုပ်နည်းလေးတွေပြောပြပါမယ်နော်..

1. သခွားသီး၊ခရမ်းချဉ်သီးနဲ့ဆလပ်ရွက်တွေကိုဖျော်ရည်စက်နဲ့ကြိတ်ပါ..သံပုရည်အနဲငယ်ကိုညှစ်ထည့်ပါ..
သဘာဝတိုနာအနေနဲ့သုံးနိုင်ပါတယ်..ချွေးပေါက်တွေကိုသိသိသာသာကျဉ်းစေတဲ့အပြင်အသားအရောင်ကို
ဝင်းလာစေပါတယ်..

2. Organic Green tea bag လေးတွေကိုရေနွေးနဲ့စိမ်ပါ..ရလာတဲ့အရေကိုအအေခံပြီး apple cider vinegar ရောထည့်ပါ.. green tea ၃ ဆ acv ၁ ဆ ထည့်ပါ.. အဆီပြန်ပြီးဝက်ခြံထွက်တတ်တဲ့သူတွေအတွက်လဲကောင်းပါတယ်နော်.. Green tea ရော ACV ရော City mart မှာအလွယ်တကူရပါတယ်နော် ( ဒီတိုနာကကျွန်မလက်ရှိသုံးနေတာပါရှင့်၊တကယ်ကောင်းပါတယ် )

ချွေးပေါက်ကျယ်ခြင်းဟာမျက်နှာပေါ်ကပြသနာတွေရဲ့အဓိကတရားခံဖြစ်ပါတယ်..ဆားဝက်ခြံ၊ဝက်ခြံအမျိုးမျိုး
 တွေရဲ့အရင်းအမြစ်ပေါ့လေ ဒါ့ကြောင့်အပေါ်ကနည်းလေးတွေကိုစိတ်ရှည်ရှည်အသုံးပြုပေးပါ..ချွေးပေါက်တွေလုံးဝမကင်းစင်စေပေမယ့် တကယ်ကိုသိသိသာသာကျဉ်းစေပါတယ်နော်( ချွေးပေါက်လုံးဝကင်းစင်ဖို့ဆိုတာလဲမဖြစ်နိုင်သလောက်ကို
ခက်ခဲပါတယ်တဲ့ )
**ချွေးပေါက်ကျယ်သူတွေအတွက်မျက်နှာသစ်ရင်ကြက်သီးနွေးရေနဲ့အမြဲသစ်ပြီးနောက်ဆုံးမှာအမြဲရေအေး
နဲ့ပြန်သစ်ရမယ်နော်..

အားလုံးပဲအန္တရာယ်ကင်းကင်းလှနိုင်ကြပါစေ.

Credit:BeautyStoriesByChaw

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top