iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ဗီရုိထဲကေန ဝုိင္ပုလင္းေလး ထုတ္ယူျပီး မသုံးေဆာင္ခင္ ဆားလက္တစ္ဆစ္စာ ထည့္တာက ရယ္စရာ ျဖစ္ႏုိင္ေပမယ့္ အဲဒါဟာ အနံ႔အရသာဟန္ခ်က္ ပ်က္ေနတဲ့ ဝုိင္ပုလင္းကို ဟန္ခ်က္ညိွေပးဖုိ႔ စပ်စ္ဝုိင္အေၾကာင္း အထူးတတ္သိနားလည္သူေတြ အၾကံျပဳတဲ့အခ်က္ ျဖစ္ပါတယ္။

ယခင္မိုက္ခရုိေဆာ့ဖ္နည္းပညာကုမၸဏီ အၾကီးအကဲျဖစ္သူ Nathan Myhrvold က ဝုိင္ခြက္ထဲ ဆားအနည္းငယ္ထည့္တာ အရသာမြတ္ေစျပီး တခ်ဳိ႕စပ်စ္ဝုိင္ေတြရဲ႕ အနံ႔အရသာကို ဟန္ခ်က္ညီေအာင္ ထိန္းေပးႏုိင္ေၾကာင္း ေတြ႔ရိွခဲ့ပါတယ္။

Myhrvold ဒီနည္းကို လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ပါတီပြဲတစ္ခုမွာ ပထမဆုံးအၾကိမ္ စမ္းၾကည့္ခဲ့တာလုိ႔ The Wall Street Journal အရ သိရပါတယ္။ အက်ဳိးဆက္အေနနဲ႔ ဝုိင္အရသာ ပိုေကာင္းသြားျပီး စားပြဲဝုိင္းက လူအားလုံး ခ်က္ခ်င္း လုိက္ လုပ္ခဲ့ၾကပါတယ္။

ဝုိင္ၾကိဳက္သူေတြအတြက္ အနံ႔အရသာ မွ်ေအာင္စီမံလုပ္ေဆာင္တာက အေရးၾကီးဆုံးအခ်က္ ျဖစ္ပါတယ္။ ေစ်းၾကီးတဲ့ စပ်စ္ဝုိင္ တတ္ႏုိင္ခ်င္မွ တတ္ႏုိင္ပါလိမ့္မယ္။ ဒါေပမယ့္ ဆားအနည္းငယ္ခတ္ေပးလုိက္ျခင္းျဖင့္ အတင့္အသင့္ေကာင္းမြန္တဲ့ ဝုိင္ကို ရရိွမွာ ျဖစ္ပါတယ္။ 

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်ဗီရိုထဲကနေ ဝိုင်ပုလင်းလေး ထုတ်ယူပြီး မသုံးဆောင်ခင် ဆားလက်တစ်ဆစ်စာ ထည့်တာက ရယ်စရာ ဖြစ်နိုင်ပေမယ့် အဲဒါဟာ အနံ့အရသာဟန်ချက် ပျက်နေတဲ့ ဝိုင်ပုလင်းကို ဟန်ချက်ညှိပေးဖို့ စပျစ်ဝိုင်အကြောင်း အထူးတတ်သိနားလည်သူတွေ အကြံပြုတဲ့အချက် ဖြစ်ပါတယ်။

ယခင်မိုက်ခရိုဆော့ဖ်နည်းပညာကုမ္ပဏီ အကြီးအကဲဖြစ်သူ Nathan Myhrvold က ဝိုင်ခွက်ထဲ ဆားအနည်းငယ်ထည့်တာ အရသာမွတ်စေပြီး တချို့စပျစ်ဝိုင်တွေရဲ့ အနံ့အရသာကို ဟန်ချက်ညီအောင် ထိန်းပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

Myhrvold ဒီနည်းကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပါတီပွဲတစ်ခုမှာ ပထမဆုံးအကြိမ် စမ်းကြည့်ခဲ့တာလို့ The Wall Street Journal အရ သိရပါတယ်။ အကျိုးဆက်အနေနဲ့ ဝိုင်အရသာ ပိုကောင်းသွားပြီး စားပွဲဝိုင်းက လူအားလုံး ချက်ချင်း လိုက် လုပ်ခဲ့ကြပါတယ်။

ဝိုင်ကြိုက်သူတွေအတွက် အနံ့အရသာ မျှအောင်စီမံလုပ်ဆောင်တာက အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။ ဈေးကြီးတဲ့ စပျစ်ဝိုင် တတ်နိုင်ချင်မှ တတ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဆားအနည်းငယ်ခတ်ပေးလိုက်ခြင်းဖြင့် အတင့်အသင့်ကောင်းမွန်တဲ့ ဝိုင်ကို ရရှိမှာ ဖြစ်ပါတယ်။ 


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top