iMyanmarHouse.com - Best Property Website for Myanmar
×








Unicode Version

ကြွက်သား ၊ အရွတ်နှင့်အဆစ်အမြစ်တို့ကို ပြေလျော့ စေသည် ။ တစ်ချိန်တည်းမှာလေးဖက်နာ၊ ကြွက်သား စုတ်ပြဲခြင်း ၊ မောပန်းခြင်းတို့ကြောင့်ဖြစ်စေသော ကြွက် သား ၊ အဆစ်အမြစ် နာကျင်ခြင်းကို ပျောက် ကင်းစေသည် ။ ပူနွေးခြင်းက သွေးလှည့်ပတ်စီးဆင်းမှုကိုလှုံ့ဆော်ပေး သည် ။ ရောဂါအပြီးပျောက်အောင် ကုသခြင်းမျိုး မဟုတ်သော်လည်း ရောင်ရမ်းနာကျင်မှုများကို သက်သာ စေသည် ။

ရေနွေးက ချွေးပေါက်များကို ပွင့်စေပြီး လွယ်ကူ စွာသန့်စင်နိုင်ကာ အလွယ်တကူချေးများ ကျွတ်စေနိုင် သည်။ ရေအေးနှင့် မျက်နှာသစ်လျှင် ချွေးပေါက်များကို နောက်တစ်ကြိမ် ထပ်ပိတ်စေသည်။
နံနက်အိပ်ယာထထချင်း ၊ ခန္ဓာကိုယ်က တောင့်တင်း နေတတ်သဖြင့် သွေးလှည့်ပတ်မှုကောင်းစေ ရန် ရေ နွေးနှင့် ချိုးသင့်သည် ။ နံနက်တွင်ရေနွေးနှင့်ရေချိုးခြင်း သည် သွေးပူလေ့ကျင့်ခန်းလုပ်သကဲ့သို့ ခန္ဓာကိုယ်ကို နွေးထွေးစေသည် ။

နှိပ်နယ်ခြင်းအပြင်လည်ချောင်း ၊ ပုခုံးတို့နာကျင်ခြင်း ၊ ပုခုံးကြောများတင်းခြင်း ခံစားရသည့် အခါ ရေနွေး နှင့်ရေချိုးခြင်းက ခန္ဓာကိုယ်ကိုပေါ့ပါးစေသည် ။
ချောင်းဆိုးသက်သာစေရန် ချွဲများကြေစေရန်ရေ နွေးနှင့်ရေချိုးပါ ။ ရေနွေးထဲကို ယူကလစ်ဆီ ထည့်၍ အငွေ့ကိုရှူပါ ။ ခန္ဓာကိုယ်ကိုလိမ်းပေးပါ ။ အသက်ရှူ ချောင်လာလိမ့်မည် ။
ကိုယ် ၊ စိတ်ပင်ပန်းခြင်း ၊ အိပ်မပျော်ခြင်းအတွက် ရေနွေးနှင့် (၁၀)မိနစ်ခန့်ရေချိုးကြည့်ပါ ။ ခန္ဓာကိုယ် ၊ စိတ်နှင့် အကြောအခြင်များကို ပြေလျော့စေပြီး စိတ်ချမ်း သာစွာ စိတ်လက်အနားယူနိုင်ပါမည် ။


Credit:Health Updates Journal



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top