iMyanmarHouse.com - Best Property Website for Myanmar
×





#Unicode Verison

အမေရိကန်မှ လေ့လာမှုတစ်ခု အရ လုံလောက်သော အိပ်စက်မှုက အမျိုးသားများတွင် အမျိုးအစားနှစ် ဆီးချိုဖြစ်ပွားမှုကို လျော့ကျစေသည် ဟု ဆိုခဲ့သည် ။ လေ့လာမှုရလဒ်များ အရ နေ့စဉ်အလုပ်များမှုကြောင့် အိပ် ရေးဝဝမအိပ်နိုင်သော အမျိုးသား များတွင်အပတ်စဉ် အလုပ်အားရက် များ၌ သုံးရက်ခန့် ပုံမှန် အိပ်ချိန်ထက် ပိုအိပ်ပေးပါက အင်ဆူလင် အာရုံ ခံစားမှုပိုမို မြင့်တက်လာစေနိုင်ကြောင်း သိရသည် ။

 ယခုလေ့လာမှုအား လော့အိန်ဂျလိစ် ဇီဝဆေးပညာ လေ့ လာရေးအင်စတီကျူမှ လုပ်ဆောင် ခဲ့ ခြင်းဖြစ်သည် ။ လေ့လာသူအဖွဲ့ ခေါင်းဆောင်က ကျွန်တော်တို့အားလုံး ဟာ လုံလောက်စွာ အိပ်စက်ဖို့လိုအပ် ကြောင်းသိကြပါတယ် ။ ဒါပေမယ့် ခေတ်ရေစီးကြောင်းအရ များသော အားဖြင့် အိပ်ပျက်ညတွေနဲ့ ရင်ဆိုင် နေရပါတယ် ။ ကျွန်တော်တို့ရဲ့ လေ့ လာမှုမှာ အိပ်ချိန်ထပ်တိုးလိုက်ခြင်း အားဖြင့် ခန္ဓာကိုယ်ရဲ့ အင်ဆူလင် အာရုံခံစားမှုဖြင့် တက်လာကြောင်း တွေ့ရှိခဲ့ပြီး ယင်းအချက်က အရွယ် ရောက်ပြီး အမျိုးသားများတွင် အမျိုး အစားနှစ် ဆီးချိုဖြစ်ပွားမှုနှုန်း လျော့ ကျစေရန် ကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည် ကြောင်းပြောကြားခဲ့သည် ။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:Health Updates Journal
https://www.facebook.com/HealthUpdatesJournal
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top