iMyanmarHouse.com - Best Property Website for Myanmar
×

1. ရင္သားက ဘရာဇီယာအျပင္သို႔ ေဖာင္ကားထြက္ေနျခင္း

ဝတ္ထားတဲ့ဘရာဇီယာဟာ ရင္အံုတစ္လံုးကိုအုပ္မိဖို႔လိုအပ္ပါတယ္။ ရင္သားကိုအေပၚကို ျမႇင့္တင္ေပး တဲ့ ဘရာဒီဇုိင္းကို ဝတ္ဆင္မယ္ဆိုရင္ေတာင္မွ ပိုႀကီးတဲ့ဘရာအရြယ္အစားကိုေရြးခ်ယ္မွ သာ ႏူးညံ့တဲ့ရင္သားတစ္သွ်ဴးအေပၚမွာ တင္းက်ပ္တဲ့ဖိအားသက္ေရာက္မႈမရွိေစမွာျဖစ္ပါတယ္။

2. ရင္သားက ဘရာေအာက္မွ အျပင္သို႔ကၽြံေနျခင္း

မိမိရင္အံုထက္ အရြယ္အစားေသးတဲ့ဘရာကိုေရြးခ်ယ္မိတာေၾကာင့္ျဖစ္ပါတယ္။ ဘရာဝိတ္ရဲ႕ အလယ္ဗဟိုဟာ ရင္ညြန္႔႐ိုးႏွင့္ကပ္လ်က္အေနအထားမွာသာ ရွိသင့္ပါတယ္။

3. ေနာက္ဆံုးခ်ိတ္တြင္ ခ်ိတ္မွသာ အဆင္ေျပျခင္း

ဘရာမွာ အေလ်ာ့အတင္းလုပ္ဖို႔အတြက္ ခ်ိတ္ေတြပါေလ့ရွိပါတယ္။ အခ်ိန္ၾကာလာတာနင့္အမွ် ဘရာဟာေလ်ာ့လ်ဲလာတာေၾကာင့္ တင္းတင္းက်ပ္က်ပ္ရွိေနေစဖုိ႔ ခ်ိတ္ကိုအေရွ႕တုိးၿပီး ခ်ိတ္ႏုိင္ေအာင္စီမံထားတာျဖစ္ပါတယ္။ ပထမအႀကိမ္ဝတ္ၾကည့္စဥ္အခါကတည္းက ေနာက္ဆံုးခ်ိတ္မွာ ခ်ိတ္ေနရပါကပိုႀကီးတဲ့ဘရာဆုိဒ္ကို ေရြးခ်ယ္သင့္ပါတယ္။

4. နာက်င္မႈေဝဒနာခံစားရျခင္း

လည္ပင္းႏွင့္ ေနာက္ေက်ာဘက္မွာ နာက်င္မႈကိုခံစားေနရျခင္းဟာ ဘရာကမွန္ကန္တဲ့ေထာက္ပံ့မႈ မရျခင္းေၾကာင့္ျဖစ္ၿပီး ဘရာအရြယ္အစားမွားယြင္းေနတဲ့လကၡဏာျဖစ္ပါတယ္။

5. ဘရာရဲ႕အေနာက္ဘက္က အေရွ႕ဘက္ထက္ျမင့္ေနျခင္း

မွန္ေရွ႕တြင္ ေဘးတုိက္အေနအထားျဖင့္ရပ္ၿပီး ဘရာရဲ႕အေရွ႕ဘက္ႏွင့္အေနာက္ဘက္အေနအထားကို ယွဥ္ၾကည့္ပါ။ အေရွ႕အေနာက္ေရျပင္ညီအေနအထားျဖင့္ တေနရာတည္းရွိေနရမွားအစား အေနာက္ဘက္ကအေရွ႕ဘက္ထက္ ပိုျမင့္ေနပါက မွားယြင္းတဲ့ဘရာကို ေရြးခ်ယ္မိတာျဖစ္ပါတယ္။

6. ပခံုးသိုင္းႀကိဳးအရာထင္က်န္ေနျခင္း

ပခံုးသိုင္းႀကိဳးဟာ ပခံုးေပၚတြင္ ၿမဲျမံစြာရွိသင့္တယ္ဆိုေပမယ့္ အရာထင္က်န္သည့္တုိင္ေအာင္ နစ္ဝင္ေနပါက ဘရာက မႏုိင္ဝန္ထမ္းထားရတယ္ဆိုတဲ့ အဓိပၸါယ္ပဲျဖစ္ပါတယ္။

7. ဘရာတစ္ထည္ကို ႏွစ္အေတာ္ၾကာေအာင္ ဝတ္ဆင္ျခင္း

ကိုယ္အေလးခ်ိန္အတက္အက်ရွိတာေၾကာင့္ ကိုယ္အေလးခ်ိန္ေပၚမူတည္ၿပီး ဘရာအရြယ္အစားကို ေျပာင္းလဲဖုိ႔လိုအပ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Drmyanmar

#Unicode Version

1. ရင်သားက ဘရာဇီယာအပြင်သို့ ဖောင်ကားထွက်နေခြင်း

ဝတ်ထားတဲ့ဘရာဇီယာဟာ ရင်အုံတစ်လုံးကိုအုပ်မိဖို့လိုအပ်ပါတယ်။ ရင်သားကိုအပေါ်ကို မြှင့်တင်ပေး တဲ့ ဘရာဒီဇိုင်းကို ဝတ်ဆင်မယ်ဆိုရင်တောင်မှ ပိုကြီးတဲ့ဘရာအရွယ်အစားကိုရွေးချယ်မှ သာ နူးညံ့တဲ့ရင်သားတစ်သျှူးအပေါ်မှာ တင်းကျပ်တဲ့ဖိအားသက်ရောက်မှုမရှိစေမှာဖြစ်ပါတယ်။

2. ရင်သားက ဘရာအောက်မှ အပြင်သို့ကျွံနေခြင်း

မိမိရင်အုံထက် အရွယ်အစားသေးတဲ့ဘရာကိုရွေးချယ်မိတာကြောင့်ဖြစ်ပါတယ်။ ဘရာဝိတ်ရဲ့ အလယ်ဗဟိုဟာ ရင်ညွန့်ရိုးနှင့်ကပ်လျက်အနေအထားမှာသာ ရှိသင့်ပါတယ်။

3. နောက်ဆုံးချိတ်တွင် ချိတ်မှသာ အဆင်ပြေခြင်း

ဘရာမှာ အလျော့အတင်းလုပ်ဖို့အတွက် ချိတ်တွေပါလေ့ရှိပါတယ်။ အချိန်ကြာလာတာနင့်အမျှ ဘရာဟာလျော့လျဲလာတာကြောင့် တင်းတင်းကျပ်ကျပ်ရှိနေစေဖို့ ချိတ်ကိုအရှေ့တိုးပြီး ချိတ်နိုင်အောင်စီမံထားတာဖြစ်ပါတယ်။ ပထမအကြိမ်ဝတ်ကြည့်စဉ်အခါကတည်းက နောက်ဆုံးချိတ်မှာ ချိတ်နေရပါကပိုကြီးတဲ့ဘရာဆိုဒ်ကို ရွေးချယ်သင့်ပါတယ်။

4. နာကျင်မှုဝေဒနာခံစားရခြင်း

လည်ပင်းနှင့် နောက်ကျောဘက်မှာ နာကျင်မှုကိုခံစားနေရခြင်းဟာ ဘရာကမှန်ကန်တဲ့ထောက်ပံ့မှု မရခြင်းကြောင့်ဖြစ်ပြီး ဘရာအရွယ်အစားမှားယွင်းနေတဲ့လက္ခဏာဖြစ်ပါတယ်။

5. ဘရာရဲ့အနောက်ဘက်က အရှေ့ဘက်ထက်မြင့်နေခြင်း

မှန်ရှေ့တွင် ဘေးတိုက်အနေအထားဖြင့်ရပ်ပြီး ဘရာရဲ့အရှေ့ဘက်နှင့်အနောက်ဘက်အနေအထားကို ယှဉ်ကြည့်ပါ။ အရှေ့အနောက်ရေပြင်ညီအနေအထားဖြင့် တနေရာတည်းရှိနေရမှားအစား အနောက်ဘက်ကအရှေ့ဘက်ထက် ပိုမြင့်နေပါက မှားယွင်းတဲ့ဘရာကို ရွေးချယ်မိတာဖြစ်ပါတယ်။

6. ပခုံးသိုင်းကြိုးအရာထင်ကျန်နေခြင်း

ပခုံးသိုင်းကြိုးဟာ ပခုံးပေါ်တွင် မြဲမြံစွာရှိသင့်တယ်ဆိုပေမယ့် အရာထင်ကျန်သည့်တိုင်အောင် နစ်ဝင်နေပါက ဘရာက မနိုင်ဝန်ထမ်းထားရတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။

7. ဘရာတစ်ထည်ကို နှစ်အတော်ကြာအောင် ဝတ်ဆင်ခြင်း

ကိုယ်အလေးချိန်အတက်အကျရှိတာကြောင့် ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ဘရာအရွယ်အစားကို ပြောင်းလဲဖို့လိုအပ်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Drmyanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top