iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ဝန္ေဆာင္ေတြအေနနဲ႔ ငါးႀကီးဆီကို မွီဝဲေပးမယ္ဆုိရင္ ေမြးလာတဲဲ့ကေလးဟာ ပန္းနာရင္ၾကပ္ေရာဂါ ျဖစ္ႏိုင္ေျခကို ေလ်ာ့ခ်ေပးႏုိင္ေၾကာင္း ပညာရွင္ေတြက ဆိုပါတယ္။ ငါးႀကီးဆီကရတဲ့ EPA နဲ႔ DHA တို႔ဟာ ကေလးအတြက္ အဓိကလုိအပ္တဲ့ဓာတ္ေတြျဖစ္ၿပီး ကေလးကို ပန္းနာရင္ၾကပ္မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ မီးမဖြားမီ သံုးလအလိုကတည္းက ငါးႀကီးဆီကို ပံုမွန္မွီဝဲသင့္တယ္လို႔ သိပၸံပညာရွင္ေတြက ေလ့လာမႈအရ အၾကံေပးထားပါတယ္။

ဒီေလ့လာမႈကို ဒိန္းမတ္က သုေတသီေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး ကိုယ္ဝန္ေဆာင္ ၆၉၅ ဦးကို ငါးႀကီးဆီ ၂.၄ ဂရမ္ ေန႔စဥ္တုိက္ေကၽြးကာ ေလ့လာေစာင့္ၾကည့္ခဲ့ၾကတာပါ။ မီးမဖြားမီ ၂၄ ပတ္ အလိုမွ မီးဖြားၿပီးတစ္ပတ္ၾကာတဲဲ႔အထိ ငါးႀကီးဆီနဲ႔ သံလြင္ဆီကို ေန႔စဥ္တိုက္ေကၽြးခဲ့ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ကေလးကို စမ္းသပ္ၾကည့္ရာမွာ ကေလးဟာ ပန္းနာရင္ၾကပ္ေရာဂါျဖစ္ႏိုင္ေျခ ၂၃.၇ ရာခိုင္ႏႈန္းအစား ၁၆.၉ ရာခိုင္ႏႈန္းသာ ရွိေတာ့တာကို ေတြ႔ခဲ့ၾကရတာျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

ကိုယ်ဝန်ဆောင်တွေအနေနဲ့ ငါးကြီးဆီကို မှီဝဲပေးမယ်ဆိုရင် မွေးလာတဲ့ကလေးဟာ ပန်းနာရင်ကြပ်ရောဂါ ဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ကြောင်း ပညာရှင်တွေက ဆိုပါတယ်။ ငါးကြီးဆီကရတဲ့ EPA နဲ့ DHA တို့ဟာ ကလေးအတွက် အဓိကလိုအပ်တဲ့ဓာတ်တွေဖြစ်ပြီး ကလေးကို ပန်းနာရင်ကြပ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မီးမဖွားမီ သုံးလအလိုကတည်းက ငါးကြီးဆီကို ပုံမှန်မှီဝဲသင့်တယ်လို့ သိပ္ပံပညာရှင်တွေက လေ့လာမှုအရ အကြံပေးထားပါတယ်။

ဒီလေ့လာမှုကို ဒိန်းမတ်က သုတေသီတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ကိုယ်ဝန်ဆောင် ၆၉၅ ဦးကို ငါးကြီးဆီ ၂.၄ ဂရမ် နေ့စဉ်တိုက်ကျွေးကာ လေ့လာစောင့်ကြည့်ခဲ့ကြတာပါ။ မီးမဖွားမီ ၂၄ ပတ် အလိုမှ မီးဖွားပြီးတစ်ပတ်ကြာတဲ့အထိ ငါးကြီးဆီနဲ့ သံလွင်ဆီကို နေ့စဉ်တိုက်ကျွေးခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ကလေးကို စမ်းသပ်ကြည့်ရာမှာ ကလေးဟာ ပန်းနာရင်ကြပ်ရောဂါဖြစ်နိုင်ခြေ ၂၃.၇ ရာခိုင်နှုန်းအစား ၁၆.၉ ရာခိုင်နှုန်းသာ ရှိတော့တာကို တွေ့ခဲ့ကြရတာဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top