iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ ေထာင္တစ္ခု ခိုင္ျမဲဖုိ႕ ဆုိရာမွာ အျပန္အလွန္ နားလည္မႈ၊ သစၥာရွိတတ္ဖုိ႕၊ ေဖးမကူညီၾကင္နာတတ္ဖုိ႕ စတဲ့ အေရးၾကီးတဲ့အရာေတြအျပင္ အျခားေသာ မျဖစ္မေနလုပ္ေဆာင္ေပးသင့္တဲ့ အရာေလးေတြ ရွိပါတယ္။ တစ္ခါတစ္ေလ ကိုယ္အေရးမၾကီးဘူးလို႕ ထင္ထားတဲ့ အရာေလးေတြက အိမ္ေထာင္ေရးသာယာေစဖုိ႕ အဓိကအေရးပါတဲ့ အခ်က္ေတြ ျဖစ္ေနတတ္ပါတယ္။ ခုလည္း သင္နဲ႕သင့္အိမ္ေထာင္ဖက္ၾကား ႏွစ္ေယာက္စလံုး ညအိပ္ယာမ၀င္ခင္ လုပ္ေဆာင္ေပးသင့္တဲ့ အရာေလးေတြ ေျပာျပေပးသြားပါမယ္။ ဒီအရာေတြက သင္တုိ႕အိမ္ေထာင္ေရးအတြက္ ပိုမိုခုိင္ျမဲေစတဲ့ သံေယာဇဥ္ၾကိဳးေတြကို ျဖစ္ေပၚေစမယ္ဆုိတာ မယံုမရွိပါနဲ႕။

၁။ႏွစ္ဦးသား အိပ္ယာ၀င္တဲ့ အခ်ိန္ အတူတူ ျဖစ္ပါေစ။

သင္တုိ႕ႏွစ္ဦးဟာ တစ္ေယာက္က တီဗီကို ညနက္တဲ့အထိ ၾကည့္တတ္လုိ႕၊ ဒါမွမဟုတ္ အလုပ္ေတြကို ေနာက္က်တဲ့ အခ်ိန္ထိလုပ္ေနတတ္လို႕၊ စသျဖင့္ အိပ္ယာ၀င္ခ်ိန္ ညႈိယူလို႕မရတာမ်ိဳးေတြ ရွိခဲ့တယ္ဆုိရင္ အတတ္ႏိုင္ဆံုး အိပ္ယာအတူတူ ၀င္ႏိုင္ေအာင္ ၾကိဳးစားသင့္ပါတယ္။ ညတုိင္း ကိုယ့္အိမ္ေထာင္ဖက္နဲ႕အခ်ိန္အတူတူ အိပ္ယာ၀င္ျခင္းဟာ သင္တုိ႕အိမ္ေထာင္ေရးအတြက္ မ်ားစြာအေရးပါပါတယ္။

၂။အီလက္ထေရာနစ္ပစၥည္းေတြကို အေ၀းမွာ ထားလိုက္ပါ။

အိပ္ယာေပၚေရာက္သြားျပီဆိုတာနဲ႕ ဖုန္းကို ပိတ္လိုက္တာ၊ ဒါမွမဟုတ္ ခပ္ေ၀းေ၀းမွာထားလိုက္တာမ်ိဳး၊ laptop ကို ပိတ္ျပီး စာၾကည့္စားပြဲေပၚ တင္ထားလိုက္တာမ်ိဳးေတြ လုပ္သင့္ပါတယ္။ အိပ္ယာထဲမွာ အဲ့ဒီအရာေတြကို ထပ္အခ်ိန္ေပးေနဖုိ႕ မလိုေတာ့ပါဘူး။

၃။ႏွစ္ဦးသား ခ်ိဳျမိန္ဖြယ္စကားေလးေတြ ေျပာပါ။

အလုပ္ေတြ ဘယ္ေလာက္ပင္ပန္းတယ္ဆုိတာမ်ိဳး၊ ဒီေန႕ ေန႕လည္စာ စားရတာ အဆင္မေျပဘူး ဆုိတာမ်ိဳးေတြ ေျပာေတာ့ေျပာပါ။ ဒါေပမယ့္ အနည္းအက်ဥ္းသာ ေျပာျပီး ႏွစ္ဦးသားအတြက္ ခ်ိဳျမိန္တဲ့ အခ်ိန္ေလးကို ဖန္တီးႏိုင္ဖုိ႕ စကားစကို ေျပာင္းလိုက္ပါ။

၄။အထိအေတြ႕ပံုစံေတြက အသစ္ျဖစ္ပါေစ။

ကိုယ့္အိမ္ေထာင္ဖက္အေပၚ ကိုယ့္ရဲ႕အထိအေတြ႕ေတြက အေဟာင္းအတုိင္းခ်ည္း၊ တစ္ပံုစံတည္းခ်ည္း ျဖစ္မေနဖုိ႕ ဂရုစိုက္ပါ။ သူ႕ကိုရိုးအီသြားေစတဲ့ အေတြ႕အထိမ်ိဳးထဲက ခြဲထြက္ျပီး အသစ္ျဖစ္ေစမယ့္ ပံုစံေတြကို စဥ္းစားလုပ္ေဆာင္ၾကည့္ပါ။

၅။အိပ္ခါနီးတုိင္း အနမ္းေျခြပါ။ညတုိင္း လုပ္ေဆာင္ေပးပါ။

လူေတြဟာ ညဘက္အိပ္တဲ့ါအခါ တစ္ေယာက္နဲ႕တစ္ေယာက္ အတင္းပူးကပ္အိပ္ရတာမ်ိဳး ၾကိဳက္တဲ့သူ ရွိသလို ပူတာေၾကာင့္၊ ဒါမွမဟုတ္ အက်င့္ေၾကာင့္ ကိုယ့္အိမ္ေထာင္ဖက္နဲ႕ ခပ္ခြာခြာေလး အိပ္တတ္ၾကတာမ်ိဳး ရွိပါတယ္။ ဘယ္လိုပဲအိပ္အိပ္ ေန႕တစ္ေန႕ရဲ႕အဆံုးသတ္ကို ခ်စ္ခင္ၾကင္နာစြာ အဆံုးသတ္ဖုိ႕ အေရးၾကီးပါတယ္။ ကုိယ့္အိမ္ေထာင္ဖက္ကို အနမ္းေပးျပီး အဆံုးသတ္ျခင္းဟာ သင္တုိ႕ႏွစ္ေယာက္အတြက္ သံေယာဇဥ္ပိုတိုးေစတယ္ဆုိတာ ေျပာေနစရာကို မလိုေတာ့ပါဘူးေနာ္။

Credit:Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အိမ် ထောင်တစ်ခု ခိုင်မြဲဖို့ ဆိုရာမှာ အပြန်အလှန် နားလည်မှု၊ သစ္စာရှိတတ်ဖို့၊ ဖေးမကူညီကြင်နာတတ်ဖို့ စတဲ့ အရေးကြီးတဲ့အရာတွေအပြင် အခြားသော မဖြစ်မနေလုပ်ဆောင်ပေးသင့်တဲ့ အရာလေးတွေ ရှိပါတယ်။ တစ်ခါတစ်လေ ကိုယ်အရေးမကြီးဘူးလို့ ထင်ထားတဲ့ အရာလေးတွေက အိမ်ထောင်ရေးသာယာစေဖို့ အဓိကအရေးပါတဲ့ အချက်တွေ ဖြစ်နေတတ်ပါတယ်။ ခုလည်း သင်နဲ့သင့်အိမ်ထောင်ဖက်ကြား နှစ်ယောက်စလုံး ညအိပ်ယာမဝင်ခင် လုပ်ဆောင်ပေးသင့်တဲ့ အရာလေးတွေ ပြောပြပေးသွားပါမယ်။ ဒီအရာတွေက သင်တို့အိမ်ထောင်ရေးအတွက် ပိုမိုခိုင်မြဲစေတဲ့ သံယောဇဉ်ကြိုးတွေကို ဖြစ်ပေါ်စေမယ်ဆိုတာ မယုံမရှိပါနဲ့။

၁။နှစ်ဦးသား အိပ်ယာဝင်တဲ့ အချိန် အတူတူ ဖြစ်ပါစေ။

သင်တို့နှစ်ဦးဟာ တစ်ယောက်က တီဗီကို ညနက်တဲ့အထိ ကြည့်တတ်လို့၊ ဒါမှမဟုတ် အလုပ်တွေကို နောက်ကျတဲ့ အချိန်ထိလုပ်နေတတ်လို့၊ စသဖြင့် အိပ်ယာဝင်ချိန် ညှိုယူလို့မရတာမျိုးတွေ ရှိခဲ့တယ်ဆိုရင် အတတ်နိုင်ဆုံး အိပ်ယာအတူတူ ဝင်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ညတိုင်း ကိုယ့်အိမ်ထောင်ဖက်နဲ့အချိန်အတူတူ အိပ်ယာဝင်ခြင်းဟာ သင်တို့အိမ်ထောင်ရေးအတွက် များစွာအရေးပါပါတယ်။

၂။အီလက်ထရောနစ်ပစ္စည်းတွေကို အဝေးမှာ ထားလိုက်ပါ။

အိပ်ယာပေါ်ရောက်သွားပြီဆိုတာနဲ့ ဖုန်းကို ပိတ်လိုက်တာ၊ ဒါမှမဟုတ် ခပ်ဝေးဝေးမှာထားလိုက်တာမျိုး၊ laptop ကို ပိတ်ပြီး စာကြည့်စားပွဲပေါ် တင်ထားလိုက်တာမျိုးတွေ လုပ်သင့်ပါတယ်။ အိပ်ယာထဲမှာ အဲ့ဒီအရာတွေကို ထပ်အချိန်ပေးနေဖို့ မလိုတော့ပါဘူး။

၃။နှစ်ဦးသား ချိုမြိန်ဖွယ်စကားလေးတွေ ပြောပါ။

အလုပ်တွေ ဘယ်လောက်ပင်ပန်းတယ်ဆိုတာမျိုး၊ ဒီနေ့ နေ့လည်စာ စားရတာ အဆင်မပြေဘူး ဆိုတာမျိုးတွေ ပြောတော့ပြောပါ။ ဒါပေမယ့် အနည်းအကျဉ်းသာ ပြောပြီး နှစ်ဦးသားအတွက် ချိုမြိန်တဲ့ အချိန်လေးကို ဖန်တီးနိုင်ဖို့ စကားစကို ပြောင်းလိုက်ပါ။

၄။အထိအတွေ့ပုံစံတွေက အသစ်ဖြစ်ပါစေ။

ကိုယ့်အိမ်ထောင်ဖက်အပေါ် ကိုယ့်ရဲ့အထိအတွေ့တွေက အဟောင်းအတိုင်းချည်း၊ တစ်ပုံစံတည်းချည်း ဖြစ်မနေဖို့ ဂရုစိုက်ပါ။ သူ့ကိုရိုးအီသွားစေတဲ့ အတွေ့အထိမျိုးထဲက ခွဲထွက်ပြီး အသစ်ဖြစ်စေမယ့် ပုံစံတွေကို စဉ်းစားလုပ်ဆောင်ကြည့်ပါ။

၅။အိပ်ခါနီးတိုင်း အနမ်းခြွေပါ။ညတိုင်း လုပ်ဆောင်ပေးပါ။

လူတွေဟာ ညဘက်အိပ်တဲ့ါအခါ တစ်ယောက်နဲ့တစ်ယောက် အတင်းပူးကပ်အိပ်ရတာမျိုး ကြိုက်တဲ့သူ ရှိသလို ပူတာကြောင့်၊ ဒါမှမဟုတ် အကျင့်ကြောင့် ကိုယ့်အိမ်ထောင်ဖက်နဲ့ ခပ်ခွာခွာလေး အိပ်တတ်ကြတာမျိုး ရှိပါတယ်။ ဘယ်လိုပဲအိပ်အိပ် နေ့တစ်နေ့ရဲ့အဆုံးသတ်ကို ချစ်ခင်ကြင်နာစွာ အဆုံးသတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်အိမ်ထောင်ဖက်ကို အနမ်းပေးပြီး အဆုံးသတ်ခြင်းဟာ သင်တို့နှစ်ယောက်အတွက် သံယောဇဉ်ပိုတိုးစေတယ်ဆိုတာ ပြောနေစရာကို မလိုတော့ပါဘူးနော်။


Credit:Trend Myanmar




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top