iMyanmarHouse.com - Best Property Website for Myanmar
×

သဘာဝတရားကိုက ေယာက္်ားနဲ႔မိန္းမဆုိတာ ခႏၶာကိုယ္ဖြဲ႔စည္းတည္ေဆာက္ပံု မတူညီသလို စိတ္ေနစိတ္ထားကလည္း ကြဲျပားသူေတြပါ။ ေနထိုင္မႈပံုစံေတြ မတူၾကသလို အေတြးအေခၚေတြကလည္း မတူညီၾကပါဘူး။ မိန္းကေလးေတြရဲ႕ မတူညီတဲ့ ခံစားခ်က္ အျပဳအမူေတြကို ေယာက္်ားေလးေတြဘက္က နားလည္ေပးႏိုင္ေပမဲ့ ဒီလိုအျပဳအမူေတြကိုဆိုရင္ေတာ့ သည္းမခံႏုိင္ဘူးလို႔ ဆိုၾကပါတယ္။

၁။ ထင္ရာစိုင္း

ဒါဆုိမွဒါ၊ အခုဆုိအခု မလုပ္ရရင္ ျပႆနာ႐ွာတတ္တဲ့ မိန္းကေလးေတြကို ေယာက္်ားေလးေတြက စိတ္ကုန္ပါတယ္။ အေျခအေနနဲ႔ အခ်ိန္အခါကိုမၾကည့္ဘဲ ထင္ရာစိုင္းၿပီး လုပ္ခ်င္တာလုပ္တာမ်ိဳးက ေကာင္ေလးတစ္ေယာက္ရဲ႕အခ်စ္ကို ၾကာ႐ွည္ရ႐ွိႏိုင္မွာမဟုတ္ပါဘူး။

၂။ ပင္ကိုယ္အရည္အခ်င္းမ႐ွိတာ

သမီးရည္းစားဘဝမွာေတာ့ ကိစၥမ႐ွိေပမဲ့ အိမ္ ေထာင္သည္ဘဝမွာဆုိရင္ ဘာမွမလုပ္တတ္ မကိုင္တတ္တဲ့ ဇနီးသည္ဟာ ခင္ပြန္းကို အကူအညီမျဖစ္ပါဘူး။ အေျမာ္အျမင္ႀကီးတဲ့ ေယာက္်ားေလးေတြက ဘာမွမလုပ္ဘဲ မိဘပိုက္ဆံျဖဳန္းဖို႔သာတတ္တဲ့ မိန္းကေလးေတြကို မႏွစ္သက္ဘူးေလ။

၃။ တျခားလူနဲ႔ႏႈိင္းယွဥ္ျခင္း

" ဟိုလူကျဖင့္ ဘယ္လိုေတြေတာ္တာ၊ ခ်စ္သူကို ဘယ္လိုဂ႐ုစိုက္တာ" ဆိုၿပီး ႏႈိင္းယွဥ္ေျပာေလ့႐ွိတဲ့အျပဳအမူဟာ ေယာက္်ားတစ္ေယာက္ကို အႀကီးအက်ယ္ စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့အရာပါ။ ဒီပံုစံ ဒီအေနအထားကို လက္မခံႏိုင္ရင္ အစတည္းက လက္မတြဲခဲ့နဲ႔ေပါ့။

၄။ ေျပာသားပဲ

ကိစၥတစ္ခုခုမွာ တလြဲတေခ်ာ္ျဖစ္သြားတဲ့အခါ "ကၽြန္မ ေျပာခဲ့သားပဲ" ဆိုတဲ့ စကားမ်ိဳးကို ဘယ္သူကမွ နားမေထာင္ခ်င္ပါဘူး။ အမွားအယြင္းတစ္ခုခုၾကံဳရခ်ိန္မွာ အားေပးရမယ့္အစား ျပစ္တင္စကားကိုဆိုျခင္းဟာ ဘယ္သူမွ မႏွစ္သက္တဲ့အျပဳအမူပါ။

၅။ စိတ္ဆိုးေနရင္ လံုးဝစကားမေျပာတာ

အေၾကာင္းရင္းမသိရဘဲ စိတ္ဆုိး၊ စိတ္ေကာက္ၿပီး စကားမေျပာဘဲေနတာမ်ိဳးကိုလည္း မႀကိဳက္ဘူးလို႔  ေယာက္်ားေတြက တညီတညြတ္တည္း ဆိုပါတယ္။ "႐ွင့္အမွား ႐ွင္သိမွာေပါ့" ဆုိၿပီး အဆက္အသြယ္ျဖတ္ထားတာ၊ ဖုန္းဆက္ရင္ မကိုင္တာမ်ိဳးက တစ္ဖက္သားကို ေဒါသထြက္ေစပါတယ္။ မေက်နပ္တာကို ပြင့္ပြင့္လင္းလင္းေျပာခ်လိုက္ပါ။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

သဘာဝတရားကိုက ယောက်ျားနဲ့မိန်းမဆိုတာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ မတူညီသလို စိတ်နေစိတ်ထားကလည်း ကွဲပြားသူတွေပါ။ နေထိုင်မှုပုံစံတွေ မတူကြသလို အတွေးအခေါ်တွေကလည်း မတူညီကြပါဘူး။ မိန်းကလေးတွေရဲ့ မတူညီတဲ့ ခံစားချက် အပြုအမူတွေကို ယောက်ျားလေးတွေဘက်က နားလည်ပေးနိုင်ပေမဲ့ ဒီလိုအပြုအမူတွေကိုဆိုရင်တော့ သည်းမခံနိုင်ဘူးလို့ ဆိုကြပါတယ်။

၁။ ထင်ရာစိုင်း

ဒါဆိုမှဒါ၊ အခုဆိုအခု မလုပ်ရရင် ပြဿနာရှာတတ်တဲ့ မိန်းကလေးတွေကို ယောက်ျားလေးတွေက စိတ်ကုန်ပါတယ်။ အခြေအနေနဲ့ အချိန်အခါကိုမကြည့်ဘဲ ထင်ရာစိုင်းပြီး လုပ်ချင်တာလုပ်တာမျိုးက ကောင်လေးတစ်ယောက်ရဲ့အချစ်ကို ကြာရှည်ရရှိနိုင်မှာမဟုတ်ပါဘူး။

၂။ ပင်ကိုယ်အရည်အချင်းမရှိတာ

သမီးရည်းစားဘဝမှာတော့ ကိစ္စမရှိပေမဲ့ အိမ်ထောင်သည်ဘဝမှာဆိုရင် ဘာမှမလုပ်တတ် မကိုင်တတ်တဲ့ ဇနီးသည်ဟာ ခင်ပွန်းကို အကူအညီမဖြစ်ပါဘူး။ အမြော်အမြင်ကြီးတဲ့ ယောက်ျားလေးတွေက ဘာမှမလုပ်ဘဲ မိဘပိုက်ဆံဖြုန်းဖို့သာတတ်တဲ့ မိန်းကလေးတွေကို မနှစ်သက်ဘူးလေ။

၃။ တခြားလူနဲ့နှိုင်းယှဉ်ခြင်း

" ဟိုလူကဖြင့် ဘယ်လိုတွေတော်တာ၊ ချစ်သူကို ဘယ်လိုဂရုစိုက်တာ" ဆိုပြီး နှိုင်းယှဉ်ပြောလေ့ရှိတဲ့အပြုအမူဟာ ယောက်ျားတစ်ယောက်ကို အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာပါ။ ဒီပုံစံ ဒီအနေအထားကို လက်မခံနိုင်ရင် အစတည်းက လက်မတွဲခဲ့နဲ့ပေါ့။

၄။ ပြောသားပဲ

ကိစ္စတစ်ခုခုမှာ တလွဲတချော်ဖြစ်သွားတဲ့အခါ "ကျွန်မ ပြောခဲ့သားပဲ" ဆိုတဲ့ စကားမျိုးကို ဘယ်သူကမှ နားမထောင်ချင်ပါဘူး။ အမှားအယွင်းတစ်ခုခုကြုံရချိန်မှာ အားပေးရမယ့်အစား ပြစ်တင်စကားကိုဆိုခြင်းဟာ ဘယ်သူမှ မနှစ်သက်တဲ့အပြုအမူပါ။

၅။ စိတ်ဆိုးနေရင် လုံးဝစကားမပြောတာ

အကြောင်းရင်းမသိရဘဲ စိတ်ဆိုး၊ စိတ်ကောက်ပြီး စကားမပြောဘဲနေတာမျိုးကိုလည်း မကြိုက်ဘူးလို့  ယောက်ျားတွေက တညီတညွတ်တည်း ဆိုပါတယ်။ "ရှင့်အမှား ရှင်သိမှာပေါ့" ဆိုပြီး အဆက်အသွယ်ဖြတ်ထားတာ၊ ဖုန်းဆက်ရင် မကိုင်တာမျိုးက တစ်ဖက်သားကို ဒေါသထွက်စေပါတယ်။ မကျေနပ်တာကို ပွင့်ပွင့်လင်းလင်းပြောချလိုက်ပါ။
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top