iMyanmarHouse.com - Best Property Website for Myanmar
×

တကယ္လုိ႔ ဆုိရွယ္မီဒီယာေပၚ ဓာတ္ပုံေတြတင္တာ၊ သေရာ္တဲ့အေရးအသားပို႔စ္ေလးေတြ တင္တာ စြဲလန္းေနပါက အဲဒါဟာ သင့္အခ်စ္ေရးအတြက္ သတင္းဆုိးတစ္ခု ျဖစ္ႏုိင္ပါတယ္။  အြန္လုိင္းေပၚ ေမတၱာေတြ ပိုေနပုံရတဲ့ စုံတြဲေတြဟာ အခ်စ္ေရးကိစၥ တိုးတက္ေအာင္ ေဆာင္ရြက္ရာမွာ လ်ဳိ႕ဝွက္တဲ့ လုပ္ငန္းစဥ္ ရိွေလ့ရိွျပီး မိမိကုိယ္ကုိ ယုံၾကည္မႈနည္းကာ လိပ္ျပာမလုံမႈေတြ ဒါမွမဟုတ္ တျခားျပသနာေတြ ရွိေနတတ္တာေၾကာင့္ ဒါကိုဖုံးကြယ္တဲ့သေဘာျဖစ္တတ္ေၾကာင္း လိင္မႈေဗဒပညာရွင္ Nikki Goldstein က ေျပာဆုိခဲ့ပါတယ္။

မိမိနဲ႔ မိမိလက္တြဲေဖာ္ရဲ႕ ဓာတ္ပုံေတြ အဆက္မျပတ္တင္တာက "like" ရလုိမႈနဲ႔ ပိုပတ္သက္ျပီး စစ္မွန္တဲ့ ေပ်ာ္ရႊင္စရာအခ်ိန္ ေဝမွ်ျခင္း သုိ႔မဟုတ္ လက္တြဲေဖာ္နဲ႔ အမွတ္တရာေတြ ဖန္တီးတာ ပိုနည္းတယ္လုိ႔ Goldstein က Daily Mail ကုိ ရွင္းျပခဲ့ပါတယ္။

လူေတြ မိမိအခ်စ္ေရးကိစၥကို လူတကာသိေအာင္ အြန္လုိင္းေပၚ ထုတ္ေဖာ္ေျပာဆိုတတ္တဲ့ ေနာက္တစ္ခ်က္က "Hey, this person is mine" လုိ႔ ေရးသားကာ မိမိမွာ လက္တြဲေဖာ္ ရိွေၾကာင္း မသိမသာ ထုတ္ျပျခင္းပဲ ျဖစ္ပါတယ္။ အြန္လုိင္းေပၚမွာ ခ်စ္စရာေကာင္း၊ ဆြဲေဆာင္မႈရိွျပီး ရုိမန္တစ္ဆန္တဲ့ စုံတြဲျဖစ္ေနပုံရတဲ့ ပုံရိပ္ေတြ ေဖာ္ျပျပီးေနာက္ အဲဒီစုံတြဲေတြဟာ ၁၈ လ အၾကာမွာ ကြဲသြားၾကေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။

ဆိုရွယ္မီဒီယာကေန အခ်စ္ေရးကိစၥ ေဖာ္ထုတ္ႏုိင္တဲ့အရာကို နားလည္သေဘာေပါက္ေစမယ့္ နည္းလမ္းတစ္ခုက မိမိကိုယ္ကိုယ္ ဒီေမးခြန္းေတြ ေမးဖုိ႔ ပါပဲ… "တကယ့္လက္ေတြ႔ဘဝမွာလည္း ဒီလုိပဲလား" ဒါမွမဟုတ္ "အြန္လုိင္းမွာ စိတ္ဝင္စားမႈ ပိုမ်ားေနလား" လုိ႔ Goldstein က ရွင္းျပပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:trend myanmar

#Unicode Version

တကယ်လို့ ဆိုရှယ်မီဒီယာပေါ် ဓာတ်ပုံတွေတင်တာ၊ သရော်တဲ့အရေးအသားပို့စ်လေးတွေ တင်တာ စွဲလန်းနေပါက အဲဒါဟာ သင့်အချစ်ရေးအတွက် သတင်းဆိုးတစ်ခု ဖြစ်နိုင်ပါတယ်။  အွန်လိုင်းပေါ် မေတ္တာတွေ ပိုနေပုံရတဲ့ စုံတွဲတွေဟာ အချစ်ရေးကိစ္စ တိုးတက်အောင် ဆောင်ရွက်ရာမှာ လျို့ဝှက်တဲ့ လုပ်ငန်းစဉ် ရှိလေ့ရှိပြီး မိမိကိုယ်ကို ယုံကြည်မှုနည်းကာ လိပ်ပြာမလုံမှုတွေ ဒါမှမဟုတ် တခြားပြသနာတွေ ရှိနေတတ်တာကြောင့် ဒါကိုဖုံးကွယ်တဲ့သဘောဖြစ်တတ်ကြောင်း လိင်မှုဗေဒပညာရှင် Nikki Goldstein က ပြောဆိုခဲ့ပါတယ်။

မိမိနဲ့ မိမိလက်တွဲဖော်ရဲ့ ဓာတ်ပုံတွေ အဆက်မပြတ်တင်တာက "like" ရလိုမှုနဲ့ ပိုပတ်သက်ပြီး စစ်မှန်တဲ့ ပျော်ရွှင်စရာအချိန် ဝေမျှခြင်း သို့မဟုတ် လက်တွဲဖော်နဲ့ အမှတ်တရာတွေ ဖန်တီးတာ ပိုနည်းတယ်လို့ Goldstein က Daily Mail ကို ရှင်းပြခဲ့ပါတယ်။

လူတွေ မိမိအချစ်ရေးကိစ္စကို လူတကာသိအောင် အွန်လိုင်းပေါ် ထုတ်ဖော်ပြောဆိုတတ်တဲ့ နောက်တစ်ချက်က "Hey, this person is mine" လို့ ရေးသားကာ မိမိမှာ လက်တွဲဖော် ရှိကြောင်း မသိမသာ ထုတ်ပြခြင်းပဲ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ ချစ်စရာကောင်း၊ ဆွဲဆောင်မှုရှိပြီး ရိုမန်တစ်ဆန်တဲ့ စုံတွဲဖြစ်နေပုံရတဲ့ ပုံရိပ်တွေ ဖော်ပြပြီးနောက် အဲဒီစုံတွဲတွေဟာ ၁၈ လ အကြာမှာ ကွဲသွားကြကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

ဆိုရှယ်မီဒီယာကနေ အချစ်ရေးကိစ္စ ဖော်ထုတ်နိုင်တဲ့အရာကို နားလည်သဘောပေါက်စေမယ့် နည်းလမ်းတစ်ခုက မိမိကိုယ်ကိုယ် ဒီမေးခွန်းတွေ မေးဖို့ ပါပဲ… "တကယ့်လက်တွေ့ဘဝမှာလည်း ဒီလိုပဲလား" ဒါမှမဟုတ် "အွန်လိုင်းမှာ စိတ်ဝင်စားမှု ပိုများနေလား" လို့ Goldstein က ရှင်းပြပါတယ်။


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top