iMyanmarHouse.com - Best Property Website for Myanmar
×

ခုိင္သဇင္ငု၀ါဟာ ေမာ္လ္ဒယ္တစ္ေယာက္ေပမဲ့ သူမရဲ႕ အခ်စ္ေရးနဲ႕ပတ္သက္ၿပီး Public တြဲခဲ့တာေၾကာင့္ အခ်စ္ေရးတစ္ခုၿပီးဆံုးသြားတဲ့အခ်ိန္မွာ အခ်ိဳ႕ေသာပရိသတ္မ်ားရဲ႕ ေ၀ဖန္မႈနဲ႕အလိုမက်မႈကို ခံခဲ့ရပါတယ္။ ရည္းစားမ်ားလိုက္တာလို႕ေ၀ဖန္ၾကတဲ့ စကားလံုးရဲ႕အေနာက္မွာ ေနာက္မ်ားခ်စ္သူရရင္ ဘယ္ေတာ့မွ public မွာခ်မျပရဲေတာ့ပါဘူးဆိုတဲ့အထိေတာင္ ခုိင္သဇင္ငု၀ါရဲ႕ အျမင္တစ္ခ်ိဳ႕ထြက္က်လာခဲ့ပါတယ္။ ညွိမရတဲ့ျပသနာေတြေၾကာင့္ ခ်စ္သူႏွစ္ဦးရဲ႕ပတ္သက္မႈၿပီးဆံုးသြားတဲ့အခ်ိန္မွာ သူမရဲ႕အသည္းကြဲျခင္းကို သူငယ္ခ်င္းေတြနဲ႕ေတြ႕ဆံုရင္းေျဖေဖ်ာက္ခဲ့တယ္လို႕ေျပာလာတဲ့ ခုိင္သဇင္ငု၀ါရဲ႕ အခ်စ္နဲ႕ေယာက်ာ္းမ်ားအေပၚ အျမင္နဲ႕လက္ရွိမွာ လုပ္ျဖစ္ေ္နတဲ့အႏုပညာလႈပ္ရွားမႈမ်ားကို သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အခုကားေလးမွာ ပါ၀င္ရတဲ့ကာရိုက္တာေလးက ဘယ္လိုပံုစံမ်ိဳးေလးလဲ။

လူငယ္ေက်ာင္းသူတစ္ေယာက္ရဲ႕ကာရိုက္တာေပါ့ေပါ့ပါးပါးေလးပါပဲ။

-ဒီကားၾကီးက ပထမဆံုးလား။

အေရွ႕မွာေတာ့ ကိုယုန္ေလးရဲ႕ ေအာ္ရီဂ်င္နယ္ ဂန္းစတား 3 ရုိက္ဖူးတယ္။ ဒါေပမဲ့ကိုယ့္ကာရုိက္တာသီးသန္႕ၾကီးမဟုတ္ဘူး။ ကူညီေပးတဲ့သူတစ္ေယာက္အေနနဲ႕ပါ၀င္ခဲ့တာဆိုေတာ့ ဒီကားက ပထမဦးဆံုးလို႕လဲေျပာလို႕ရပါတယ္။

-ဇာတ္ကားရုိက္ကူးမႈနဲ႕ပတ္သက္ၿပီး စိမ္းတဲ့အခါက်ေတာ့ ဒီကားမရုိက္ခင္ဘယ္လိုေလ့လာမႈေတြလုပ္ျဖစ္ေသးလဲ။

ေတာ္ေတာ္စိမ္းပါတယ္။ ဒိုင္ယာေလာ့ခ္ေျပာတဲ့အခါမွာေတာ့ အခက္အခဲျဖစ္မယ္ထင္တယ္။ ဘာလို႕လဲဆိုေတာ့ စကားေျပာတာျမန္တယ္ဆိုေတာ့ေလ အဲ့ဒါေၾကာင့္ဒိုင္ယာေလာ့ခ္ပိုင္းကိုေတာ့ ဂရုစိုက္ရမယ္။ ကားရိုက္ကအေတြ႕အၾကံဳမရွိေပမဲ့ အမ္တီဗီေလာက္သရုပ္ေဆာင္ဖူးတယ္ဆိုေတာ့ လိုအပ္ခ်က္ေတြရွိႏုိင္ေပမဲ့အတတ္ႏုိင္ဆံုးၾကိဳးစားသြားပါမယ္။

-ခ်စ္သူမ်ားေန႕မွာေရာ ဘာအစီအစဥ္ေတြရွိလဲ။

ခ်စ္သူမ်ားေန႕မွာ ညီမ ေအာင္ရဲထုိက္နဲ႕ႏွစ္ေယာက္အတူတူ အတြဲသီခ်င္းေလးလုပ္ေနတယ္။ အဲ့ဒီသီခ်င္းေလးကို တင္ေပးမယ္။ တကယ္လို႕အခ်ိန္ဒီၾကားထဲမွာရခဲ့ရင္လဲ အမ္တီဗီပါမယ္။

-လူငယ္ဘ၀ျဖတ္သန္းမႈအေနနဲ႕ေရာဘာေတြလုပ္ျဖစ္မလဲ။

ေထြေထြထူးထူးေတာ့မရွိဘူး။ ၾကဳိၿပီးစဥ္းစားထားတာလဲမရွိဘူး။ ၾကိဳစဥ္းစားထားရင္ပ်က္တတ္လို႕ေလ။ အဲ့ဒီေန႕ေရာက္ခါနီးမွပဲ ကိုယ္ဘာလုပ္မလဲဆိုတာ ေဖ့စ္ဘြတ္ကေနပဲေျပာျပပါမယ္။

-သူမ်ားဆီက ရဖို႕ေမွ်ာ္လင့္ထားတာမ်ိဳးေရာရွိလား။

အဲ့ဒီလိုမ်ိဳးလဲမရွိဘူး။ ဘာလုိ႕လဲဆိုေတာ့ ကိုယ့္ဖက္ကဘာေပးရင္ေကာင္းမလဲပဲစဥ္းစားေနၾကဆိုေတာ့ ပရိသတ္ကိုအဲ့ဒီေန႕မွာ ေမးခြန္းေလးေတြေမးၿပီး ေခ်ာကလက္ေကၽြးရင္ေကာင္းမလားလို႕အခုေလာေလာဆယ္ကေတာ့ စဥ္းစားေနတုန္းပါပဲ။

-ကိုယ္က တစ္ခုခုေပးဖို႕ေရာ စီစဥ္ထားတာမ်ိဳးရွိလား။

အခုညီမတို႕အေျခအေနက အဲ့ဒီလိုအေျခအေနမဟုတ္ေတာ့တဲ့အတြက္ ေမွ်ာ္လင့္ထားတာေတာ့ ဘာမွမရွိဘူး။ အရုပ္ေတာ့ေလာေလာဆယ္ထုိးေနတယ္။ ဘယ္သူ႕ကိုေပးမယ္ေတာ့ မေျပာဘူး။ ကိုယ့္စိတ္ကူးထဲက Couple ရုပ္ေလးနဲ႕အသည္းပံုေခါင္းအံုးေလးထိုးေနတယ္။ ေပးဖို႕အခြင့္အေရးရခဲ့ရင္ေပးမယ္။ မေပးျဖစ္ခဲ့ရင္လဲကိုယ့္ဟာကိုယ္ပဲသိမ္းထားပါမယ္။

-လက္ရွိ အခ်စ္ေရးကေရာဘယ္လိုမ်ိဳးရွိလဲ။

အခ်စ္ေရးက တစ္ေယာက္တည္းျဖစ္သြားၿပီလို႕လဲေျပာလို႕ရပါတယ္။

-ညီမရဲ႕ အခ်စ္ေရးနဲ႕ပတ္သက္ၿပီးတခ်ိဳ႕ပရိသတ္ေတြက ေ၀ဖန္ၾကတာမ်ိဳးလဲရွိေတာ့ အဲ့ဒီအေပၚကုိေရာ ဘယ္လိုျပန္ေျပာခ်င္လဲ။

အဲ့ဒီလိုေျပာၾကတဲ့အခါ စိတ္အေႏွာင့္အယွက္ျဖစ္တယ္။ ဘာလုိ႕လဲဆိုေတာ့ကိုယ္ကလဲ ပရိသတ္ကို မလိမ္ခ်င္ဘူး။ ကိုယ့္ရဲ႕ရည္းစားကို Offical တြဲျပခ်င္တယ္။ အဲ့ဒီလိုတြဲျပတာရဲ႕ေနာက္ဆက္တြဲက ရည္းစားမ်ားတယ္ဆိုၿပီးအေျပာခံရတယ္။ ကိုယ္ကေတာ့ကိုယ့္ဖက္က အေကာင္းဆံုးေနတယ္။ အဆင္မေျပေတာ့ျပတ္သြားတဲ့အခါ ရည္းစားမ်ားတယ္။ အေျပာခံရတယ္။ အခုေနာက္ပိုင္းစဥ္းစားထားတာကေတာ့ ေနာက္ပိုင္းရည္းစားမထားေတာ့ဘူး။ ကိုယ့္အလုပ္ေလးကုိပဲ အေကာင္းဆံုးျဖစ္ေအာင္ လုပ္ေတာ့မယ္။ ေနာက္လဲဒီလိုဇာတ္ကားမ်ိဳးေတြလာတဲ့အခါ ကိုယ္စိတ္ေျဖာင့္ေျဖာင့္နဲ႕လုပ္ႏုိင္ေအာင္စိတ္ကုိ ရွင္းရွင္းပဲထားမယ္။ အလုပ္အေပၚမွာ စိတ္ႏွစ္လို႕ရေအာင္တစ္ေယာက္တည္းပဲေနမယ္။ တကယ္လို႕တြဲခဲ့တယ္ဆိုရင္လဲ Offical မတြဲေတာ့ဘူး။ ကိုယ့္ဖက္က ဆင္ဆင္ျခင္ျခင္ေနသင့္ၿပီဆိုတဲ့ အသိတရားတစ္ခုရလာတယ္ေပါ့။ ရင့္လဲရင့္က်က္လာၿပီ။ သိသာသိမျမင္ေစနဲ႕ကဟုတ္တယ္။ အရမ္းၾကီးခ်စ္ျပတာတင္ျပတာေတြမလုပ္ေတာ့ဘူး။

-အခ်စ္ေရးနဲ႕ပတ္သက္ၿပီး ႏွစ္ၾကာတဲ့လူနဲ႕လဲ တြဲဖူးတယ္။ သိပ္မၾကာခင္မွာလဲျပတ္ဖူးတယ္။ဆိုေတာ့ ေယာက်ာ္းနဲ႕အခ်စ္အေပၚ အျမင္ကဘယ္လိုရွိလဲ။

အဓိကကေတာ့ ေၾကာက္သြားတယ္။ ေယာက်ာ္းယူခ်င္စိတ္ပါေပ်ာက္ၿပီးေၾကာက္သြားတယ္။ ဒါေပမဲ့ ကိုယ္ကေတာ့ မိန္းကေလးျဖစ္တဲ့အတြက္ အခ်ိန္တန္ရင္ယူရမယ္။ ရည္းစားရမွာပဲ။ ဒါေပမဲ့ကိုယ္ရလာတဲ့ ရည္းစားကကိုယ့္အေပၚေကာင္းတာ မေကာင္းတာက ကိုယ့္ကံနဲ႕ပဲဆိုင္တယ္။ အဲ့ဒီေတာ့ကံေကာင္းဖို႕ပဲေမွ်ာ္လင့္တယ္။ ၿပီးေတာ့ ယံုၾကည္ထားတာတစ္ခုက ညီမသည္ေကာင္းတာေတြပဲ လုပ္တယ္။ ကုိယ္စိတ္ထားေကာင္းတဲ့အတြက္ ကိုယ္အခုခ်ိန္မွာသူတို႕ေတြနဲ႕ကံမပါဘူး။ ဖူးစာမပါဘူးလို႕ပဲသတ္မွတ္တယ္။ တကယ္လို႕တကယ့္ဖူးစာပါတဲ့သူဆိုရင္ ညီမေကာင္းခဲ့တဲ့ဟာေတြ အားလံုးကေကာင္းတာေတြပဲ ပိုခံစားရမယ္လုိ႕ယံုၾကည္ထားတယ္။ ဘယ္သူ႕ကိုမွလဲ အမုန္းမပြားဘူး။ ဘာမွလဲစိတ္ထဲမထားဘူး။ ခ်စ္တာေတြမုန္းတာေတြလဲ မရွိဘူး။ စိတ္ကတစ္သမတ္ထဲ ဒီအတိုင္းပဲသြားထားတယ္။ ကုိယ့္ဖက္ကစိတ္ထည့္ထားရင္ စိတ္ပင္ပန္းတယ္။ အဲ့ဒါေၾကာင့္ဘယ္သူ႕ကိုမွလဲ ခ်စ္တယ္မုန္းတယ္မရွိဘူး။ စိတ္ထဲကထုတ္ထားလုိက္တယ္။

-အသည္းကြဲတာကုိေရာ ဘယ္လိုေျဖေဖ်ာက္ျဖစ္လဲ။

သူငယ္ခ်င္းေတြနဲ႕အျပင္သြားတယ္။ Night Out တယ္။ သူငယ္ခ်င္းေတြနဲ႕ပဲ အခ်ိန္ကုန္တာမ်ားတယ္။ ကိုယ္အိမ္ထဲမွာတစ္ေယာက္တည္းေနရင္ဒါေတြပဲ ေခါင္းထဲေရာက္ေနတယ္ဆိုေတာ့ စိတ္ဖိစီးမႈအရမ္းမ်ားတယ္။ ကိုယ္ကနဂိုကတည္းက ပိန္ရတဲ့ၾကားထဲ အခုဆို အေလးခ်ိန္က ၁၁၀ ကေန ၁၀၀ ျပန္ျဖစ္သြားျပန္ေရာ။ တက္တာအရမ္းၾကာတယ္။ က်ရင္အရမ္းျမန္တယ္။ သူငယ္ခ်င္းေတြနဲ႕ေနၿပီးအစားေတြေတာ့ စားေနတာပဲ။ သူတို႕ကလဲကိုယ့္ကိုေပ်ာ္ေအာင္ထားၾကပါတယ္။

-ဘယ္လိုအေၾကာင္းအရာေတြေၾကာင့္ျပတ္သြားတာလဲ။

ညွိလို႕မရတဲ့အရာေတြကအမ်ားၾကီးရွိေနတယ္။ ေနာက္ေဖ့စ္ဘြတ္ေၾကာင့္လဲ ပါတာေပါ့။ ႏွစ္ေယာက္စလံုးက လူငယ္ျဖစ္ေနေတာ့ ဒါေတြကို နားလည္မေပးႏုိင္ဘူး။ အဲ့ဒါေၾကာင့္ပါ။

-ျပန္အဆင္ေျပဖို႕ေရာ မၾကိဳးစားေတာ့ဘူးလား။

ႏွစ္ေယာက္လံုးက ၾကိဳးေတာ့ၾကိဳးစားတာပဲ။ ဒါေပမဲ့ အခုခ်ိန္မွာ ႏွစ္ေယာက္လံုးက ေကာင္းတဲ့စိတ္နဲ႕မျမင္ၾကေတာ့ ဘယ္လိုပဲညွိညွိအဆင္မေျပမွာ မဟုတ္တဲ့အတြက္ တစ္ေန႕ဖူးစာပါရင္ေတာ့ျပန္ေတြ႕မွာပဲလို႕ေျပာၿပီးေတာ့လမ္းခြဲခဲ့တာပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ခိုင်သဇင်ငုဝါဟာ မော်လ်ဒယ်တစ်ယောက်ပေမဲ့ သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး Public တွဲခဲ့တာကြောင့် အချစ်ရေးတစ်ခုပြီးဆုံးသွားတဲ့အချိန်မှာ အချို့သောပရိသတ်များရဲ့ ဝေဖန်မှုနဲ့အလိုမကျမှုကို ခံခဲ့ရပါတယ်။ ရည်းစားများလိုက်တာလို့ဝေဖန်ကြတဲ့ စကားလုံးရဲ့အနောက်မှာ နောက်များချစ်သူရရင် ဘယ်တော့မှ public မှာချမပြရဲတော့ပါဘူးဆိုတဲ့အထိတောင် ခိုင်သဇင်ငုဝါရဲ့ အမြင်တစ်ချို့ထွက်ကျလာခဲ့ပါတယ်။ ညှိမရတဲ့ပြသနာတွေကြောင့် ချစ်သူနှစ်ဦးရဲ့ပတ်သက်မှုပြီးဆုံးသွားတဲ့အချိန်မှာ သူမရဲ့အသည်းကွဲခြင်းကို သူငယ်ချင်းတွေနဲ့တွေ့ဆုံရင်းဖြေဖျောက်ခဲ့တယ်လို့ပြောလာတဲ့ ခိုင်သဇင်ငုဝါရဲ့ အချစ်နဲ့ယောကျာ်းများအပေါ် အမြင်နဲ့လက်ရှိမှာ လုပ်ဖြစ်ေ်နတဲ့အနုပညာလှုပ်ရှားမှုများကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုကားလေးမှာ ပါဝင်ရတဲ့ကာရိုက်တာလေးက ဘယ်လိုပုံစံမျိုးလေးလဲ။

လူငယ်ကျောင်းသူတစ်ယောက်ရဲ့ကာရိုက်တာပေါ့ပေါ့ပါးပါးလေးပါပဲ။

-ဒီကားကြီးက ပထမဆုံးလား။

အရှေ့မှာတော့ ကိုယုန်လေးရဲ့ အော်ရီဂျင်နယ် ဂန်းစတား 3 ရိုက်ဖူးတယ်။ ဒါပေမဲ့ကိုယ့်ကာရိုက်တာသီးသန့်ကြီးမဟုတ်ဘူး။ ကူညီပေးတဲ့သူတစ်ယောက်အနေနဲ့ပါဝင်ခဲ့တာဆိုတော့ ဒီကားက ပထမဦးဆုံးလို့လဲပြောလို့ရပါတယ်။

-ဇာတ်ကားရိုက်ကူးမှုနဲ့ပတ်သက်ပြီး စိမ်းတဲ့အခါကျတော့ ဒီကားမရိုက်ခင်ဘယ်လိုလေ့လာမှုတွေလုပ်ဖြစ်သေးလဲ။

တော်တော်စိမ်းပါတယ်။ ဒိုင်ယာလော့ခ်ပြောတဲ့အခါမှာတော့ အခက်အခဲဖြစ်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ စကားပြောတာမြန်တယ်ဆိုတော့လေ အဲ့ဒါကြောင့်ဒိုင်ယာလော့ခ်ပိုင်းကိုတော့ ဂရုစိုက်ရမယ်။ ကားရိုက်ကအတွေ့အကြုံမရှိပေမဲ့ အမ်တီဗီလောက်သရုပ်ဆောင်ဖူးတယ်ဆိုတော့ လိုအပ်ချက်တွေရှိနိုင်ပေမဲ့အတတ်နိုင်ဆုံးကြိုးစားသွားပါမယ်။

-ချစ်သူများနေ့မှာရော ဘာအစီအစဉ်တွေရှိလဲ။

ချစ်သူများနေ့မှာ ညီမ အောင်ရဲထိုက်နဲ့နှစ်ယောက်အတူတူ အတွဲသီချင်းလေးလုပ်နေတယ်။ အဲ့ဒီသီချင်းလေးကို တင်ပေးမယ်။ တကယ်လို့အချိန်ဒီကြားထဲမှာရခဲ့ရင်လဲ အမ်တီဗီပါမယ်။

-လူငယ်ဘဝဖြတ်သန်းမှုအနေနဲ့ရောဘာတွေလုပ်ဖြစ်မလဲ။

ထွေထွေထူးထူးတော့မရှိဘူး။ ကြိုပြီးစဉ်းစားထားတာလဲမရှိဘူး။ ကြိုစဉ်းစားထားရင်ပျက်တတ်လို့လေ။ အဲ့ဒီနေ့ရောက်ခါနီးမှပဲ ကိုယ်ဘာလုပ်မလဲဆိုတာ ဖေ့စ်ဘွတ်ကနေပဲပြောပြပါမယ်။

-သူများဆီက ရဖို့မျှော်လင့်ထားတာမျိုးရောရှိလား။

အဲ့ဒီလိုမျိုးလဲမရှိဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ဖက်ကဘာပေးရင်ကောင်းမလဲပဲစဉ်းစားနေကြဆိုတော့ ပရိသတ်ကိုအဲ့ဒီနေ့မှာ မေးခွန်းလေးတွေမေးပြီး ချောကလက်ကျွေးရင်ကောင်းမလားလို့အခုလောလောဆယ်ကတော့ စဉ်းစားနေတုန်းပါပဲ။

-ကိုယ်က တစ်ခုခုပေးဖို့ရော စီစဉ်ထားတာမျိုးရှိလား။

အခုညီမတို့အခြေအနေက အဲ့ဒီလိုအခြေအနေမဟုတ်တော့တဲ့အတွက် မျှော်လင့်ထားတာတော့ ဘာမှမရှိဘူး။ အရုပ်တော့လောလောဆယ်ထိုးနေတယ်။ ဘယ်သူ့ကိုပေးမယ်တော့ မပြောဘူး။ ကိုယ့်စိတ်ကူးထဲက Couple ရုပ်လေးနဲ့အသည်းပုံခေါင်းအုံးလေးထိုးနေတယ်။ ပေးဖို့အခွင့်အရေးရခဲ့ရင်ပေးမယ်။ မပေးဖြစ်ခဲ့ရင်လဲကိုယ့်ဟာကိုယ်ပဲသိမ်းထားပါမယ်။

-လက်ရှိ အချစ်ရေးကရောဘယ်လိုမျိုးရှိလဲ။

အချစ်ရေးက တစ်ယောက်တည်းဖြစ်သွားပြီလို့လဲပြောလို့ရပါတယ်။

-ညီမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတချို့ပရိသတ်တွေက ဝေဖန်ကြတာမျိုးလဲရှိတော့ အဲ့ဒီအပေါ်ကိုရော ဘယ်လိုပြန်ပြောချင်လဲ။

အဲ့ဒီလိုပြောကြတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ကိုယ်ကလဲ ပရိသတ်ကို မလိမ်ချင်ဘူး။ ကိုယ့်ရဲ့ရည်းစားကို Offical တွဲပြချင်တယ်။ အဲ့ဒီလိုတွဲပြတာရဲ့နောက်ဆက်တွဲက ရည်းစားများတယ်ဆိုပြီးအပြောခံရတယ်။ ကိုယ်ကတော့ကိုယ့်ဖက်က အကောင်းဆုံးနေတယ်။ အဆင်မပြေတော့ပြတ်သွားတဲ့အခါ ရည်းစားများတယ်။ အပြောခံရတယ်။ အခုနောက်ပိုင်းစဉ်းစားထားတာကတော့ နောက်ပိုင်းရည်းစားမထားတော့ဘူး။ ကိုယ့်အလုပ်လေးကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်တော့မယ်။ နောက်လဲဒီလိုဇာတ်ကားမျိုးတွေလာတဲ့အခါ ကိုယ်စိတ်ဖြောင့်ဖြောင့်နဲ့လုပ်နိုင်အောင်စိတ်ကို ရှင်းရှင်းပဲထားမယ်။ အလုပ်အပေါ်မှာ စိတ်နှစ်လို့ရအောင်တစ်ယောက်တည်းပဲနေမယ်။ တကယ်လို့တွဲခဲ့တယ်ဆိုရင်လဲ Offical မတွဲတော့ဘူး။ ကိုယ့်ဖက်က ဆင်ဆင်ခြင်ခြင်နေသင့်ပြီဆိုတဲ့ အသိတရားတစ်ခုရလာတယ်ပေါ့။ ရင့်လဲရင့်ကျက်လာပြီ။ သိသာသိမမြင်စေနဲ့ကဟုတ်တယ်။ အရမ်းကြီးချစ်ပြတာတင်ပြတာတွေမလုပ်တော့ဘူး။

-အချစ်ရေးနဲ့ပတ်သက်ပြီး နှစ်ကြာတဲ့လူနဲ့လဲ တွဲဖူးတယ်။ သိပ်မကြာခင်မှာလဲပြတ်ဖူးတယ်။ဆိုတော့ ယောကျာ်းနဲ့အချစ်အပေါ် အမြင်ကဘယ်လိုရှိလဲ။

အဓိကကတော့ ကြောက်သွားတယ်။ ယောကျာ်းယူချင်စိတ်ပါပျောက်ပြီးကြောက်သွားတယ်။ ဒါပေမဲ့ ကိုယ်ကတော့ မိန်းကလေးဖြစ်တဲ့အတွက် အချိန်တန်ရင်ယူရမယ်။ ရည်းစားရမှာပဲ။ ဒါပေမဲ့ကိုယ်ရလာတဲ့ ရည်းစားကကိုယ့်အပေါ်ကောင်းတာ မကောင်းတာက ကိုယ့်ကံနဲ့ပဲဆိုင်တယ်။ အဲ့ဒီတော့ကံကောင်းဖို့ပဲမျှော်လင့်တယ်။ ပြီးတော့ ယုံကြည်ထားတာတစ်ခုက ညီမသည်ကောင်းတာတွေပဲ လုပ်တယ်။ ကိုယ်စိတ်ထားကောင်းတဲ့အတွက် ကိုယ်အခုချိန်မှာသူတို့တွေနဲ့ကံမပါဘူး။ ဖူးစာမပါဘူးလို့ပဲသတ်မှတ်တယ်။ တကယ်လို့တကယ့်ဖူးစာပါတဲ့သူဆိုရင် ညီမကောင်းခဲ့တဲ့ဟာတွေ အားလုံးကကောင်းတာတွေပဲ ပိုခံစားရမယ်လို့ယုံကြည်ထားတယ်။ ဘယ်သူ့ကိုမှလဲ အမုန်းမပွားဘူး။ ဘာမှလဲစိတ်ထဲမထားဘူး။ ချစ်တာတွေမုန်းတာတွေလဲ မရှိဘူး။ စိတ်ကတစ်သမတ်ထဲ ဒီအတိုင်းပဲသွားထားတယ်။ ကိုယ့်ဖက်ကစိတ်ထည့်ထားရင် စိတ်ပင်ပန်းတယ်။ အဲ့ဒါကြောင့်ဘယ်သူ့ကိုမှလဲ ချစ်တယ်မုန်းတယ်မရှိဘူး။ စိတ်ထဲကထုတ်ထားလိုက်တယ်။

-အသည်းကွဲတာကိုရော ဘယ်လိုဖြေဖျောက်ဖြစ်လဲ။

သူငယ်ချင်းတွေနဲ့အပြင်သွားတယ်။ Night Out တယ်။ သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်တာများတယ်။ ကိုယ်အိမ်ထဲမှာတစ်ယောက်တည်းနေရင်ဒါတွေပဲ ခေါင်းထဲရောက်နေတယ်ဆိုတော့ စိတ်ဖိစီးမှုအရမ်းများတယ်။ ကိုယ်ကနဂိုကတည်းက ပိန်ရတဲ့ကြားထဲ အခုဆို အလေးချိန်က ၁၁၀ ကနေ ၁၀၀ ပြန်ဖြစ်သွားပြန်ရော။ တက်တာအရမ်းကြာတယ်။ ကျရင်အရမ်းမြန်တယ်။ သူငယ်ချင်းတွေနဲ့နေပြီးအစားတွေတော့ စားနေတာပဲ။ သူတို့ကလဲကိုယ့်ကိုပျော်အောင်ထားကြပါတယ်။

-ဘယ်လိုအကြောင်းအရာတွေကြောင့်ပြတ်သွားတာလဲ။

ညှိလို့မရတဲ့အရာတွေကအများကြီးရှိနေတယ်။ နောက်ဖေ့စ်ဘွတ်ကြောင့်လဲ ပါတာပေါ့။ နှစ်ယောက်စလုံးက လူငယ်ဖြစ်နေတော့ ဒါတွေကို နားလည်မပေးနိုင်ဘူး။ အဲ့ဒါကြောင့်ပါ။

-ပြန်အဆင်ပြေဖို့ရော မကြိုးစားတော့ဘူးလား။

နှစ်ယောက်လုံးက ကြိုးတော့ကြိုးစားတာပဲ။ ဒါပေမဲ့ အခုချိန်မှာ နှစ်ယောက်လုံးက ကောင်းတဲ့စိတ်နဲ့မမြင်ကြတော့ ဘယ်လိုပဲညှိညှိအဆင်မပြေမှာ မဟုတ်တဲ့အတွက် တစ်နေ့ဖူးစာပါရင်တော့ပြန်တွေ့မှာပဲလို့ပြောပြီးတော့လမ်းခွဲခဲ့တာပါ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top