iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔စဥ္သြားလာလႈပ္ရွားရင္း အလုပ္ေတြမ်ားလာလို႔ ၿငီးေငြ႕ပင္ပန္းလာတဲ့အခါ ခရီးထြက္ျခင္းက အေကာင္းဆံုးအားေဆးပါပဲ။ စိတ္ေတြလည္း ျပန္လည္လန္းဆန္းၿပီး အေတြ႔အၾကံဳသစ္ေတြက စိတ္နဲ႔ခႏၶာကိုယ္ကို အားျဖည့္ေပးႏိုင္ပါတယ္။ ခရီးသြားတဲ့အခါ ခ်စ္သူနဲ႔အတူသြားရမယ္ဆုိရင္ေတာ့ အေကာင္းဆံုးေပါ့။ ခရီးအတူသြားတဲ့ ခ်စ္သူစံုတြဲေတြဟာ ပိုၿပီးနားလည္မႈရွိၾကပါတယ္။

၁။ ႀကိဳတင္တိုင္ပင္ပါ

ခရီးထြက္ရင္ ဘာေတြလုပ္မယ္၊ ဘယ္လိုေတြျဖစ္ခ်င္တယ္ဆုိတာကို ခရီးမထြက္ခင္မွာ ႀကိဳတင္ေျပာျပထားပါ။ ကိုယ္က ခရီးမွာ ေအးေအးလူလူ အနားယူခ်င္ေပမဲ့ သူက ေလွ်ာက္လည္ၿပီးေလ့လာရတာကို ပိုလိုလားတယ္ဆုိရင္ ခရီးမထြက္ခင္တည္းက ဘာေတြလုပ္မယ္ဆုိတာ ႀကိဳညႇိထားတာ အေကာင္းဆံုးပါပဲ။

၂။ ကုန္က်စရိတ္

ဘယ္ေနရာသြားမယ္၊ ဘာလုပ္မယ္ဆုိတာကို သိရရင္ ကုန္က်စရိတ္ကိုလည္း ႀကိဳခန္႔မွန္းထားလို႔ ရပါၿပီ။ ဒီေတာ့ တစ္ေယာက္တစ္ဝက္စီ အကုန္အက်ခံမလား၊ တစ္ေယာက္ကို ရာခိုင္ႏႈန္းဘယ္ေလာက္ ထည့္ဝင္မလဲဆုိတာလည္း ႀကိဳၿပီးညႇိထားပါ။ သူက သြားလာစရိတ္ အကုန္ခံမယ္ဆို ကိုယ္က စားေသာက္စရိတ္ အကုန္ခံတာမ်ိဳးဆိုလည္း ေကာင္းပါတယ္။ သူ႕ဘက္ကပဲ အစအဆံုး အကုန္အက်ခံတာမ်ိဳးဆုိရင္ေတာ့ အေကာင္းဆံုးေပါ့။ ဒါေပမဲ့ မွ်မွ်တတ အကုန္အက်ခံတာကသာ သင့္ေလ်ာ္ပါတယ္။

၃။ ကိုယ္ပိုင္လြတ္လပ္ခြင့္

ခရီးထြက္တာဟာ စိတ္အပန္းေျဖနည္းတစ္ခုပါ။ ကိုယ့္ေဘးမွာ တစ္ေလွ်ာက္လံုး ႐ွိေနရမယ္လို႔လည္း သူ႔ကို အတင္းကာေရာ မေတာင္းဆုိပါနဲ႔။ ကိုယ္မလုပ္ခ်င္ေပမဲ့ သူလုပ္ခ်င္တဲ့အရာေတြလည္း ရွိတယ္မဟုတ္လား။ ဒီေတာ့ ခရီးတစ္ေလွ်ာက္မွာ သူ႔အတြက္ ကိုယ္ပိုင္အခ်ိန္ေလးေတာ့ ထားေပးသင့္သလို ကိုယ့္အတြက္လည္း ကိုယ္ပိုင္အခ်ိန္ေလးရရွိေအာင္ ေတာင္းဆိုထားပါ။ ဒါက တစ္ေယာက္ကိုတစ္ေယာက္ နားလည္ေပးမႈပဲမဟုတ္လား။

၄။ အျပန္အလွန္ငဲ့ညႇာပါ

ကိုယ္က ေစာေစာထေပမဲ့ သူက ေနျမင့္မွ ထတာမ်ိဳးဆုိရင္လည္း သူ႔အိပ္ခ်ိန္ကို နားလည္ေပးလိုက္ပါ။ သူက မႏိုးေသးဘူးဆိုရင္လည္း ကိုယ့္ဘာသာ ေစာေစာထၿပီး ေလ့က်င့္ခန္းလုပ္တာမ်ိဳး၊ အလွျပင္တာမ်ိဳးအတြက္ အခ်ိန္ပိုရသြားပါတယ္။ အိမ္သာလုစရာလည္း မလိုေတာ့ဘူးေပါ့။ ဒီလိုမ်ိဳးေလး အျပန္အလွန္ငဲ့ညႇာရင္း ကိုယ့္အတြက္ အက်ိဳး႐ွိတာေလးေတြလုပ္လိုက္ပါ။

၅။ ေပ်ာ္စရာေတြဖန္တီးပါ

ေန႔စဥ္ျမင္ေတြ႔ေနၾက၊ လုပ္ေနၾက ပံုေသကားခ်ပ္အရာေတြကေန ႏွစ္ေယာက္လံုး ေက်ာခိုင္းလာၾကတဲ့အခါ သီးသန္႔ကိုယ္ပိုင္ကမၻာေလး ျဖစ္သြားပါတယ္။ မေက်နပ္တာေတြကို ေခါက္ထားလိုက္ပါ။ ကိုယ့္အခ်စ္ေတြကိုလည္း သူသိေအာင္ ထုတ္ျပရင္း သူ႔အခ်စ္ေတြကိုလည္း ခံယူလိုက္ေပါ့။ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ ခ်စ္ခင္ဂ႐ုစိုက္ရင္းနဲ႔ အခ်စ္ေရးက ပိုၿပီးခိုင္မာလာေအာင္ တည္ေဆာက္လို႔ရသြားပါလိမ့္မယ္။ အနမ္းေပးၿပီး အိပ္ယာႏႈိးတာမ်ိဳး၊ အတူတူ ေတာင္တက္ၾကတာမ်ိဳးနဲ႔ ေနထြက္ခ်ိန္ကိုု အတူၾကည့္႐ႈၾကတာမ်ိဳးေတြဟာ လုပ္ငန္းခြင္ထဲျပန္ဝင္ရရင္ ႏွစ္ေယာက္လံုးအတြက္ ရဖုိ႔မလြယ္ေတာ့တဲ့ အရာေတြပါ။ ဒါေၾကာင့္ ခရီးသြားတဲ့အခ်ိန္အတြင္းမွာ ေမ့မရႏိုင္တဲ့ အခိုက္အတန္႔ေလးေတြျဖစ္ေအာင္ ဖန္တီးထားသင့္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

နေ့စဉ်သွားလာလှုပ်ရှားရင်း အလုပ်တွေများလာလို့ ငြီးငွေ့ပင်ပန်းလာတဲ့အခါ ခရီးထွက်ခြင်းက အကောင်းဆုံးအားဆေးပါပဲ။ စိတ်တွေလည်း ပြန်လည်လန်းဆန်းပြီး အတွေ့အကြုံသစ်တွေက စိတ်နဲ့ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်ပါတယ်။ ခရီးသွားတဲ့အခါ ချစ်သူနဲ့အတူသွားရမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ခရီးအတူသွားတဲ့ ချစ်သူစုံတွဲတွေဟာ ပိုပြီးနားလည်မှုရှိကြပါတယ်။

၁။ ကြိုတင်တိုင်ပင်ပါ

ခရီးထွက်ရင် ဘာတွေလုပ်မယ်၊ ဘယ်လိုတွေဖြစ်ချင်တယ်ဆိုတာကို ခရီးမထွက်ခင်မှာ ကြိုတင်ပြောပြထားပါ။ ကိုယ်က ခရီးမှာ အေးအေးလူလူ အနားယူချင်ပေမဲ့ သူက လျှောက်လည်ပြီးလေ့လာရတာကို ပိုလိုလားတယ်ဆိုရင် ခရီးမထွက်ခင်တည်းက ဘာတွေလုပ်မယ်ဆိုတာ ကြိုညှိထားတာ အကောင်းဆုံးပါပဲ။

၂။ ကုန်ကျစရိတ်

ဘယ်နေရာသွားမယ်၊ ဘာလုပ်မယ်ဆိုတာကို သိရရင် ကုန်ကျစရိတ်ကိုလည်း ကြိုခန့်မှန်းထားလို့ ရပါပြီ။ ဒီတော့ တစ်ယောက်တစ်ဝက်စီ အကုန်အကျခံမလား၊ တစ်ယောက်ကို ရာခိုင်နှုန်းဘယ်လောက် ထည့်ဝင်မလဲဆိုတာလည်း ကြိုပြီးညှိထားပါ။ သူက သွားလာစရိတ် အကုန်ခံမယ်ဆို ကိုယ်က စားသောက်စရိတ် အကုန်ခံတာမျိုးဆိုလည်း ကောင်းပါတယ်။ သူ့ဘက်ကပဲ အစအဆုံး အကုန်အကျခံတာမျိုးဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ မျှမျှတတ အကုန်အကျခံတာကသာ သင့်လျော်ပါတယ်။

၃။ ကိုယ်ပိုင်လွတ်လပ်ခွင့်

ခရီးထွက်တာဟာ စိတ်အပန်းဖြေနည်းတစ်ခုပါ။ ကိုယ့်ဘေးမှာ တစ်လျှောက်လုံး ရှိနေရမယ်လို့လည်း သူ့ကို အတင်းကာရော မတောင်းဆိုပါနဲ့။ ကိုယ်မလုပ်ချင်ပေမဲ့ သူလုပ်ချင်တဲ့အရာတွေလည်း ရှိတယ်မဟုတ်လား။ ဒီတော့ ခရီးတစ်လျှောက်မှာ သူ့အတွက် ကိုယ်ပိုင်အချိန်လေးတော့ ထားပေးသင့်သလို ကိုယ့်အတွက်လည်း ကိုယ်ပိုင်အချိန်လေးရရှိအောင် တောင်းဆိုထားပါ။ ဒါက တစ်ယောက်ကိုတစ်ယောက် နားလည်ပေးမှုပဲမဟုတ်လား။

၄။ အပြန်အလှန်ငဲ့ညှာပါ

ကိုယ်က စောစောထပေမဲ့ သူက နေမြင့်မှ ထတာမျိုးဆိုရင်လည်း သူ့အိပ်ချိန်ကို နားလည်ပေးလိုက်ပါ။ သူက မနိုးသေးဘူးဆိုရင်လည်း ကိုယ့်ဘာသာ စောစောထပြီး လေ့ကျင့်ခန်းလုပ်တာမျိုး၊ အလှပြင်တာမျိုးအတွက် အချိန်ပိုရသွားပါတယ်။ အိမ်သာလုစရာလည်း မလိုတော့ဘူးပေါ့။ ဒီလိုမျိုးလေး အပြန်အလှန်ငဲ့ညှာရင်း ကိုယ့်အတွက် အကျိုးရှိတာလေးတွေလုပ်လိုက်ပါ။

၅။ ပျော်စရာတွေဖန်တီးပါ

နေ့စဉ်မြင်တွေ့နေကြ၊ လုပ်နေကြ ပုံသေကားချပ်အရာတွေကနေ နှစ်ယောက်လုံး ကျောခိုင်းလာကြတဲ့အခါ သီးသန့်ကိုယ်ပိုင်ကမ္ဘာလေး ဖြစ်သွားပါတယ်။ မကျေနပ်တာတွေကို ခေါက်ထားလိုက်ပါ။ ကိုယ့်အချစ်တွေကိုလည်း သူသိအောင် ထုတ်ပြရင်း သူ့အချစ်တွေကိုလည်း ခံယူလိုက်ပေါ့။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ချစ်ခင်ဂရုစိုက်ရင်းနဲ့ အချစ်ရေးက ပိုပြီးခိုင်မာလာအောင် တည်ဆောက်လို့ရသွားပါလိမ့်မယ်။ အနမ်းပေးပြီး အိပ်ယာနှိုးတာမျိုး၊ အတူတူ တောင်တက်ကြတာမျိုးနဲ့ နေထွက်ချိန်ကိုု အတူကြည့်ရှုကြတာမျိုးတွေဟာ လုပ်ငန်းခွင်ထဲပြန်ဝင်ရရင် နှစ်ယောက်လုံးအတွက် ရဖို့မလွယ်တော့တဲ့ အရာတွေပါ။ ဒါကြောင့် ခရီးသွားတဲ့အချိန်အတွင်းမှာ မေ့မရနိုင်တဲ့ အခိုက်အတန့်လေးတွေဖြစ်အောင် ဖန်တီးထားသင့်ပါတယ်။


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top