iMyanmarHouse.com - Best Property Website for Myanmar
×

အသားဆုိတာ ျဖဴမွလွတာမဟုတ္ပါဘူး။ အသားဆြတ္ဆြတ္ျဖဴေနၿပီး စိုေျပမႈမရွိဘူးဆုိရင္ ပိုးဟပ္ျဖဴတစ္ေကာင္နဲ႔ပဲ တူေနပါလိမ့္မယ္။ အသားအေရကို တင္းရင္းေအာင္၊ စိုေျပေအာင္၊ ျဖဴေအာင္ စတဲ့ ေဆးအမ်ိဳးအမ်ိဳး၊ အလွကုန္အမ်ိဳးမ်ိဳး သံုးစြဲၾကေပမဲ့ ကိုယ္တုိင္ဂ႐ုစိုက္ဖို႔ေတာ့ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ အသားအေရက ႐ွိသင့္တ့ဲအ႐ြယ္ထက္ ပိုၿပီးရင့္ေရာ္ေနရတာဟာ ဒါေတြကို ဂ႐ုမစိုက္လို႔ ျဖစ္ေနရတာပါ။

၁။ မ်က္ႏွာသစ္ပါ

တစ္ေန႔ႏွစ္ႀကိမ္ မ်က္ႏွာသစ္ပါ။ ညဘက္ မအိပ္ခင္ မိတ္ကပ္ေတြကိုဖ်က္ၿပီး မ်က္ႏွာကို ေသေသခ်ာခ်ာ သန္႔စင္ၿပီးမွ အိပ္ရပါမယ္။

၂။ ေရဓာတ္ျဖည့္ခရင္မ္

အသားအေရကို စိုျပည္ေစမယ့္ ေရဓာတ္ျဖည့္ခရင္မ္ (Moisturizer) ကို ေန႔တုိင္းလိမ္းေပးဖို႔ မေမ့ပါနဲ႔။ ရာသီဥတုက ပူလိုက္၊ ေအးလိုက္နဲ႔ ေျခာက္ေသြ႔တဲ့အပူခ်ိန္ေၾကာင့္ အသားအေရပ်က္စီးမႈေတြ ျဖစ္ရပါတယ္။ ဒါေၾကာင့္ အစိုဓာတ္ျဖည့္ေပးဖုိ႔ ခရင္မ္ကိုလူးဖုိ႔လိုတာပါ။

၃။ ေနေရာင္ျခည္

နံနက္ခင္းေနျခည္ေႏြးေႏြးကလြဲရင္ တျခားအခ်ိန္ေနေရာင္ေတြက အသားအေရကို ဖ်က္ဆီးတာပါပဲ။ ေနေလာင္ဒဏ္ခံရပါမ်ားတဲ့ အသားအေရဟာ အ႐ြယ္မတိုင္ အိုမင္းရင့္ေရာ္မႈကို ျဖစ္ေစပါတယ္။ အေၾကာင္းရင္းကေတာ့ ေနေရာင္ျခည္မွာပါတဲ့ ခရမ္းလြန္ေရာင္ျခည္က အေရျပားဆဲလ္ေတြကို ပ်က္စီးေစလို႔ပါပဲ။ ဒါတင္မက တင္းတိပ္နဲ႔ မွဲ႔ေျခာက္ေတြလည္း ျဖစ္ေစပါေသးတယ္။

၄။ အိပ္ေရးဝဝ

အိပ္ေရးမဝရင္လည္း အသားအေရက ပ်က္စီးျပန္ေရာေလ။ လွပတဲ့အသားအေရကို ရ႐ွိဖုိ႔ဆုိရင္ တစ္ေန႔ကို အနည္းဆံုး ၇ နာရီေတာ့ အိပ္ေပးဖုိ႔လိုပါတယ္။ အိပ္ေရးဝ၀ မအိပ္တဲ့လူရဲ႕ အသားအေရဟာ ပံုမွန္ထက္ ငါးႏွစ္စာေလာက္ ပိုၿပီးရင့္ေရာ္ေစပါတယ္။

၅။ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအေသာက္

မိန္းကေလးေတြက ခ်ဥ္ငံစပ္အရသာကို ပိုႀကိဳက္ၾကပါတယ္။ အဲ့ဒီ အရသာကပဲ အသားအေရကို ပ်က္စီးေစတာေပါ့။ ဆီမ်ားတာေတြကိုလည္း ေ႐ွာင္ၾကဥ္မွ အသားအေရက မရင့္ေရာ္မွာပါ။ သဘာဝနည္းနဲ႔စိုက္ပ်ိဳးထားတဲ့ ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးဝလံေတြက အသားအေရကို လွပေစမယ့္ အေကာင္းဆံုးအစားအစာေတြပါပဲ။

၆။ ေရေသာက္ပါ

တစ္ေန႔ကို အနည္းဆံုး ေရ ၂ လီတာေသာက္ပါ။ ေရဓာတ္မျပည့္ရင္လည္း အသားအေရက မြဲေျခာက္ေျခာက္ျဖစ္ရပါတယ္။ ဟင္းသီးဟင္းရြက္စား၊ ေရေသာက္ေတာ့ ဝမ္းမွန္ၿပီး ဝက္ျခံထြက္တာေတြ နည္းသြားပါလိမ့္မယ္။


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

အသားဆိုတာ ဖြူမှလှတာမဟုတ်ပါဘူး။ အသားဆွတ်ဆွတ်ဖြူနေပြီး စိုပြေမှုမရှိဘူးဆိုရင် ပိုးဟပ်ဖြူတစ်ကောင်နဲ့ပဲ တူနေပါလိမ့်မယ်။ အသားအရေကို တင်းရင်းအောင်၊ စိုပြေအောင်၊ ဖြူအောင် စတဲ့ ဆေးအမျိုးအမျိုး၊ အလှကုန်အမျိုးမျိုး သုံးစွဲကြပေမဲ့ ကိုယ်တိုင်ဂရုစိုက်ဖို့တော့ မေ့လျော့နေတတ်ကြပါတယ်။ အသားအရေက ရှိသင့်တဲ့အရွယ်ထက် ပိုပြီးရင့်ရော်နေရတာဟာ ဒါတွေကို ဂရုမစိုက်လို့ ဖြစ်နေရတာပါ။

၁။ မျက်နှာသစ်ပါ

တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ။ ညဘက် မအိပ်ခင် မိတ်ကပ်တွေကိုဖျက်ပြီး မျက်နှာကို သေသေချာချာ သန့်စင်ပြီးမှ အိပ်ရပါမယ်။

၂။ ရေဓာတ်ဖြည့်ခရင်မ်

အသားအရေကို စိုပြည်စေမယ့် ရေဓာတ်ဖြည့်ခရင်မ် (Moisturizer) ကို နေ့တိုင်းလိမ်းပေးဖို့ မမေ့ပါနဲ့။ ရာသီဥတုက ပူလိုက်၊ အေးလိုက်နဲ့ ခြောက်သွေ့တဲ့အပူချိန်ကြောင့် အသားအရေပျက်စီးမှုတွေ ဖြစ်ရပါတယ်။ ဒါကြောင့် အစိုဓာတ်ဖြည့်ပေးဖို့ ခရင်မ်ကိုလူးဖို့လိုတာပါ။

၃။ နေရောင်ခြည်

နံနက်ခင်းနေခြည်နွေးနွေးကလွဲရင် တခြားအချိန်နေရောင်တွေက အသားအရေကို ဖျက်ဆီးတာပါပဲ။ နေလောင်ဒဏ်ခံရပါများတဲ့ အသားအရေဟာ အရွယ်မတိုင် အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။ အကြောင်းရင်းကတော့ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားဆဲလ်တွေကို ပျက်စီးစေလို့ပါပဲ။ ဒါတင်မက တင်းတိပ်နဲ့ မှဲ့ခြောက်တွေလည်း ဖြစ်စေပါသေးတယ်။

၄။ အိပ်ရေးဝဝ

အိပ်ရေးမဝရင်လည်း အသားအရေက ပျက်စီးပြန်ရောလေ။ လှပတဲ့အသားအရေကို ရရှိဖို့ဆိုရင် တစ်နေ့ကို အနည်းဆုံး ၇ နာရီတော့ အိပ်ပေးဖို့လိုပါတယ်။ အိပ်ရေးဝ၀ မအိပ်တဲ့လူရဲ့ အသားအရေဟာ ပုံမှန်ထက် ငါးနှစ်စာလောက် ပိုပြီးရင့်ရော်စေပါတယ်။

၅။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်

မိန်းကလေးတွေက ချဉ်ငံစပ်အရသာကို ပိုကြိုက်ကြပါတယ်။ အဲ့ဒီ အရသာကပဲ အသားအရေကို ပျက်စီးစေတာပေါ့။ ဆီများတာတွေကိုလည်း ရှောင်ကြဉ်မှ အသားအရေက မရင့်ရော်မှာပါ။ သဘာဝနည်းနဲ့စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေက အသားအရေကို လှပစေမယ့် အကောင်းဆုံးအစားအစာတွေပါပဲ။

၆။ ရေသောက်ပါ

တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာသောက်ပါ။ ရေဓာတ်မပြည့်ရင်လည်း အသားအရေက မွဲခြောက်ခြောက်ဖြစ်ရပါတယ်။ ဟင်းသီးဟင်းရွက်စား၊ ရေသောက်တော့ ဝမ်းမှန်ပြီး ဝက်ခြံထွက်တာတွေ နည်းသွားပါလိမ့်မယ်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top