iMyanmarHouse.com - Best Property Website for Myanmar
×

အနည္းဆံုး တစ္ပတ္ကိုတစ္ႀကိမ္ ေခါင္းေလွ်ာ္ေပမဲ့ နည္းစနစ္မွန္မွန္နဲ႔ ေခါင္းေလွ်ာ္မွသာ ဆံပင္အတြက္ အေကာင္းဆံုးရလဒ္ကို ရရွိမွာျဖစ္ပါတယ္။ ဆံပင္အတြက္ အေကာင္းဆံုးရလဒ္ကို ေပးစြမ္းမယ့္ ေခါင္းေလွ်ာ္နည္းကို ဆံပင္ပညာ႐ွင္ ေဂ်ာ့ခ်္ ေနာ္သန္ဝုဒ္က ေျပာျပထားပါတယ္။ သူက နာမည္ေက်ာ္ေမာ္ဒယ္ေတြျဖစ္တဲ့ အဲလက္ဇာေခ်ာင္၊ ရိုစီဟန္တင္တန္ဝႈိက္တေလနဲ႔ ေအာ္စကာဆုရွင္ အလစ္စီယာ ဗီကန္ဒါတုိ႔ရဲ႕ ဆံပင္ေတြကို ျပဳျပင္ေပးခဲ့သူပါ။

လူအမ်ားစုဟာ ေခါင္းေလွ်ာ္တဲ့အခါ ဆံပင္ကိုေသေသခ်ာခ်ာ သန္႔စင္သြားေအာာင္ မေဆးၾကလို႔ ဆံေကသာအေရာင္က ေမွးမွိန္ၿပီး ေတာက္ပမႈအားနည္းသြားရတယ္လို႔ ေနာ္သန္ဝုဒ္က ေျပာပါတယ္။ ေခါင္းေလွ်ာ္တဲ့အခါ ႏွစ္ႀကိမ္ေလွ်ာ္ရမွာျဖစ္ပါတယ္။ ပထမတစ္ႀကိမ္က ဖုန္၊ အဆီနဲ႔အညစ္အေၾကးေတြ စင္သြားဖုိ႔ျဖစ္ၿပီး ဒုတိယတစ္ႀကိမ္ကေတာ့ လံုးဝကိုေျပာင္စင္႐ွင္းသန္႔သြားဖုိ႔အတြက္ပါ။

ပထမတစ္ႀကိမ္ေလွ်ာ္တဲ့အခါမွာ ေခါင္းေလွ်ာ္ရည္အမ်ားႀကီးထည့္စရာမလိုပါဘူး။ ပထမအႀကိမ္ေလွ်ာ္တဲ့အခါ ဖုန္နဲ႔အဆီေတြေၾကာင့္ အျမႇဳပ္သိပ္မထြက္တဲ့အခါ ေခါင္းေလွ်ာ္ရည္ကို အမ်ားႀကီးထည့္မိတတ္ၾကပါတယ္။ လိုတာထက္ပိုမ်ားတဲဲ့ ေခါင္းေလွ်ာ္ရည္ပမာဏေၾကာင့္ ဆံပင္အေရာင္ေတာက္ပမႈ နည္းသြားရတယ္လို႔ ေနာ္သန္ဝုဒ္ကေျပာပါတယ္။ ဆံပင္ေပ်ာ့ေဆး (conditioner) ကိုလည္း ကိုယ့္ရဲ႕ဆံပင္အမ်ိဳးအစားအေပၚလုိက္ၿပီး ေရြးခ်ယ္ဖုိ႔လိုေၾကာင္း သူက အၾကံေပးထားပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

အနည်းဆုံး တစ်ပတ်ကိုတစ်ကြိမ် ခေါင်းလျှော်ပေမဲ့ နည်းစနစ်မှန်မှန်နဲ့ ခေါင်းလျှော်မှသာ ဆံပင်အတွက် အကောင်းဆုံးရလဒ်ကို ရရှိမှာဖြစ်ပါတယ်။ ဆံပင်အတွက် အကောင်းဆုံးရလဒ်ကို ပေးစွမ်းမယ့် ခေါင်းလျှော်နည်းကို ဆံပင်ပညာရှင် ဂျော့ချ် နော်သန်ဝုဒ်က ပြောပြထားပါတယ်။ သူက နာမည်ကျော်မော်ဒယ်တွေဖြစ်တဲ့ အဲလက်ဇာချောင်၊ ရိုစီဟန်တင်တန်ဝှိုက်တလေနဲ့ အော်စကာဆုရှင် အလစ်စီယာ ဗီကန်ဒါတို့ရဲ့ ဆံပင်တွေကို ပြုပြင်ပေးခဲ့သူပါ။

လူအများစုဟာ ခေါင်းလျှော်တဲ့အခါ ဆံပင်ကိုသေသေချာချာ သန့်စင်သွားအောာင် မဆေးကြလို့ ဆံကေသာအရောင်က မှေးမှိန်ပြီး တောက်ပမှုအားနည်းသွားရတယ်လို့ နော်သန်ဝုဒ်က ပြောပါတယ်။ ခေါင်းလျှော်တဲ့အခါ နှစ်ကြိမ်လျှော်ရမှာဖြစ်ပါတယ်။ ပထမတစ်ကြိမ်က ဖုန်၊ အဆီနဲ့အညစ်အကြေးတွေ စင်သွားဖို့ဖြစ်ပြီး ဒုတိယတစ်ကြိမ်ကတော့ လုံးဝကိုပြောင်စင်ရှင်းသန့်သွားဖို့အတွက်ပါ။

ပထမတစ်ကြိမ်လျှော်တဲ့အခါမှာ ခေါင်းလျှော်ရည်အများကြီးထည့်စရာမလိုပါဘူး။ ပထမအကြိမ်လျှော်တဲ့အခါ ဖုန်နဲ့အဆီတွေကြောင့် အမြှုပ်သိပ်မထွက်တဲ့အခါ ခေါင်းလျှော်ရည်ကို အများကြီးထည့်မိတတ်ကြပါတယ်။ လိုတာထက်ပိုများတဲ့ ခေါင်းလျှော်ရည်ပမာဏကြောင့် ဆံပင်အရောင်တောက်ပမှု နည်းသွားရတယ်လို့ နော်သန်ဝုဒ်ကပြောပါတယ်။ ဆံပင်ပျော့ဆေး (conditioner) ကိုလည်း ကိုယ့်ရဲ့ဆံပင်အမျိုးအစားအပေါ်လိုက်ပြီး ရွေးချယ်ဖို့လိုကြောင်း သူက အကြံပေးထားပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top