iMyanmarHouse.com - Best Property Website for Myanmar
×

စိတ္ဆုိတာ ထိန္းခ်ဳပ္ဖို႔လည္းခက္သလို ႀကိဳတင္ခန္႔မွန္းလို႔လည္း မရပါဘူး။ ညဘက္ အိပ္မက္ဆိုးေတြဟာ ကိုယ့္ရဲ႕စိတ္ခံစားခ်က္ေတြနဲ႔ ဆက္ႏႊယ္ၿပီးေတာ့လည္း ျဖစ္ေပၚလာရပါတယ္။ ဘယ္သူကမွ အိပ္မက္ဆိုးေတြ မက္လိုၾကမယ္မထင္ပါဘူး။ အိပ္မက္ဆိုးေတြမက္ျခင္းကေန ေ႐ွာင္ၾကဥ္ခ်င္တယ္ဆုိရင္ေတာ့ ဒီအခ်က္ေတြကို လိုက္နာရမွာျဖစ္ပါတယ္။

၁။ ႐ုပ္႐ွင္နဲ႔မီဒီယာ

ညၪ့္နက္ခ်ိန္ထိတုိင္ေအာင္ မအိပ္ေသးဘဲ ေၾကာက္စရာေကာင္းတဲ့ဇာတ္ကားေတြၾကည့္တာမ်ိဳး မလုပ္သင့္ပါဘူး။ ေၾကာက္လန္႔ေစမယ့္ သတင္းေတြ၊ ဗီဒီယိုေတြကို အိပ္ခါနီး ၾကည့္ရႈျခင္းကလည္း အိပ္မက္ဆုိးေတြ မက္ေစပါတယ္။ သုေတသနလုပ္ၿပီး ေလ့လာၾကည့္ရာမွာ အိပ္ခါနီးၾကည့္မိတဲ့ ဇာတ္လမ္းက အိပ္မက္ရဲ႕ ၉၀ ရာခိုင္ႏႈန္းကို ဆက္ႏႊယ္ေစေၾကာင္း သိ႐ွိခဲ့ရပါတယ္။ ဒါေၾကာင့္မုိ႔လို႔ အိပ္ခါနီးမွာ စိတ္ထိခိုက္ေစမယ့္ဇာတ္လမ္းေတြကို ေရွာင္ၾကဥ္သင့္ပါတယ္။

၂။ စိတ္ဖိစီးမႈနဲ႔ စိုးရိမ္ပူပန္မႈ

စိတ္ဖိစီးမႈနဲ႔ စိုးရိမ္ပူပန္စရာေတြကို ေခါင္းထဲမွာတစ္ခ်ိန္လံုးထည့္ထားေနရတဲ့အတြက္ အိပ္စက္ခ်ိန္မွာေတာင္ ႏွစ္ၿခိဳက္စြာအိပ္မေပ်ာ္ႏိုင္ေတာ့ပါဘူး။ ေတာ္႐ံုနဲ႔ အိပ္မေပ်ာ္ႏိုင္တဲ့အျပင္ အိပ္မက္မက္ရင္ေတာင္မွ အိပ္မက္ဆိုးေတြ မက္ေနရပါတယ္။ အိပ္ခါနီးမွာ အသက္႐ႈေလ့က်င့္ခန္းလုပ္ၾကည့္ပါ။ သိပ္မေတြးပါနဲ႔။

၃။ အိပ္ခါနီးအလြန္အကၽြံစားျခင္း

အိပ္ခါနီးမွာ အစားေတြအမ်ားႀကီးစားလိုက္ေတာ့ လူကအိပ္ေနေပမဲ့ ခႏၶာကိုယ္ရဲ႕အစာေျခစနစ္က အလုပ္မ်ားေနရပါတယ္။ အစာမေၾကဘဲ အိပ္ရာဝင္လိုက္ေတာ့ ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္စဥ္ (Metabolism)ကိုပါ သက္ေရာက္မႈျဖစ္ၿပီး အိပ္မက္ဆုိးေတြ မက္ပါတယ္။ အပူအစပ္ေတြစားရင္ ပိုဆိုးႏိုင္ပါတယ္။

၄။ အိပ္ရာ

ကိုယ္အိပ္တဲ့ေနရာကလည္း အိပ္မက္ေတြအေပၚ သက္ေရာက္ပါတယ္။ သက္ေတာင့္သက္သာမျဖစ္တဲ့ေနရာမွာ အိပ္စက္ရျခင္းဟာ အနားယူမႈကို မျဖစ္ေစဘဲ အိပ္မက္ဆိုးေတြမက္ႏိုင္ေျခမ်ားသြားပါတယ္။ ေကာင္းမြန္တဲ့ အနံ႔အသက္ရတဲ့အခန္းေတြမွာ အိပ္တဲဲ့လူေတြဟာ အိပ္မက္ဆိုးေတြသိပ္မမက္သလို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစႏိုင္ေၾကာင္း ဂ်ာမနီႏိုင္ငံက သုေတသနရလဒ္တစ္ခုအရ သိရပါတယ္။ ပန္းသီးရဲ႕ရနံ႔က အိပ္ေပ်ာ္လြယ္ေစႏိုင္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit: duwun

#Unicode Version

စိတ်ဆိုတာ ထိန်းချုပ်ဖို့လည်းခက်သလို ကြိုတင်ခန့်မှန်းလို့လည်း မရပါဘူး။ ညဘက် အိပ်မက်ဆိုးတွေဟာ ကိုယ့်ရဲ့စိတ်ခံစားချက်တွေနဲ့ ဆက်နွှယ်ပြီးတော့လည်း ဖြစ်ပေါ်လာရပါတယ်။ ဘယ်သူကမှ အိပ်မက်ဆိုးတွေ မက်လိုကြမယ်မထင်ပါဘူး။ အိပ်မက်ဆိုးတွေမက်ခြင်းကနေ ရှောင်ကြဉ်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို လိုက်နာရမှာဖြစ်ပါတယ်။

၁။ ရုပ်ရှင်နဲ့မီဒီယာ

ညဉ့်နက်ချိန်ထိတိုင်အောင် မအိပ်သေးဘဲ ကြောက်စရာကောင်းတဲ့ဇာတ်ကားတွေကြည့်တာမျိုး မလုပ်သင့်ပါဘူး။ ကြောက်လန့်စေမယ့် သတင်းတွေ၊ ဗီဒီယိုတွေကို အိပ်ခါနီး ကြည့်ရှုခြင်းကလည်း အိပ်မက်ဆိုးတွေ မက်စေပါတယ်။ သုတေသနလုပ်ပြီး လေ့လာကြည့်ရာမှာ အိပ်ခါနီးကြည့်မိတဲ့ ဇာတ်လမ်းက အိပ်မက်ရဲ့ ၉၀ ရာခိုင်နှုန်းကို ဆက်နွှယ်စေကြောင်း သိရှိခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ အိပ်ခါနီးမှာ စိတ်ထိခိုက်စေမယ့်ဇာတ်လမ်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။

၂။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စရာတွေကို ခေါင်းထဲမှာတစ်ချိန်လုံးထည့်ထားနေရတဲ့အတွက် အိပ်စက်ချိန်မှာတောင် နှစ်ခြိုက်စွာအိပ်မပျော်နိုင်တော့ပါဘူး။ တော်ရုံနဲ့ အိပ်မပျော်နိုင်တဲ့အပြင် အိပ်မက်မက်ရင်တောင်မှ အိပ်မက်ဆိုးတွေ မက်နေရပါတယ်။ အိပ်ခါနီးမှာ အသက်ရှုလေ့ကျင့်ခန်းလုပ်ကြည့်ပါ။ သိပ်မတွေးပါနဲ့။

၃။ အိပ်ခါနီးအလွန်အကျွံစားခြင်း

အိပ်ခါနီးမှာ အစားတွေအများကြီးစားလိုက်တော့ လူကအိပ်နေပေမဲ့ ခန္ဓာကိုယ်ရဲ့အစာခြေစနစ်က အလုပ်များနေရပါတယ်။ အစာမကြေဘဲ အိပ်ရာဝင်လိုက်တော့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ် (Metabolism)ကိုပါ သက်ရောက်မှုဖြစ်ပြီး အိပ်မက်ဆိုးတွေ မက်ပါတယ်။ အပူအစပ်တွေစားရင် ပိုဆိုးနိုင်ပါတယ်။

၄။ အိပ်ရာ

ကိုယ်အိပ်တဲ့နေရာကလည်း အိပ်မက်တွေအပေါ် သက်ရောက်ပါတယ်။ သက်တောင့်သက်သာမဖြစ်တဲ့နေရာမှာ အိပ်စက်ရခြင်းဟာ အနားယူမှုကို မဖြစ်စေဘဲ အိပ်မက်ဆိုးတွေမက်နိုင်ခြေများသွားပါတယ်။ ကောင်းမွန်တဲ့ အနံ့အသက်ရတဲ့အခန်းတွေမှာ အိပ်တဲ့လူတွေဟာ အိပ်မက်ဆိုးတွေသိပ်မမက်သလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ကြောင်း ဂျာမနီနိုင်ငံက သုတေသနရလဒ်တစ်ခုအရ သိရပါတယ်။ ပန်းသီးရဲ့ရနံ့က အိပ်ပျော်လွယ်စေနိုင်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: duwun


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top