iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔တာလံံုး လုပ္ကိုင္ၾကံစည္သမွ်ေတြ အဆင္ေျပေအာင္ျမင္ဖုိ႔ဆုိတာ မနက္ခင္းပိုင္းမွာ လန္းဆန္းတက္ၾကြေနမွ ျဖစ္မွာပါ။ မနက္စာကို မစားဘဲမေနပါနဲ႔။ က်န္းမာေရးနဲ႔ညီညြတ္တဲ့ မနက္စာက ခြန္အားေတြေပးပါတယ္။ မနက္ခင္းပိုင္းမွာ ႏိုးၾကားေနဖုိ႔ ေကာ္ဖီေသာက္ေလ့ရွိတယ္မဟုတ္လား။ ေကာ္ဖီမဟုတ္ဘဲနဲ႔ မနက္ခင္းပိုင္းမွာ ေသာက္သင့္တာေတြလည္း ရွိပါေသးတယ္။

၁။ Green Tea

လက္ဖက္ေျခာက္ ေရေႏြးၾကမ္းကို ေကာ္ဖီအစားထိုး ေသာက္ႏိုင္ပါတယ္။ အစာမေၾကတာေတြကိုလည္း ေလ်ာ့ပါးေစၿပီး အ႐ိုးပြေရာဂါ၊ ကင္ဆာနဲ႔ ႏွလံုးေရာဂါေတြမျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။ ေသြးေၾကာေတြကို သက္ေတာင့္သက္သာျဖစ္ေစၿပီး ေသြးပ်စ္တာ၊ ေသြးခဲတာေတြကို မျဖစ္ေစပါဘူး။ ဖလူအို႐ိုက္ (Fluoride) လည္း ပါဝင္လို႔ သြားေတြအတြက္လည္း ေကာင္းပါတယ္။

၂။ ႏြားႏို႔

မနက္ပိုင္းမွာ ႏြားႏို႔ေသာက္ထားရင္ ခႏၶာကိုယ္အတြက္ ပိုၿပီး အာဟာရျဖစ္ေစပါတယ္။ ကာဘိုဟိုက္ၿဒိတ္ (Carbohydrate) နဲ႔ အသားဓာတ္ (Protein) ပါဝင္လို႔ ခြန္အားလည္းျဖစ္ေစပါတယ္။ အ႐ိုးနဲ႔သြားေတြကို သန္မာအားေကာင္းေစတာကိုလည္း သိထားၿပီးျဖစ္မွာပါ။

၃။ ေခ်ာကလက္အပူ

ေခ်ာကလက္က စိတ္ကိုတက္ၾကြေပ်ာ္ရႊင္ေစလို႔ မနက္ခင္းပိုင္းမွာ စိတ္အာရံုခံစားမႈ ႏိုးၾကားေစမွာပါ။ ဒါ့အျပင္ ႏွလံုးက်န္းမာေရးအတြက္လည္း ေခ်ာကလက္ကို စားသံုးေပးသင့္ပါတယ္။

၄။ လိေမၼာ္ရည္ (Orange Juice)

ေပါ့ပါးလန္းဆန္းေစဖုိ႔အတြက္ေတာ့ လိေမၼာ္ရည္က အသင့္ေတာ္ဆံုးပါပဲ။ ခ်ိဳခ်ဥ္အရသာေလးက လူကိုလန္းဆန္းေစပါတယ္။ ဗီတာမင္စီ (Vitamin C) ၾကြယ္ဝလို႔ ကိုယ္ခံစြမ္းအားစနစ္ကို အားေကာင္းေစၿပီး အရြယ္တင္ႏုပ်ိဳေစပါတယ္။ ကင္ဆာေရာဂါေတြကိုလည္း ကာကြယ္ေပးမယ့္အျပင္ ခႏၶာကိုယ္ကို ေရာဂါပိုးမႊားေတြ မ၀င္ေရာက္ေအာင္လည္း တားဆီးေပးပါလိမ့္မယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit;duwun

#Unicode Version

တစ်နေ့တာလံုံး လုပ်ကိုင်ကြံစည်သမျှတွေ အဆင်ပြေအောင်မြင်ဖို့ဆိုတာ မနက်ခင်းပိုင်းမှာ လန်းဆန်းတက်ကြွနေမှ ဖြစ်မှာပါ။ မနက်စာကို မစားဘဲမနေပါနဲ့။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာက ခွန်အားတွေပေးပါတယ်။ မနက်ခင်းပိုင်းမှာ နိုးကြားနေဖို့ ကော်ဖီသောက်လေ့ရှိတယ်မဟုတ်လား။ ကော်ဖီမဟုတ်ဘဲနဲ့ မနက်ခင်းပိုင်းမှာ သောက်သင့်တာတွေလည်း ရှိပါသေးတယ်။

၁။ Green Tea

လက်ဖက်ခြောက် ရေနွေးကြမ်းကို ကော်ဖီအစားထိုး သောက်နိုင်ပါတယ်။ အစာမကြေတာတွေကိုလည်း လျော့ပါးစေပြီး အရိုးပွရောဂါ၊ ကင်ဆာနဲ့ နှလုံးရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးကြောတွေကို သက်တောင့်သက်သာဖြစ်စေပြီး သွေးပျစ်တာ၊ သွေးခဲတာတွေကို မဖြစ်စေပါဘူး။ ဖလူအိုရိုက် (Fluoride) လည်း ပါဝင်လို့ သွားတွေအတွက်လည်း ကောင်းပါတယ်။

၂။ နွားနို့

မနက်ပိုင်းမှာ နွားနို့သောက်ထားရင် ခန္ဓာကိုယ်အတွက် ပိုပြီး အာဟာရဖြစ်စေပါတယ်။ ကာဘိုဟိုက်ဒြိတ် (Carbohydrate) နဲ့ အသားဓာတ် (Protein) ပါဝင်လို့ ခွန်အားလည်းဖြစ်စေပါတယ်။ အရိုးနဲ့သွားတွေကို သန်မာအားကောင်းစေတာကိုလည်း သိထားပြီးဖြစ်မှာပါ။

၃။ ချောကလက်အပူ

ချောကလက်က စိတ်ကိုတက်ကြွပျော်ရွှင်စေလို့ မနက်ခင်းပိုင်းမှာ စိတ်အာရုံခံစားမှု နိုးကြားစေမှာပါ။ ဒါ့အပြင် နှလုံးကျန်းမာရေးအတွက်လည်း ချောကလက်ကို စားသုံးပေးသင့်ပါတယ်။

၄။ လိမ္မော်ရည် (Orange Juice)

ပေါ့ပါးလန်းဆန်းစေဖို့အတွက်တော့ လိမ္မော်ရည်က အသင့်တော်ဆုံးပါပဲ။ ချိုချဉ်အရသာလေးက လူကိုလန်းဆန်းစေပါတယ်။ ဗီတာမင်စီ (Vitamin C) ကြွယ်ဝလို့ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး အရွယ်တင်နုပျိုစေပါတယ်။ ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးမယ့်အပြင် ခန္ဓာကိုယ်ကို ရောဂါပိုးမွှားတွေ မဝင်ရောက်အောင်လည်း တားဆီးပေးပါလိမ့်မယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit;duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top