iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္စိနဲ႕ ပတ္သက္တ့ဲ အယူအဆေတြက လူေတြၾကားထဲမွာ ပ်ံ႔ႏွံ႔ေနတာ အမ်ိဳးမ်ိဳးရွိပါတယ္။ အဲဒီအထဲက ဆရာတို႔ဆီကို ေရာက္လာတ့ဲ လူနာအမ်ားစုမွာ ေတြ႔ရတ့ဲ အယူအဆမွားေတြ အေၾကာင္းကို ေျပာျပခ်င္ပါတယ္။ အမ်ားဆံုးေတြ႔ရတ့ဲ အယူအဆက မ်က္မွန္နဲ႔ ပတ္သက္ၿပီးေတာ့ ျဖစ္ပါတယ္။

တခ်ိဳ႕လူေတြက မ်က္မွန္ကို စြဲစြဲၿမဲၿမဲတပ္လိုက္ရင္ မ်က္မွန္ပါဝါ ေလ်ာ့သြားတယ္လို႔ ထင္ၾကသလို တခ်ိဳ႕ၾကေတာ့လည္း မ်က္မွန္တပ္တာေၾကာင့္ မ်က္မွန္ပါဝါ တိုးလာတယ္လို႔ ထင္ၾကပါတယ္။

“ကၽြန္မသားက အခုမ်က္မွန္ပါဝါ အႏုတ္ (-၁) ရွိတယ္။ အဲဒါကို စြဲစြဲၿမဲၿမဲ တပ္လိုက္ရင္ အႏုတ္ (-၂) ျဖစ္သြားမွာေပါ့” လို႔ျပန္ေျဖၾကတယ္။

တခ်ိဳ႕က်ေတာ့လည္း မ်က္မွန္ကို စြဲစြဲၿမဲၿမဲတပ္ရင္ မ်က္မွန္ပါဝါ အႏုတ္ကေန - ဝ ဒသမ ၅ ျဖစ္သြားမလားလို႔ ထင္ၾကတယ္။ မဟုတ္ပါဘူး။ မ်က္မွန္ပါဝါက မ်က္လံုးရဲ႕ Curvature နဲ႔ Axial Length ေပၚမွာ မူတည္ပါတယ္။ ဒါက အရြယ္နဲ႔အလိုက္ ေျပာင္းလဲေနပါတယ္။

ဥပမာအားျဖင့္ အေဝးပါဝါ (အႏုတ္ပါဝါ) က Axial Langth ရွည္လာရင္ အႏုတ္ပါဝါက မ်ားလာတတ္ပါတယ္။

အသက္ ၁၂ ႏွစ္အရြယ္ ကေလး တစ္ေယာက္က မ်က္မွန္ပါဝါ အႏုတ္တစ္ကို တပ္ထားတယ္။ တစ္ႏွစ္ၾကာလို႔ ျပန္စမ္းလိုက္ေတာ့ အႏုတ္တစ္ ဒသမ ငါးျဖစ္သြားတယ္။ ေနာက္တစ္ႏွစ္က်ေတာ့ အႏုတ္တစ္ ျဖစ္
သြားတယ္။ ဒီေတာ့ မိခင္ျဖစ္သူက “ကၽြန္မသားေလး မ်က္မွန္တပ္လိုက္လို႔ ပါဝါတိုးလာတာ ထင္တယ္” လို႔ ေျပာတတ္ၾကတယ္။ တကယ္ေတာ့ မဟုတ္ပါဘူး။ အရြယ္နဲ႔လိုက္တ့ဲ ေျပာင္းလဲမႈ ျဖစ္လာတာပဲ ျဖစ္ပါတယ္။

ခႏၶာကိုယ္ ဖြံၿဖိဳးမႈရွိေနသမွ် ပါဝါကလည္း လိုက္တက္ေနမွာပါပဲ။ ပံုမွန္ဆိုရင္ အသက္ ၂၁ ႏွစ္ေလာက္အထိ မ်က္မွန္ပါဝါ တက္ေနႏိုင္ပါတယ္။ ၂၁ ႏွစ္မွာ ခႏၶာကိုယ္ႏွင့္ အရပ္အေမာင္း ဖြံၿဖိဳးမႈက ရပ္သြားၿပီဆိုရင္၊ Eye Ball ရ႕ဲ Axial Length ရွည္တာ ရပ္သြားရင္ ျဖစ္ပါတယ္။

တခိ်ဳ႕လူနာေတြက်ေတာ့လည္း မ်က္မွန္ကို ငယ္ငယ္ကတည္းက တပ္လာတာ၊ ႀကီးလာေတာ့ ပါဝါေလ်ာ့သြားတယ္လို႔ ေျပာၾကတယ္။ ဒါက ဘယ္လိုျဖစ္တာလဲဆိုေတာ့ ငယ္ငယ္ကတည္းက အႏုတ္ပါဝါ တပ္ခ့ဲတယ္။ အသက္ ၄ဝ အရြယ္ေရာက္ေတာ့ မ်က္မွန္က အေပါင္းပါဝါ ဝင္လာတယ္။ အႏုတ္ပါဝါနဲ႔ အေပါင္းပါဝါက်ေတာ့ မ်က္မွန္လြတ္သြားတယ္။ အေဝးကိုေတာ့ မႈန္တယ္၊ အနီးကိုေတာ့ ျမင္ရေတာ့ မ်က္မွန္မတပ္ရေတာ့ဘူး။ ဒါ ငယ္ငယ္ကတည္းက မ်က္မွန္ကို စြဲစြဲၿမဲၿမဲတပ္လာတ့ဲ
အက်ိဳးေက်းဇူးပဲလို႔ ေျပာၾကတယ္။ ဒါလည္း မဟုတ္ပါဘူး။

ေနာက္တစ္ခုက အတြင္းတိမ္ေရာဂါ (Cataract) အမ်ိဳးအစားတစ္ခု ျဖစ္တ့ဲ Nuclear Sclerosis ျဖစ္ရင္ မ်က္မွန္က အႏုတ္ဘက္ကို ေရာက္သြားတယ္။ အဲဒီေတာ့ အသက္ ၅ဝ အရြယ္မွာ အေပါင္းႏွစ္ထပ္ထားေတာ့ အႏုတ္ပါဝါ ဝင္လာတ့ဲအခါ ေက်သြားၿပီး သုညပါဝါ ျဖစ္သြားတယ္။ ဒါေပမယ့္ အေဝးကိုေတာ့ မႈန္တယ္၊ အနီးကို ျမင္တယ္။

(ဒီလို လူနာေတြက မ်က္စိအထူးကု ဆရာဝန္ေတြဆီ လာျပတ့ဲအခါ “ ဆရာကၽြန္မ မ်က္မွန္ပါဝါလြတ္သြားၿပီ” ဆိုၿပီး ဝမ္းသာအားရေျပာၾကတယ္။ ဒါ အတြင္းတိမ္ျဖစ္ေနၿပီဆိုတာ သိလိုက္ပါတယ္။)

သူတို႕ကေတာ့ ငယ္ငယ္ကတည္းက မ်က္မွန္ကို ဂရုတစိုက္ တပ္ခ့ဲလို႔ အသက္ ၅ဝ အရြယ္မွာ မ်က္မွန္ပါဝါ လြတ္သြားတာလို႔ ထင္ေနၾကတယ္။ တခ်ိဳ႕က်ေတာ့လည္း “မ်က္လံုးက ေကာင္းလာလိုက္တာ၊ အပ္ေပါက္ေတာင္ ျမင္ရၿပီ” လို႔ ေျပာၾကတယ္။

သားသမီးေတြက “အေမ အပ္ေပါက္ေတာင္ ျမင္ရၿပီဆိုေတာ့ ဒါ..ကၽြန္မတို႔က ဗီတာမင္အားေဆးေတြ အၿမဲတိုက္လို႔ ထင္တယ္” လို႔ေျပာတတ္ၾကတယ္။ တကယ္ေတာ့ မဟုတ္ပါဘူး။ ဒါက အတြင္းတိမ္ဝင္ေနတ့ဲ အေျခအေနပါ။


Credit: ခိုင္ဇြန္ဦး (ေဆးဝါးတကၠသိုလ္) ၊ Arogyam magazine
မ်က္မွန္သမားေတြ အမွန္သိၾကၿပီေပါ့ ...


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


မျက်စိနဲ့ ပတ်သက်တဲ့ အယူအဆတွေက လူတွေကြားထဲမှာ ပျံ့နှံ့နေတာ အမျိုးမျိုးရှိပါတယ်။ အဲဒီအထဲက ဆရာတို့ဆီကို ရောက်လာတဲ့ လူနာအများစုမှာ တွေ့ရတဲ့ အယူအဆမှားတွေ အကြောင်းကို ပြောပြချင်ပါတယ်။ အများဆုံးတွေ့ရတဲ့ အယူအဆက မျက်မှန်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ပါတယ်။

တချို့လူတွေက မျက်မှန်ကို စွဲစွဲမြဲမြဲတပ်လိုက်ရင် မျက်မှန်ပါဝါ လျော့သွားတယ်လို့ ထင်ကြသလို တချို့ကြတော့လည်း မျက်မှန်တပ်တာကြောင့် မျက်မှန်ပါဝါ တိုးလာတယ်လို့ ထင်ကြပါတယ်။

“ကျွန်မသားက အခုမျက်မှန်ပါဝါ အနုတ် (-၁) ရှိတယ်။ အဲဒါကို စွဲစွဲမြဲမြဲ တပ်လိုက်ရင် အနုတ် (-၂) ဖြစ်သွားမှာပေါ့” လို့ပြန်ဖြေကြတယ်။

တချို့ကျတော့လည်း မျက်မှန်ကို စွဲစွဲမြဲမြဲတပ်ရင် မျက်မှန်ပါဝါ အနုတ်ကနေ - ဝ ဒသမ ၅ ဖြစ်သွားမလားလို့ ထင်ကြတယ်။ မဟုတ်ပါဘူး။ မျက်မှန်ပါဝါက မျက်လုံးရဲ့ Curvature နဲ့ Axial Length ပေါ်မှာ မူတည်ပါတယ်။ ဒါက အရွယ်နဲ့အလိုက် ပြောင်းလဲနေပါတယ်။

ဥပမာအားဖြင့် အဝေးပါဝါ (အနုတ်ပါဝါ) က Axial Langth ရှည်လာရင် အနုတ်ပါဝါက များလာတတ်ပါတယ်။

အသက် ၁၂ နှစ်အရွယ် ကလေး တစ်ယောက်က မျက်မှန်ပါဝါ အနုတ်တစ်ကို တပ်ထားတယ်။ တစ်နှစ်ကြာလို့ ပြန်စမ်းလိုက်တော့ အနုတ်တစ် ဒသမ ငါးဖြစ်သွားတယ်။ နောက်တစ်နှစ်ကျတော့ အနုတ်တစ် ဖြစ်
သွားတယ်။ ဒီတော့ မိခင်ဖြစ်သူက “ကျွန်မသားလေး မျက်မှန်တပ်လိုက်လို့ ပါဝါတိုးလာတာ ထင်တယ်” လို့ ပြောတတ်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ အရွယ်နဲ့လိုက်တဲ့ ပြောင်းလဲမှု ဖြစ်လာတာပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ် ဖွံဖြိုးမှုရှိနေသမျှ ပါဝါကလည်း လိုက်တက်နေမှာပါပဲ။ ပုံမှန်ဆိုရင် အသက် ၂၁ နှစ်လောက်အထိ မျက်မှန်ပါဝါ တက်နေနိုင်ပါတယ်။ ၂၁ နှစ်မှာ ခန္ဓာကိုယ်နှင့် အရပ်အမောင်း ဖွံဖြိုးမှုက ရပ်သွားပြီဆိုရင်၊ Eye Ball ရဲ့ Axial Length ရှည်တာ ရပ်သွားရင် ဖြစ်ပါတယ်။

တချို့လူနာတွေကျတော့လည်း မျက်မှန်ကို ငယ်ငယ်ကတည်းက တပ်လာတာ၊ ကြီးလာတော့ ပါဝါလျော့သွားတယ်လို့ ပြောကြတယ်။ ဒါက ဘယ်လိုဖြစ်တာလဲဆိုတော့ ငယ်ငယ်ကတည်းက အနုတ်ပါဝါ တပ်ခဲ့တယ်။ အသက် ၄ဝ အရွယ်ရောက်တော့ မျက်မှန်က အပေါင်းပါဝါ ဝင်လာတယ်။ အနုတ်ပါဝါနဲ့ အပေါင်းပါဝါကျတော့ မျက်မှန်လွတ်သွားတယ်။ အဝေးကိုတော့ မှုန်တယ်၊ အနီးကိုတော့ မြင်ရတော့ မျက်မှန်မတပ်ရတော့ဘူး။ ဒါ ငယ်ငယ်ကတည်းက မျက်မှန်ကို စွဲစွဲမြဲမြဲတပ်လာတဲ့
အကျိုးကျေးဇူးပဲလို့ ပြောကြတယ်။ ဒါလည်း မဟုတ်ပါဘူး။

နောက်တစ်ခုက အတွင်းတိမ်ရောဂါ (Cataract) အမျိုးအစားတစ်ခု ဖြစ်တဲ့ Nuclear Sclerosis ဖြစ်ရင် မျက်မှန်က အနုတ်ဘက်ကို ရောက်သွားတယ်။ အဲဒီတော့ အသက် ၅ဝ အရွယ်မှာ အပေါင်းနှစ်ထပ်ထားတော့ အနုတ်ပါဝါ ဝင်လာတဲ့အခါ ကျေသွားပြီး သုညပါဝါ ဖြစ်သွားတယ်။ ဒါပေမယ့် အဝေးကိုတော့ မှုန်တယ်၊ အနီးကို မြင်တယ်။

(ဒီလို လူနာတွေက မျက်စိအထူးကု ဆရာဝန်တွေဆီ လာပြတဲ့အခါ “ ဆရာကျွန်မ မျက်မှန်ပါဝါလွတ်သွားပြီ” ဆိုပြီး ဝမ်းသာအားရပြောကြတယ်။ ဒါ အတွင်းတိမ်ဖြစ်နေပြီဆိုတာ သိလိုက်ပါတယ်။)

သူတို့ကတော့ ငယ်ငယ်ကတည်းက မျက်မှန်ကို ဂရုတစိုက် တပ်ခဲ့လို့ အသက် ၅ဝ အရွယ်မှာ မျက်မှန်ပါဝါ လွတ်သွားတာလို့ ထင်နေကြတယ်။ တချို့ကျတော့လည်း “မျက်လုံးက ကောင်းလာလိုက်တာ၊ အပ်ပေါက်တောင် မြင်ရပြီ” လို့ ပြောကြတယ်။

သားသမီးတွေက “အမေ အပ်ပေါက်တောင် မြင်ရပြီဆိုတော့ ဒါ..ကျွန်မတို့က ဗီတာမင်အားဆေးတွေ အမြဲတိုက်လို့ ထင်တယ်” လို့ပြောတတ်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒါက အတွင်းတိမ်ဝင်နေတဲ့ အခြေအနေပါ။


Credit: ခိုင်ဇွန်ဦး (ဆေးဝါးတက္ကသိုလ်) ၊ Arogyam magazine
မျက်မှန်သမားတွေ အမှန်သိကြပြီပေါ့ ...


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top