iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ္ကာယေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္ သုိ႔မဟုတ္ ဆံပင္ေတြ ပြလန္ၾကဲေနတဲ့ ေန႔ေတြမွာ ေခါင္းစည္းၾကိဳးေတြက အေကာင္းဆုံးအေဖာ္ ျဖစ္ပါတယ္။ ဒါေပမယ့္ ေခါင္းစည္းၾကိဳးေတြဟာ သင့္အတြက္ သိပ္ေတာ့မေကာင္းပါဘူး။ တကယ္လို႔ သုံးမယ္ဆိုရင္ မတင္းမရင္း ဖဲၾကိဳးေခါင္းစည္းၾကိဳးေတြ ဒါမွမဟုတ္ ေခါင္းစည္းၾကိဳးအေပ်ာ့ေလးေတြ အသုံးျပဳသင့္ပါတယ္။

တင္းတင္းက်ပ္က်ပ္ဆံပင္စည္းၾကိဳးေတြ လုံးဝမသုံးသင့္တဲ့ အေၾကာင္းအရင္းေတြက…

ဆံပင္စုခ်ည္တာ အၾကံအဥာဏ္ေကာင္းတစ္ခုလုိ႔ ထင္ရေပမယ့္ ဒီလုိလုပ္ျခင္းက ဆံပင္ေတြ ဖိအားပိုရေစပါတယ္။ တင္းရင္းတဲ့ ေခါင္းစည္းၾကိဳးေတြက ပိုေတာင္ဆုိးပါတယ္။ ေမႊးညင္းေပါက္ေတြ ပ်က္စီးေစျပီး ဆံပင္ေတြကြ်တ္ေစကာ ေနာက္ဆုံး ဆံစေတြ ယုတ္ေလွ်ာ့သြားေစပါတယ္။

ဒီေတာ့ ဆံပင္ကို ေနာက္ေစ့နားမွာ စုခ်ည္မယ့္အစား ဘယ္လုိလုပ္သင့္သလဲ။

ေခါင္းစည္းၾကိဳးထူထူေလးေတြက ကုိယ္ကာယေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္သုံးျခင္းအတြက္ အထူးေကာင္းမြန္ပါတယ္။ ေနာက္ေစ့နားမွာ စုခ်ည္ဖုိ႔အဆင္ေျပျပီး ဆံပင္ကြ်တ္ျခင္းကိုလည္း ကာကြယ္ေပးပါတယ္။ ဒါေပမယ့္ ဒီေခါင္းစည္းၾကိဳးေတြကို ေန႔တုိင္းေတာ့ မသုံးသင့္ပါဘူး။  ေနာက္တစ္ခုက ဖဲၾကိဳးေခါင္းစည္းၾကိဳးေတြျဖစ္ပါတယ္။ ဒီေခါင္းစည္းၾကိဳးေတြက ဆံပင္ကို မတင္းမရင္း စုခ်ည္ေပးထားျပီး ၾကာရွည္လည္း ခံပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : trend myanmar

#Unicode Version

ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တဲ့အချိန် သို့မဟုတ် ဆံပင်တွေ ပွလန်ကြဲနေတဲ့ နေ့တွေမှာ ခေါင်းစည်းကြိုးတွေက အကောင်းဆုံးအဖော် ဖြစ်ပါတယ်။ ဒါပေမယ့် ခေါင်းစည်းကြိုးတွေဟာ သင့်အတွက် သိပ်တော့မကောင်းပါဘူး။ တကယ်လို့ သုံးမယ်ဆိုရင် မတင်းမရင်း ဖဲကြိုးခေါင်းစည်းကြိုးတွေ ဒါမှမဟုတ် ခေါင်းစည်းကြိုးအပျော့လေးတွေ အသုံးပြုသင့်ပါတယ်။

တင်းတင်းကျပ်ကျပ်ဆံပင်စည်းကြိုးတွေ လုံးဝမသုံးသင့်တဲ့ အကြောင်းအရင်းတွေက…

ဆံပင်စုချည်တာ အကြံအဉာဏ်ကောင်းတစ်ခုလို့ ထင်ရပေမယ့် ဒီလိုလုပ်ခြင်းက ဆံပင်တွေ ဖိအားပိုရစေပါတယ်။ တင်းရင်းတဲ့ ခေါင်းစည်းကြိုးတွေက ပိုတောင်ဆိုးပါတယ်။ မွှေးညင်းပေါက်တွေ ပျက်စီးစေပြီး ဆံပင်တွေကျွတ်စေကာ နောက်ဆုံး ဆံစတွေ ယုတ်လျှော့သွားစေပါတယ်။

ဒီတော့ ဆံပင်ကို နောက်စေ့နားမှာ စုချည်မယ့်အစား ဘယ်လိုလုပ်သင့်သလဲ။

ခေါင်းစည်းကြိုးထူထူလေးတွေက ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တဲ့အချိန်သုံးခြင်းအတွက် အထူးကောင်းမွန်ပါတယ်။ နောက်စေ့နားမှာ စုချည်ဖို့အဆင်ပြေပြီး ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ဒီခေါင်းစည်းကြိုးတွေကို နေ့တိုင်းတော့ မသုံးသင့်ပါဘူး။  နောက်တစ်ခုက ဖဲကြိုးခေါင်းစည်းကြိုးတွေဖြစ်ပါတယ်။ ဒီခေါင်းစည်းကြိုးတွေက ဆံပင်ကို မတင်းမရင်း စုချည်ပေးထားပြီး ကြာရှည်လည်း ခံပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top