iMyanmarHouse.com - Best Property Website for Myanmar
×

သူမ်ားအေၾကာင္း ေနာက္ကြယ္မွာမေျပာမိတဲ့လူဆိုတာ မ႐ွိသေလာက္ကို ႐ွားပါတယ္။ အထူးသျဖင့္ မိန္းကေလးေတြဆုိရင္ အေပါင္းအသင္းစံုတာနဲ႔ သူမ်ားအေၾကာင္းေတြ ေျပာမိၾကေရာေလ။ သတင္းေတြလည္း ပါသလို အတင္းေတြလည္း ပါတာေပါ့။ ဒီလိုေျပာတတ္ျခင္းဟာ အမ်ိဳးသမီးေတြရဲ႕ဦးေႏွာက္ကို ေကာင္းက်ိဳးေတြ သက္ေရာက္ပါတယ္လို႔ အီတလီႏိုင္ငံ Pavia တကၠသိုလ္က ေလ့လာဆန္းစစ္မႈတစ္ခုရဲ႕ရလဒ္ကို အေျခခံၿပီး သတင္းထုတ္ျပန္လိုက္ပါတယ္။

အတင္းအဖ်င္းေျပာၿပီး အမ်ိဳးသမီး ၂၂ ဦးရဲ႕ ဦးေႏွာက္ကို ေလ့လာခဲ့တာပါ။ အတင္းအဖ်င္းေျပာတဲ့အခါ အမ်ိဳးသမီးေတြရဲ႕ ဦးေႏွာက္က ေအာက္ဆီတုိဆင္ (Oxytocin) လို႔ေခၚတဲ့ ေဟာ္မုန္းတစ္မ်ိဳး ထြက္လာပါတယ္။ ဒီေဟာ္မုန္းကို အခ်စ္ေဟာ္မုန္းလို႔လည္း ေခၚတြင္ပါတယ္။ ေအာက္ဆီတုိဆင္ေဟာ္မုန္းဟာ မီးဖြားေနစဥ္မွာ ပိုမိုထြက္ရွိေလ့ရွိတာေၾကာင့္ မိခင္ဟာ ရင္ေသြးကို ႏွစ္ႏွစ္ကာကာခ်စ္သြားပါတယ္။

ခ်စ္တင္းေႏွာခ်ိန္ေတြ၊ တိရစၦာန္ေလးေတြလိုမ်ိဳး ခ်စ္ဖို႔ေကာင္းတဲ့အရာေတြနဲ႔ ထိေတြ႔ရခ်ိန္ေတြမွာလည္း ေအာက္ဆီတုိဆင္ေဟာ္မုန္း ထြက္ရွိပါတယ္။ အတင္းအဖ်င္းေျပာတဲဲ့အခ်ိန္မွာ ေအာက္ဆီတုိဆင္ဓာတ္ကို ဦးေႏွာက္က ပိုမိုထုတ္လႊတ္ေပးႏုိင္တာကို ေဒါက္တာ နာတတ္စ္စီယာ ဘရြန္ဒီႏိုဦးေဆာင္တဲ့ သုေတသီေတြက ေတြ႔ရွိခဲ့ၾကတာပါ။ ေအာက္ဆီတိုဆင္ မ်ားမ်ားထြက္ရွိတဲ့အခါ လူ႔ပတ္ဝန္းက်င္မွာ ပိုၿပီးအဆင္ေျပေျပ ေနထုိင္လာႏိုင္မွာျဖစ္သလို ခ်စ္တဲ့စိတ္၊ သံေယာဇဥ္ေတြကလည္း ပိုတိုးပြားလာတာမို႔ အတင္းတုတ္ျခင္းဟာလည္း ေကာင္းတဲ့သက္ေရာက္မႈရွိတယ္လို႔ ဆုိႏိုင္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : duwun


#Unicode Version

 သူများအကြောင်း နောက်ကွယ်မှာမပြောမိတဲ့လူဆိုတာ မရှိသလောက်ကို ရှားပါတယ်။ အထူးသဖြင့် မိန်းကလေးတွေဆိုရင် အပေါင်းအသင်းစုံတာနဲ့ သူများအကြောင်းတွေ ပြောမိကြရောလေ။ သတင်းတွေလည်း ပါသလို အတင်းတွေလည်း ပါတာပေါ့။ ဒီလိုပြောတတ်ခြင်းဟာ အမျိုးသမီးတွေရဲ့ဦးနှောက်ကို ကောင်းကျိုးတွေ သက်ရောက်ပါတယ်လို့ အီတလီနိုင်ငံ Pavia တက္ကသိုလ်က လေ့လာဆန်းစစ်မှုတစ်ခုရဲ့ရလဒ်ကို အခြေခံပြီး သတင်းထုတ်ပြန်လိုက်ပါတယ်။

အတင်းအဖျင်းပြောပြီး အမျိုးသမီး ၂၂ ဦးရဲ့ ဦးနှောက်ကို လေ့လာခဲ့တာပါ။ အတင်းအဖျင်းပြောတဲ့အခါ အမျိုးသမီးတွေရဲ့ ဦးနှောက်က အောက်ဆီတိုဆင် (Oxytocin) လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထွက်လာပါတယ်။ ဒီဟော်မုန်းကို အချစ်ဟော်မုန်းလို့လည်း ခေါ်တွင်ပါတယ်။ အောက်ဆီတိုဆင်ဟော်မုန်းဟာ မီးဖွားနေစဉ်မှာ ပိုမိုထွက်ရှိလေ့ရှိတာကြောင့် မိခင်ဟာ ရင်သွေးကို နှစ်နှစ်ကာကာချစ်သွားပါတယ်။

ချစ်တင်းနှောချိန်တွေ၊ တိရစ္ဆာန်လေးတွေလိုမျိုး ချစ်ဖို့ကောင်းတဲ့အရာတွေနဲ့ ထိတွေ့ရချိန်တွေမှာလည်း အောက်ဆီတိုဆင်ဟော်မုန်း ထွက်ရှိပါတယ်။ အတင်းအဖျင်းပြောတဲ့အချိန်မှာ အောက်ဆီတိုဆင်ဓာတ်ကို ဦးနှောက်က ပိုမိုထုတ်လွှတ်ပေးနိုင်တာကို ဒေါက်တာ နာတတ်စ်စီယာ ဘရွန်ဒီနိုဦးဆောင်တဲ့ သုတေသီတွေက တွေ့ရှိခဲ့ကြတာပါ။ အောက်ဆီတိုဆင် များများထွက်ရှိတဲ့အခါ လူ့ပတ်ဝန်းကျင်မှာ ပိုပြီးအဆင်ပြေပြေ နေထိုင်လာနိုင်မှာဖြစ်သလို ချစ်တဲ့စိတ်၊ သံယောဇဉ်တွေကလည်း ပိုတိုးပွားလာတာမို့ အတင်းတုတ်ခြင်းဟာလည်း ကောင်းတဲ့သက်ရောက်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top