iMyanmarHouse.com - Best Property Website for Myanmar
×

တစ္စံုတစ္ေယာက္ ေသာက္ေနတဲ့ ေကာ္ဖီခြက္ကိုၾကည့္ၿပီး သူႀကိဳက္တဲ့ ေကာ္ဖီအမ်ိဳးအစားကို ခန္႔မွန္းႏိုင္ပါတယ္။ ဒါကိုလည္း ေသေသခ်ာခ်ာ ေလ့လာဆန္းစစ္ၿပီးမွ သိလိုက္ရတာပါ။

ဒီေလ့လာမႈမွာ တ႐ုတ္၊ ကိုလံဘီယာနဲ႔ ယူေက (UK)မွာ ေနထုိင္ၾကတဲ့ ေကာ္ဖီႀကိဳက္သူ လူဦးေရ ၃၀၀ ပါဝင္ခဲ့ၾကပါတယ္။ ဆန္းစစ္မႈမွာ ပါဝင္သူေတြကို ေကာ္ဖီခြက္အရြယ္အစား၊ ခြက္ရဲ႕အထူ၊ ႀကိဳက္တဲ့အနံ႔၊ ခါးသက္မႈ၊ အရသာျပင္းမႈ၊ အပူခ်ိန္၊ ကဖင္းဓာတ္ပါဝင္မႈနဲ႔ အခ်ိဳဓာတ္ပါဝင္မႈေတြအေၾကာင္း သုေတသီေတြက ေမးျမန္းခဲ့ၾကၿပီးေနာက္ ေကာ္ဖီခြက္ကိုၾကည့္ကာ ေကာ္ဖီအမ်ိဳးအစားကို ခန္႔မွန္းႏိုင္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

ေကာ္ဖီခြက္တုိတုိေသးေသးနဲ႔ ေသာက္သံုးသူေတြက အနံ႔ျပင္းျပင္း ေကာ္ဖီခါးခါးကို ႏွစ္သက္သူေတြျဖစ္တယ္လုိ႔ သိရပါတယ္။ ေကာ္ဖီခြက္ႀကီးႀကီး၊ အဝက်ယ္က်ယ္နဲ႔ေသာက္တဲ့လူေတြကေတာ့ သိပ္မခါးတဲ့ ေကာ္ဖီ (အခ်ိဳဓာတ္မ်ားတဲ့ေကာ္ဖီ)ကို ႏွစ္သက္ၾကတယ္လို႔ သုေတသီေတြက ဆုိပါတယ္။ တ႐ုတ္က ေကာ္ဖီသမားေတြကေတာ့ ေကာ္ဖီခြက္ ႀကီးႀကီးေသးေသး ေစ်းကို အတူတူသာ ေပးလိုတယ္လို႔ ေျဖၾကားခဲ့ပါတယ္။ ယူေကနဲ႔ ကိုလံဘီယာက ေကာ္ဖီသမားေတြကေတာ့ ေကာ္ဖီခြက္ႀကီးရင္ ေစ်းပိုေပးရတာကို သေဘာတူလက္ခံၾကပါတယ္။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : duwun

#Unicdoe Version

တစ်စုံတစ်ယောက် သောက်နေတဲ့ ကော်ဖီခွက်ကိုကြည့်ပြီး သူကြိုက်တဲ့ ကော်ဖီအမျိုးအစားကို ခန့်မှန်းနိုင်ပါတယ်။ ဒါကိုလည်း သေသေချာချာ လေ့လာဆန်းစစ်ပြီးမှ သိလိုက်ရတာပါ။

ဒီလေ့လာမှုမှာ တရုတ်၊ ကိုလံဘီယာနဲ့ ယူကေ (UK)မှာ နေထိုင်ကြတဲ့ ကော်ဖီကြိုက်သူ လူဦးရေ ၃၀၀ ပါဝင်ခဲ့ကြပါတယ်။ ဆန်းစစ်မှုမှာ ပါဝင်သူတွေကို ကော်ဖီခွက်အရွယ်အစား၊ ခွက်ရဲ့အထူ၊ ကြိုက်တဲ့အနံ့၊ ခါးသက်မှု၊ အရသာပြင်းမှု၊ အပူချိန်၊ ကဖင်းဓာတ်ပါဝင်မှုနဲ့ အချိုဓာတ်ပါဝင်မှုတွေအကြောင်း သုတေသီတွေက မေးမြန်းခဲ့ကြပြီးနောက် ကော်ဖီခွက်ကိုကြည့်ကာ ကော်ဖီအမျိုးအစားကို ခန့်မှန်းနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ကော်ဖီခွက်တိုတိုသေးသေးနဲ့ သောက်သုံးသူတွေက အနံ့ပြင်းပြင်း ကော်ဖီခါးခါးကို နှစ်သက်သူတွေဖြစ်တယ်လို့ သိရပါတယ်။ ကော်ဖီခွက်ကြီးကြီး၊ အဝကျယ်ကျယ်နဲ့သောက်တဲ့လူတွေကတော့ သိပ်မခါးတဲ့ ကော်ဖီ (အချိုဓာတ်များတဲ့ကော်ဖီ)ကို နှစ်သက်ကြတယ်လို့ သုတေသီတွေက ဆိုပါတယ်။ တရုတ်က ကော်ဖီသမားတွေကတော့ ကော်ဖီခွက် ကြီးကြီးသေးသေး ဈေးကို အတူတူသာ ပေးလိုတယ်လို့ ဖြေကြားခဲ့ပါတယ်။ ယူကေနဲ့ ကိုလံဘီယာက ကော်ဖီသမားတွေကတော့ ကော်ဖီခွက်ကြီးရင် ဈေးပိုပေးရတာကို သဘောတူလက်ခံကြပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top