iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူႏွစ္ဦး ပတ္သက္မႈ နီးစပ္လာၾကျပီဆိုရင္ေတာ့ တစ္ဦးနဲ႔တစ္ဦး အက်င့္စရိုက္ ညိွ႔ယူရမယ့္ ကိစၥေတြ ရိွလာပါျပီ။ အမ်ိဳးသမီးေတြအေနနဲ႕ ကိုယ့္ခ်စ္သူေကာင္ေလးရဲ႕ အက်င့္၊ စရုိက္ေတြကို ေျပာင္းလဲႏိုင္ဖုိ႕ ၾကိဳးစားတတ္ၾကေပမယ့္ တကယ္ေတာ့ ဒါက သိပ္အသံုးမ၀င္လွပါဘူး။ ျဖစ္မလာတာ ပိုမ်ားပါတယ္။ ေျပာင္းလဲသြားရင္ေတာင္ အမ်ိဳးသားက ကုိယ့္ခ်စ္သူေကာင္မေလးကို ခ်စ္တဲ့အတြက္ သူ႕စိတ္နဲ႕သူ ၾကိဳးစားျပီးေျပာင္းလဲပစ္တာမ်ိဳးပဲ ျဖစ္ပါလိမ့္မယ္။  ေျပာခ်င္တာကေတာ့ အမ်ိဳးသားေတြဆီမွာ ကိုယ့္ကိုခ်စ္ရင္ ဒီအက်င့္ေလးေတြ ျပင္ေပးလုိ႕ ေျပာလုိ႕မရတဲ့ အက်င့္ေတြ အမ်ားၾကီးရွိေနပါတယ္။ သင္က သူမွသူပဲ အျခားသူကို မခ်စ္ႏိုင္ဘူးဆုိရင္ေတာ့ ခ်စ္သူေကာင္ေလးေတြရဲ႕ ေဟာ့ဒီအက်င့္စရိုက္ေတြကို မ်က္စိမွိတ္လက္ခံေပးရပါလိမ့္မယ္။

၁။ သူရဲ႕ခံစားခ်က္

ဒါ လူအမ်ားစု အယူအဆ မွားတတ္ၾကတဲ့အရာပါ။ ခ်စ္သူကို အေၾကာင္းအရာ တစ္ခုခုေျပာဖို႔ ၾကိဳးစားရင္း အဲကိစၥနဲ႔ ပတ္သက္ျပီး သူဒီလို ခံစားသင့္တယ္ဆိုျပီး တဇြတ္ထိုး စဥ္းစားတတ္ၾကပါတယ္။ ကိုယ္ထင္သလို သူက လက္ခံခ်င္မွ လက္ခံမွာပါ။ သင့္ ခံယူခ်က္ကိုေတာ့ ေျပာျပပါ။ ဒါေပမယ့္ သူဒီလို ခံစားသင့္တယ္ ဆိုျပီးေတာ့ သူ႔ခံစားခ်က္ကို သင္ဘယ္လိုမွ ထိန္းခ်ဳပ္ေပးလို႔မရပါဘူး။

၂။ သူနဲ႔သူ႔မိသားစုၾကားက ျပသနာ

ကိုယ့္ခ်စ္သူဟာ သူ႔မိသားစုနဲ႔ျပသနာ ျဖစ္တဲ့အခါက်ရင္ သင္လုပ္ႏိုင္တာ နည္းလမ္းတစ္ခုပဲ ရိွပါတယ္။ သူေျပာသမွ်ကို ဂရုတစိုက္ နားေထာင္ေပးဖို႔ပါပဲ။ အဲျပသနာအတြင္း သင္ဝင္ဖို႔မၾကိဳးစားပါနဲ႔။ ပြင့္ပြင့္လင္းလင္း ေျပာရမယ္ဆိုရင္ေတာ့ တခါတေလ သင္ကိုယ္တိုင္လည္း သင့္မိသားစုအေပၚ အူေၾကာင္ေၾကာင္ျဖစ္တတ္တာပဲ မဟုတ္လား။

၃။ သူတို႔ရဲ႕ မေကာင္းတဲ့အက်င့္စရိုက္

စာဖတ္သူအေနနဲ႔ ဒီအခ်က္ကိုေတာ့ မမွန္ဘူးဆိုျပီး ျငင္းေကာင္း ျငင္းႏိုင္ပါတယ္။ ဒါေပမယ့္ အမွန္တရားတစ္ခုကေတာ့ လူတစ္ေယာက္ရဲ႕အက်င့္စရိုက္ဟာ သူကိုယ္တိုင္ေျပာင္းလဲခ်င္တဲ့ စိတ္မရိွသေရြ႕ ဘယ္လိုေျပာေျပာ သူေျပာင္းလဲမွာ မဟုတ္ပါဘူး။ ဆိုလိုခ်င္တာကေတာ့ သင္ေျပာလို႔ ၾကိဳးစားလို႔ သင့္ခ်စ္သူရဲ႕မေကာင္းတဲ့ အက်င့္စရိုက္ေတြ ေျပာင္းသြားတာ မဟုတ္ပါဘူး။ သူ ကိုယ္တိုင္ေျပာင္းလဲခ်င္တဲ့ စိတ္ျဖစ္လို႔သာ ေျပာင္းလဲသြားတာပါဆိုတာ သင္ယုံၾကည္လက္ခံလိုက္ပါ။

၄။ သူတို႔ရဲ႕ ခႏၶာကိုယ္

သူ႔ရဲ႕ ခႏၶာကိုယ္ ဖြဲ႔စည္းပုံကို သင္ဘယ္လိုမွ ေျပာင္းလဲလို႔မရပါဘူး။ သူ႔ဆံပင္ပုံစံ၊ ကိုယ္အေလးခ်ိန္၊ ကိုယ္လုံးေသးေနတဲ့အစိတ္အပိုင္း၊ ၾကီးေနတဲ့အစိတ္အပိုင္းေတြကအစေပါ့။  က်န္းမာေရးထိခိုက္ေစတဲ့အရာေတြ မဟုတ္ဘူးဆိုရင္ေတာ့ သင့္အေနနဲ႔ ေျပာင္းလဲေစဖို႔ မၾကိဳးစားသင့္ပါဘူး။ လတ္တေလာအတြက္ သင္ေအာင္ျမင္ႏိုင္တယ္… ေရရွည္အတြက္ မခံပါဘူး။ သင္ၾကိဳးစားလို႔မရတဲ့အရာပဲ ဆိုျပီး လက္ခံေစခ်င္ပါတယ္။

၅။ သူၾကိဳက္တဲ့ TV ဇာတ္လမ္း၊ ဂီတအဖြဲ႔

ဒီကိစၥကိုေတာ့ သင္မျငင္းပဲ လက္ခံလိုက္ပါ။ သင္ဘယ္ေတာ့မွ သင့္ခ်စ္သူၾကိဳက္တဲ့ ဇာတ္လမ္း ဒါမွမဟုတ္ ဂီတအဖြဲ႔ကို သင္မုန္းေနရင္လည္း သူမၾကိဳက္မႏွစ္သက္ေအာင္ ေျပာင္းလဲေစဖို႔ မျဖစ္ႏိုင္ပါဘူး။

၆။ သူ႔ရဲ႕အတိတ္

သင့္ခ်စ္သူမွာ ဆိုးရြားတဲ့အတိတ္၊ သင့္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ အတိတ္ေတြရိွခဲ့တယ္ ဆိုရင္ေတာင္ သင္ေျပာင္းလဲဖို႔ ၾကိဳးစားလို႔မရပါဘူး။ အတိတ္အေၾကာင္းက လက္ရိွကို သက္ေရာက္မႈ ရိွေစရင္ေတာင္မွပဲ ျပင္ဆင္လို႔မွမရတာ။ သင္ဘယ္လိုမွ ေျပာင္းလဲလို႔ရေတာ့မွာ မဟုတ္ပါဘူး။

၇။ သူ႔အတြက္အေရးၾကီးဆုံးအရာ

ခ်စ္သူရဲ႕အေလးထားဆုံးအရာေၾကာင့္ သင္တို႔ႏွစ္ဦး ျပသနာ မၾကာခဏတက္ရျခင္းအေၾကာင္းရင္းကေတာ့ သင့္ဘဝအတြက္ အေရးၾကီးဆုံးအရာနဲ႔ တစ္ထပ္တည္း သင္ျဖစ္ေစခ်င္လို႔ပဲျဖစ္ပါတယ္။ ခ်စ္သူဆိုတာ လူႏွစ္ေယာက္ေပါင္းထားမွ အဓိပၸာယ္ျပည့္စုံတဲ့ စကားလုံးျဖစ္ပါတယ္။ သူ႔ကိုအျပစ္မတင္ပါနဲ႔။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချစ်သူနှစ်ဦး ပတ်သက်မှု နီးစပ်လာကြပြီဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး အကျင့်စရိုက် ညှိ့ယူရမယ့် ကိစ္စတွေ ရှိလာပါပြီ။ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ချစ်သူကောင်လေးရဲ့ အကျင့်၊ စရိုက်တွေကို ပြောင်းလဲနိုင်ဖို့ ကြိုးစားတတ်ကြပေမယ့် တကယ်တော့ ဒါက သိပ်အသုံးမဝင်လှပါဘူး။ ဖြစ်မလာတာ ပိုများပါတယ်။ ပြောင်းလဲသွားရင်တောင် အမျိုးသားက ကိုယ့်ချစ်သူကောင်မလေးကို ချစ်တဲ့အတွက် သူ့စိတ်နဲ့သူ ကြိုးစားပြီးပြောင်းလဲပစ်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်။  ပြောချင်တာကတော့ အမျိုးသားတွေဆီမှာ ကိုယ့်ကိုချစ်ရင် ဒီအကျင့်လေးတွေ ပြင်ပေးလို့ ပြောလို့မရတဲ့ အကျင့်တွေ အများကြီးရှိနေပါတယ်။ သင်က သူမှသူပဲ အခြားသူကို မချစ်နိုင်ဘူးဆိုရင်တော့ ချစ်သူကောင်လေးတွေရဲ့ ဟော့ဒီအကျင့်စရိုက်တွေကို မျက်စိမှိတ်လက်ခံပေးရပါလိမ့်မယ်။

၁။ သူရဲ့ခံစားချက်

ဒါ လူအများစု အယူအဆ မှားတတ်ကြတဲ့အရာပါ။ ချစ်သူကို အကြောင်းအရာ တစ်ခုခုပြောဖို့ ကြိုးစားရင်း အဲကိစ္စနဲ့ ပတ်သက်ပြီး သူဒီလို ခံစားသင့်တယ်ဆိုပြီး တဇွတ်ထိုး စဉ်းစားတတ်ကြပါတယ်။ ကိုယ်ထင်သလို သူက လက်ခံချင်မှ လက်ခံမှာပါ။ သင့် ခံယူချက်ကိုတော့ ပြောပြပါ။ ဒါပေမယ့် သူဒီလို ခံစားသင့်တယ် ဆိုပြီးတော့ သူ့ခံစားချက်ကို သင်ဘယ်လိုမှ ထိန်းချုပ်ပေးလို့မရပါဘူး။

၂။ သူနဲ့သူ့မိသားစုကြားက ပြသနာ

ကိုယ့်ချစ်သူဟာ သူ့မိသားစုနဲ့ပြသနာ ဖြစ်တဲ့အခါကျရင် သင်လုပ်နိုင်တာ နည်းလမ်းတစ်ခုပဲ ရှိပါတယ်။ သူပြောသမျှကို ဂရုတစိုက် နားထောင်ပေးဖို့ပါပဲ။ အဲပြသနာအတွင်း သင်ဝင်ဖို့မကြိုးစားပါနဲ့။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ တခါတလေ သင်ကိုယ်တိုင်လည်း သင့်မိသားစုအပေါ် အူကြောင်ကြောင်ဖြစ်တတ်တာပဲ မဟုတ်လား။

၃။ သူတို့ရဲ့ မကောင်းတဲ့အကျင့်စရိုက်

စာဖတ်သူအနေနဲ့ ဒီအချက်ကိုတော့ မမှန်ဘူးဆိုပြီး ငြင်းကောင်း ငြင်းနိုင်ပါတယ်။ ဒါပေမယ့် အမှန်တရားတစ်ခုကတော့ လူတစ်ယောက်ရဲ့အကျင့်စရိုက်ဟာ သူကိုယ်တိုင်ပြောင်းလဲချင်တဲ့ စိတ်မရှိသရွေ့ ဘယ်လိုပြောပြော သူပြောင်းလဲမှာ မဟုတ်ပါဘူး။ ဆိုလိုချင်တာကတော့ သင်ပြောလို့ ကြိုးစားလို့ သင့်ချစ်သူရဲ့မကောင်းတဲ့ အကျင့်စရိုက်တွေ ပြောင်းသွားတာ မဟုတ်ပါဘူး။ သူ ကိုယ်တိုင်ပြောင်းလဲချင်တဲ့ စိတ်ဖြစ်လို့သာ ပြောင်းလဲသွားတာပါဆိုတာ သင်ယုံကြည်လက်ခံလိုက်ပါ။

၄။ သူတို့ရဲ့ ခန္ဓာကိုယ်

သူ့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို သင်ဘယ်လိုမှ ပြောင်းလဲလို့မရပါဘူး။ သူ့ဆံပင်ပုံစံ၊ ကိုယ်အလေးချိန်၊ ကိုယ်လုံးသေးနေတဲ့အစိတ်အပိုင်း၊ ကြီးနေတဲ့အစိတ်အပိုင်းတွေကအစပေါ့။  ကျန်းမာရေးထိခိုက်စေတဲ့အရာတွေ မဟုတ်ဘူးဆိုရင်တော့ သင့်အနေနဲ့ ပြောင်းလဲစေဖို့ မကြိုးစားသင့်ပါဘူး။ လတ်တလောအတွက် သင်အောင်မြင်နိုင်တယ်… ရေရှည်အတွက် မခံပါဘူး။ သင်ကြိုးစားလို့မရတဲ့အရာပဲ ဆိုပြီး လက်ခံစေချင်ပါတယ်။

၅။ သူကြိုက်တဲ့ TV ဇာတ်လမ်း၊ ဂီတအဖွဲ့

ဒီကိစ္စကိုတော့ သင်မငြင်းပဲ လက်ခံလိုက်ပါ။ သင်ဘယ်တော့မှ သင့်ချစ်သူကြိုက်တဲ့ ဇာတ်လမ်း ဒါမှမဟုတ် ဂီတအဖွဲ့ကို သင်မုန်းနေရင်လည်း သူမကြိုက်မနှစ်သက်အောင် ပြောင်းလဲစေဖို့ မဖြစ်နိုင်ပါဘူး။

၆။ သူ့ရဲ့အတိတ်

သင့်ချစ်သူမှာ ဆိုးရွားတဲ့အတိတ်၊ သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အတိတ်တွေရှိခဲ့တယ် ဆိုရင်တောင် သင်ပြောင်းလဲဖို့ ကြိုးစားလို့မရပါဘူး။ အတိတ်အကြောင်းက လက်ရှိကို သက်ရောက်မှု ရှိစေရင်တောင်မှပဲ ပြင်ဆင်လို့မှမရတာ။ သင်ဘယ်လိုမှ ပြောင်းလဲလို့ရတော့မှာ မဟုတ်ပါဘူး။

၇။ သူ့အတွက်အရေးကြီးဆုံးအရာ

ချစ်သူရဲ့အလေးထားဆုံးအရာကြောင့် သင်တို့နှစ်ဦး ပြသနာ မကြာခဏတက်ရခြင်းအကြောင်းရင်းကတော့ သင့်ဘဝအတွက် အရေးကြီးဆုံးအရာနဲ့ တစ်ထပ်တည်း သင်ဖြစ်စေချင်လို့ပဲဖြစ်ပါတယ်။ ချစ်သူဆိုတာ လူနှစ်ယောက်ပေါင်းထားမှ အဓိပ္ပာယ်ပြည့်စုံတဲ့ စကားလုံးဖြစ်ပါတယ်။ သူ့ကိုအပြစ်မတင်ပါနဲ့။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top