iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခ်ိဳ႕က ပ်ိဳေဖာ္ဝင္စ မိန္းကေလးေတြဟာ ရင္သားတစ္စုံအနက္ တစ္ဖက္ကတစ္ဖက္ထက္ အ႐ြယ္အစားပိုႀကီးေနတာေၾကာင့္ စိုးရိမ္စိတ္ဝင္ေနတတ္ၾကပါတယ္။ ႏွစ္ဖက္ပါရွိတဲ့ ခႏၶာကိုယ္အစိတ္အပိုင္း ေတြဟာ လုံးဝႀကီး ထပ္တူညီေလ့မရွိၾကပါဘူး။ အေသအခ်ာတိုင္းၾကည့္ပါက အနည္းငယ္ကြာဟေနတာကို ေတြ႕ရမွာပါ။ ဒါဟာ လူတိုင္းမွာ ျဖစ္တာေၾကာင့္ မစိုးရိမ္ပါနဲ႕။

အထူးသျဖင့္ ပ်ိဳေဖာ္ဝင္စအ႐ြယ္ ႀကီးထြားမႈျမင့္မားတဲ့ကာလမွာ ခႏၶာကိုယ္အစိတ္အပိုင္းတစ္ဖက္က အျခားတစ္ဖက္ထက္ ႀကီးထြားမႈပိုျမန္ဆန္တာေၾကာင့္ တစ္ဖက္နဲ႕တစ္ဖက္ အ႐ြယ္မညီျဖစ္ေနတတ္ပါတယ္။ မိန္းကေလးေတြပ်ိဳေဖာ္ဝင္ကာစအ႐ြယ္ ကနဦး လကၡဏာရပ္က ရင္သားဖြံ႕ၿဖိဳးလာတာပဲ ျဖစ္ပါတယ္။ ခႏၶာကိုယ္ကေန မိန္းမေဟာ္မုန္းမ်ားမ်ားထြက္ရွိလာတာနဲ႕အမွ် ရင္သားေတြကလည္း ႀကီးထြားမႈ အဆင့္ငါးအရ ဖြံ႕ၿဖိဳးႀကီးထြားလာၾကပါတယ္။ အဲဒီလို ဖြံ႕ၿဖိဳးလာတဲ့အခါမွာ တစ္ဖက္က အျခားတစ္ဖက္ထက္ေစာၿပီး (တစ္ခါတစ္ေလ ေျခာက္လေလာက္ေတာင္ အခ်ိန္ကြာဟပါတယ္) ဖြံ႕ၿဖိဳးလာျခင္းက ရွားတဲ့ ျဖစ္ရပ္ေတာ့မဟုတ္ပါဘူး။

ႏွစ္ဖက္အ႐ြယ္မညီျခင္းက ရင္သားဖြံ႕ၿဖိဳးလာတာနဲ႕အမွ် အ႐ြယ္မညီျခင္း ေလ်ာ့သြားမွာပါ။ ရင္သားဟာ အသက္ ၁၇-၁၈ေလာက္မွာ ဖြံ႕ၿဖိဳးမႈ ဂိတ္ဆုံးကို ေရာက္ရွိသြားတတ္ၿပီး အ႐ြယ္အစားကေတာ့ မ်ိဳးရိုးအလိုက္ တစ္ေယာက္နဲ႕ တစ္ေယာက္ကြာဟေနတတ္ပါတယ္။

အပ်ိဳျဖန္းေလးေတြအေနနဲ႕ ဘယ္သူကမွ သတိမထားမိတဲ့၊ ကိုယ္နဲ႕ ႐ြယ္တူတိုင္းလိုလိုမွာ ျဖစ္တဲ့ ခုလိုရင္သား အ႐ြယ္မညီမွ်မႈအေပၚ အာ႐ုံစိုက္ကာ ရွက္စိတ္၊ စိုးရိမ္စိတ္ျဖစ္မေနပဲ ကိုယ္လုပ္စရာရွိတာ ဆက္လုပ္ပါလို႔ ေျပာပါရေစလားရွင္။

Credit: ဆန္းသစ္ျမန္မာ


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ချို့က ပျိုဖော်ဝင်စ မိန်းကလေးတွေဟာ ရင်သားတစ်စုံအနက် တစ်ဖက်ကတစ်ဖက်ထက် အရွယ်အစားပိုကြီးနေတာကြောင့် စိုးရိမ်စိတ်ဝင်နေတတ်ကြပါတယ်။ နှစ်ဖက်ပါရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တွေဟာ လုံးဝကြီး ထပ်တူညီလေ့မရှိကြပါဘူး။ အသေအချာတိုင်းကြည့်ပါက အနည်းငယ်ကွာဟနေတာကို တွေ့ရမှာပါ။ ဒါဟာ လူတိုင်းမှာ ဖြစ်တာကြောင့် မစိုးရိမ်ပါနဲ့။

အထူးသဖြင့် ပျိုဖော်ဝင်စအရွယ် ကြီးထွားမှုမြင့်မားတဲ့ကာလမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ဖက်က အခြားတစ်ဖက်ထက် ကြီးထွားမှုပိုမြန်ဆန်တာကြောင့် တစ်ဖက်နဲ့တစ်ဖက် အရွယ်မညီဖြစ်နေတတ်ပါတယ်။ မိန်းကလေးတွေပျိုဖော်ဝင်ကာစအရွယ် ကနဦး လက္ခဏာရပ်က ရင်သားဖွံ့ဖြိုးလာတာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကနေ မိန်းမဟော်မုန်းများများထွက်ရှိလာတာနဲ့အမျှ ရင်သားတွေကလည်း ကြီးထွားမှု အဆင့်ငါးအရ ဖွံ့ဖြိုးကြီးထွားလာကြပါတယ်။ အဲဒီလို ဖွံ့ဖြိုးလာတဲ့အခါမှာ တစ်ဖက်က အခြားတစ်ဖက်ထက်စောပြီး (တစ်ခါတစ်လေ ခြောက်လလောက်တောင် အချိန်ကွာဟပါတယ်) ဖွံ့ဖြိုးလာခြင်းက ရှားတဲ့ ဖြစ်ရပ်တော့မဟုတ်ပါဘူး။

နှစ်ဖက်အရွယ်မညီခြင်းက ရင်သားဖွံ့ဖြိုးလာတာနဲ့အမျှ အရွယ်မညီခြင်း လျော့သွားမှာပါ။ ရင်သားဟာ အသက် ၁၇-၁၈လောက်မှာ ဖွံ့ဖြိုးမှု ဂိတ်ဆုံးကို ရောက်ရှိသွားတတ်ပြီး အရွယ်အစားကတော့ မျိုးရိုးအလိုက် တစ်ယောက်နဲ့ တစ်ယောက်ကွာဟနေတတ်ပါတယ်။

အပျိုဖြန်းလေးတွေအနေနဲ့ ဘယ်သူကမှ သတိမထားမိတဲ့၊ ကိုယ်နဲ့ ရွယ်တူတိုင်းလိုလိုမှာ ဖြစ်တဲ့ ခုလိုရင်သား အရွယ်မညီမျှမှုအပေါ် အာရုံစိုက်ကာ ရှက်စိတ်၊ စိုးရိမ်စိတ်ဖြစ်မနေပဲ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပါလို့ ပြောပါရစေလားရှင်။


Credit: ဆန်းသစ်မြန်မာ




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top