iMyanmarHouse.com - Best Property Website for Myanmar
×

အသံုးေတာ္ခံအေခြထြက္ဖို႕ေဖေဖာ္၀ါရီလေရႊ႕လိုက္တဲ ့ ေအာင္လဟာ Audio စီဒီပဲ အရင္ထြက္မွာျဖစ္ၿပီး အမ္တီဗီကိုေတာ့ အေခြမထြက္ေတာ့ပဲ အေကာင္းဆံုးအပုဒ္ေတြကုိေရြးရုိက္ကာ အြန္လိုင္းကေနပဲ အလကားတင္ေပးသြားမယ္လို႕ေျပာပါတယ္။ ေအာင္လဟာ ပရိသတ္ေတြ စိတ္၀င္တစားျဖစ္ခဲ့တဲ့ သူ႕အခ်စ္ေရးနဲ႕ပတ္သက္ၿပီးေတာ့လဲ အတိအလင္း ဖြင့္ဟ၀န္ခံလုိက္ၿပီျဖစ္သလို ေန႕တိုင္းက ေဖေဖာ္၀ါရီ ၁၄ ပါလို႕ေျပာလာတဲ့ ေအာင္လရဲ႕ အခ်စ္ေရးနဲ႕ လက္ရွိမွာဖန္တီးျဖစ္ေနတဲ့ ဂီတလႈပ္ရွားမႈမ်ားအေၾကာင္းကုိ သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အစ္ကို အခု ဘာေတြလုပ္ျဖစ္ေနလဲ။

အခုက ကၽြန္ေတာ့္ရဲ႕ အသံုးေတာ္ခံဆိုတဲ့ တတိယအေခြေလး လုပ္ေနတယ္။ ၿပီးေတာ့ Big Bag ရယ္ Idiots ရယ္ Reason ရယ္ သံုးခုေပါင္းထားတဲ့ Uncle Management ဆိုတဲ့အေခြ ေလးစီစဥ္ေနတယ္။ ၿပီးသြားရင္ ကၽြန္ေတာ္တို႕ရဲ႕ စတုတၳအေခြေလးလဲ လုပ္ဖို႕ရွိပါတယ္။ ၿပီးသြားရင္ Reason နဲ႕ Idiots နဲ႕ 2 band show လုပ္ဖို႕ရွိတယ္။

-အသံုးေတာ္ခံအေခြမွာက်ေတာ့ သီခ်င္းဘယ္ႏွပုဒ္ေလာက္ပါလဲ။

သီခ်င္းက ၁၃ ပုဒ္ေလာက္ေတာ့ပါမယ္။ အမ္တီဗီမေရာင္းဘူး။ စီဒီပဲအရင္ထြက္မယ္။ စီဒီၿပီးမွ အမ္တီဗီကို အေကာင္းဆံုး ေလးပုဒ္ေလာက္ေရြးၿပီးရုိက္မယ္။ ၿပီးရင္ အြန္လိုင္းကေနပဲ အလကားလႊင့္ေတာ့မယ္။ စီဒီ Audio ပဲသီးသန္႕ေရာင္းမယ္။ အစက အသံုးေတာ္ခံကို ဒီလထြက္ဖို႕မွန္းထားတာ။ ဒါေပမဲ့ ေက်ာ္ေနၿပီေပါ့။ အခုကေတာ့ ေဖေဖာ္၀ါရီကကၽြန္ေတာ္တုိ႕အေခြက ပံုမွန္ထြက္ေနက်ဆိုေတာ့ ေဖေဖာ္၀ါရီပဲထြက္ျဖစ္ဖို႕မ်ားသြားၿပီေပါ့။

-ဂီတပိုင္းနဲ႕ပတ္သက္ၿပီး ကိုယ့္ပရိသတ္ကလဲ အခုိင္အမာရွိထားၿပီးသားဆိုေတာ့ ျမန္မာသံပံုစံတြနဲ႕ ထူးထူးျခားျခားေလးထိုးေဖာက္ျပဖို႕ရွိဦးမလား။

ရွိပါတယ္။ ကၽြန္ေတာ္အဓိက ျမန္မာသံကို ေရာ့္ခ္ပံုစံနဲ႕ေပါင္းၿပီးေတာ့ လုပ္ဖို႕ရွိတယ္။ ဘာလို႕လဲဆိုေတာ့ Traditional Music ကုိလဲကၽြန္ေတာ္ၾကိဳက္တယ္။ သေဘာက်တယ္။ တူရိယာအစံုလဲ ကၽြန္ေတာ္ၾကိဳက္တယ္။ သေဘာက်တယ္။ အဲ့ဒီလိုဆိုေတာ့ အဲ့ဒါေလးေတြတီးၿပီးေတာ့ အင္တာေနရွင္နယ္ကို သြားခ်င္တယ္။ အဂၤလိပ္သီခ်င္းေရး ဗမာတူရိယာေတြနဲ႕တီးၿပီး ေတာ့သြားခ်င္တယ္။ အဲ့ဒါက ကၽြန္ေတာ္တို႕ စတုတၳအေခြမွာပါပါမယ္။

-၀ုိင္းစုနဲ႕ပံုကုိလဲ public တင္လိုက္တာေတြ႕ရတယ္။

ကၽြန္ေတာ္တုိ႕က couple ပဲေလ။ အတြဲဆိုေတာ့ အတြဲပံုေလးတင္လိုက္တဲ့သေဘာပါ။

-Public တင္လိုက္တဲ့ Feel ကေရာ ဘယ္လိုရွိလဲ။

Feel ကေတာ့ ကိုယ့္ရည္းစားနဲ႕ကုိယ္တင္ရတဲ့အတြက္ ေပ်ာ္ပါတယ္ေပါ့။

-ငယ္ရည္းစားေတြလဲျဖစ္သလို အစ္ကိုတို႕ျပန္တြဲသြားတဲ့အခ်ိန္မွာ အစ္ကိုတို႕ကုိ အားေပးေနတဲ့ ပရိသတ္ေတြလဲေပ်ာ္ၾကတဲ့အတြက္ ဘယ္လိုစိတ္ခံစားခ်က္ရွိလဲ။

ကၽြန္ေတာ္က မ်ားေသာအားျဖင့္ ေဖ့စ္ဘြတ္ဆိုရင္ ကၽြန္ေတာ့္ newsfeed မွာ ကၽြန္ေတာ့္ကို တကယ္အားေပးတဲ့သူေတြကိုပဲ တကယ္ follow လုပ္ထားတယ္။ က်န္တဲ့သူေတြကုိ follow မလုပ္ထားဘူး။ တျခား page ေတြကိုလဲ ၀င္မၾကည့္တတ္ဘူး။ အဲ့ဒီေတာ့ သူမ်ားေတြေျပာမွ ျပန္သိရတာေပါ့။ အျပင္မွာ ဘယ္လိုေျပာေနၿပီ။ အဲ့ဒီလိုမ်ိဳးေပါ့။ ကုိယ့္ပရိသတ္ေတြ အကုန္လံုးကလဲ သိပါတယ္။ သေဘာတူၾကတယ္။ ေအးေဆးပဲ။ သူတို႕ကက်ေတာ့ ကၽြန္ေတာ့္ရဲ႕ သီခ်င္းကိုပဲအားေပးၾကတယ္။ ကၽြန္ေတာ့္သီခ်င္းေတြကိုၾကိဳက္တယ္။ ကၽြန္ေတာ့္ပြဲတုိင္းကိုလာတယ္။ ခုန္ၾကတယ္။ ဆိုေတာ့ သူတို႕ကေတာ့ ဘာမွမျဖစ္ပါဘူး။

-၀ိုင္းစုအေပၚမွာ ဘယ္လိုအရာေတြကို သေဘာက်တာမ်ားလဲ။

အဓိကကေတာ့ ျခံဳၿပီး ေျပာရမွာေပါ့။ ကၽြန္ေတာ္ကခ်စ္ေတာ့ အကုန္လံုးကို သေဘာက်ပါတယ္။ တစ္ခုမွခ်န္ၿပီး ခ်စ္လို႕မရတာ။ သူတို႕ကၽြန္ေတာ့္ေပၚ ဆုိးတာ၊ ႏြဲ႕တာရွိတယ္။ ဒီလိုပဲ ကၽြန္ေတာ္လဲ ျပန္ဆိုးတဲ့အခါေတြလဲ ရွိပါတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ အဓိကက နားလည္မႈနဲ႕ၾကင္နာမႈေပါ့။ ၿပီးေတာ့ အခ်စ္ေပါ့။

-ဘယ္ေတာ့ေလာက္မွာ ဘ၀တစ္ခုကို အတူတူထူေထာင္ဖို႕စဥ္းစားထားလဲ။

အခုမွၾကိဳးစားတုန္းေပါ့။ ကၽြန္ေတာ္တို႕ သတ္မွတ္ထားတဲ့ တစ္ေနရာေရာက္ၿပီဆိုရင္ ေတာ့ ဘ၀တစ္ခုထူေထာင္မွာပါ။ ကၽြန္ေတာ္တို႕ႏွစ္ေယာက္ အစီအစဥ္ေတြလဲ ဆြဲထားတယ္။ ေရွ႕ေလွ်ာက္ဘာေတြလုပ္မယ္။ ဘယ္လိုဆက္သြားမယ္။ ကၽြန္ေတာ္တို႕ေသခ်ာၿပီဆို အသိထပ္ေပးပါ့မယ္။

-၀ုိင္းစုနဲ႕အတူတူ သီခ်င္းဖန္တီးဖို႕ေရာရွိမလား။

သူ႕ကိုေတာ့ သီခ်င္းေရးေပးတာရွိမယ္။ သီခ်င္းဖန္တီးဖို႕ေတာ့ ေလာေလာဆယ္ မရွိေသးဘူး။ ဘာလုိ႕လဲဆိုေတာ့ သူနဲ႕ကၽြန္ေတာ္နဲ႕က လိုင္းလဲသိပ္မတူေတာ့ေလ။ ဒါေပမဲ့ ေနာက္ေတာ့ရွိမွာေပါ့။

-ေဖေဖာ္၀ါရီ ၁၄ အတြက္ ဘယ္လုိအစီအစဥ္ဆြဲထားလဲ။

ေလာေလာဆယ္ေတာ့ ဘာအစီအစဥ္မွမရွိေသးဘူး။ ကၽြန္ေတာ့္အတြက္ကေတာ့ ေန႕တိုင္း ေဖေဖာ္၀ါရီ ၁၄ ပါပဲ။

-ဒီႏွစ္ ျဖတ္သန္းရမဲ့ ေဖေဖာ္၀ါရီ ၁၄ ရဲ႕ရင္ခုန္သံကေရာ ဘယ္လိုရွိလဲ။

မ်ားေသာအားျဖင့္ ကၽြန္ေတာ္တို႕ေဖေဖာ္၀ါရီ ၁၄ ကရိႈးဆိုရတာပဲရွိတာပါ။ အဲ့ဒီေတာ့ ရိႈးပဲဆုိျဖစ္မယ္ထင္ပါတယ္။

-ဒါေပမဲ့ ခံစားခ်က္ပိုင္းကေတာ့ ပိုၿပီးပီျပင္သြားမယ္လို႕ထင္လား။

ဟုတ္။ အဲ့ဒီလို ထင္ရတာပဲ။

-၀ိုင္းစုသီခ်င္းေတြထဲမွာေရာ ဘယ္သီခ်င္းကို အၾကိဳက္ဆံုးလဲ။

သူ႕ကုိ  ကုိဖိုးကာေရးေပးတဲ့ သီခ်င္းေတြေတာ္ေတာ္မ်ားမ်ားၾကိဳက္တယ္။ ခ်စ္ဦးပံုျပင္ဆုိ ကၽြန္ေတာ္ေတာ္ေတာ္ၾကိဳက္တယ္။ အတီးေတြေရာ၊ အဆုိေတြေရာေပါ့။ သူ႕မ်က္လွည့္အေခြဆို တစ္ေခြလံုးကၽြန္ေတာ္ၾကိဳက္တယ္။

-၀ိုင္းစုနာမည္ကို တက္တူးထုိးျဖစ္တဲ့အေၾကာင္းေလးကိုလဲေျပာျပေပးပါဦး။

တက္တူးကေတာ့ အမွတ္တရပါပဲ။ အဓိကကေတာ့ ကၽြန္ေတာ္ကတက္တူးထိုးရတာၾကိဳက္တယ္ေလ။ အဲ့ဒါေၾကာင့္ကုိယ္ခ်စ္တဲ့သူနာမည္ေလးတင္လိုက္တာေပါ့။ ဒါပါပဲ။

-ဂီတပိုင္းနဲ႕ပတ္သက္ၿပီး ပရိသတ္ကိုေရာ ထူးထူးျခားျခား ဘာမ်ားေျပာျပခ်င္ေသးလဲ။

ထူးထူးျခားျခားကေတာ့ ဒီၾကားထဲမွာ ကၽြန္ေတာ္တုိ႕Idiots နဲ႕အတြဲရိႈးရွိမယ္။ အဲ့ဒီရိႈးကေတာ့ one band ရိႈး ၊ ဒါေပမဲ့ စတိတ္ကုိ ႏွစ္ခုေဆာက္ၿပီးေတာ့ အျပိဳင္တီးတာတို႕၊ ဟိုဖက္ စတိတ္နဲ႕ဒီဖက္စတိတ္ arrangement ေတြလုပ္ၿပီး မတူေအာင္လုပ္ျပဖို႕အစီအစဥ္ရွိပါတယ္။ အဲ့ဒါက သၾကၤန္အၿပီးေလာက္မွန္းထားပါတယ္။

-ေနာက္ဆံုးအေနနဲ႕ ခ်စ္သူမ်ားေန႕အတြက္ ၀ိုင္းစုကို ဒီကေနဘာမ်ားေျပာခ်င္တာရွိလဲ။

အားလံုးပဲ ကုိယ္ခ်စ္တဲ့သူနဲ႕အတူတူေနႏုိင္ပါေစလို႕ပဲကၽြန္ေတာ္ဆုေတာင္းေပးပါတယ္။ ဘာလို႕လဲဆိုေတာ့ မခ်စ္မႏွစ္သက္တဲ့သူနဲ႕အတူတူေနရတာကလဲ ဒုကၡတဲ့။ မိဖုရားဘြားေစာေျပာတာ ကၽြန္ေတာ္ေျပာတာမဟုတ္ဘူး။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

အသုံးတော်ခံအခွေထွက်ဖို့ဖေဖော်ဝါရီလရွှေ့လိုက်တဲ့ အောင်လဟာ Audio စီဒီပဲ အရင်ထွက်မှာဖြစ်ပြီး အမ်တီဗီကိုတော့ အခွေမထွက်တော့ပဲ အကောင်းဆုံးအပုဒ်တွေကိုရွေးရိုက်ကာ အွန်လိုင်းကနေပဲ အလကားတင်ပေးသွားမယ်လို့ပြောပါတယ်။ အောင်လဟာ ပရိသတ်တွေ စိတ်ဝင်တစားဖြစ်ခဲ့တဲ့ သူ့အချစ်ရေးနဲ့ပတ်သက်ပြီးတော့လဲ အတိအလင်း ဖွင့်ဟဝန်ခံလိုက်ပြီဖြစ်သလို နေ့တိုင်းက ဖေဖော်ဝါရီ ၁၄ ပါလို့ပြောလာတဲ့ အောင်လရဲ့ အချစ်ရေးနဲ့ လက်ရှိမှာဖန်တီးဖြစ်နေတဲ့ ဂီတလှုပ်ရှားမှုများအကြောင်းကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အစ်ကို အခု ဘာတွေလုပ်ဖြစ်နေလဲ။

အခုက ကျွန်တော့်ရဲ့ အသုံးတော်ခံဆိုတဲ့ တတိယအခွေလေး လုပ်နေတယ်။ ပြီးတော့ Big Bag ရယ် Idiots ရယ် Reason ရယ် သုံးခုပေါင်းထားတဲ့ Uncle Management ဆိုတဲ့အခွေ လေးစီစဉ်နေတယ်။ ပြီးသွားရင် ကျွန်တော်တို့ရဲ့ စတုတ္ထအခွေလေးလဲ လုပ်ဖို့ရှိပါတယ်။ ပြီးသွားရင် Reason နဲ့ Idiots နဲ့ 2 band show လုပ်ဖို့ရှိတယ်။

-အသုံးတော်ခံအခွေမှာကျတော့ သီချင်းဘယ်နှပုဒ်လောက်ပါလဲ။

သီချင်းက ၁၃ ပုဒ်လောက်တော့ပါမယ်။ အမ်တီဗီမရောင်းဘူး။ စီဒီပဲအရင်ထွက်မယ်။ စီဒီပြီးမှ အမ်တီဗီကို အကောင်းဆုံး လေးပုဒ်လောက်ရွေးပြီးရိုက်မယ်။ ပြီးရင် အွန်လိုင်းကနေပဲ အလကားလွှင့်တော့မယ်။ စီဒီ Audio ပဲသီးသန့်ရောင်းမယ်။ အစက အသုံးတော်ခံကို ဒီလထွက်ဖို့မှန်းထားတာ။ ဒါပေမဲ့ ကျော်နေပြီပေါ့။ အခုကတော့ ဖေဖော်ဝါရီကကျွန်တော်တို့အခွေက ပုံမှန်ထွက်နေကျဆိုတော့ ဖေဖော်ဝါရီပဲထွက်ဖြစ်ဖို့များသွားပြီပေါ့။

-ဂီတပိုင်းနဲ့ပတ်သက်ပြီး ကိုယ့်ပရိသတ်ကလဲ အခိုင်အမာရှိထားပြီးသားဆိုတော့ မြန်မာသံပုံစံတွနဲ့ ထူးထူးခြားခြားလေးထိုးဖောက်ပြဖို့ရှိဦးမလား။

ရှိပါတယ်။ ကျွန်တော်အဓိက မြန်မာသံကို ရော့်ခ်ပုံစံနဲ့ပေါင်းပြီးတော့ လုပ်ဖို့ရှိတယ်။ ဘာလို့လဲဆိုတော့ Traditional Music ကိုလဲကျွန်တော်ကြိုက်တယ်။ သဘောကျတယ်။ တူရိယာအစုံလဲ ကျွန်တော်ကြိုက်တယ်။ သဘောကျတယ်။ အဲ့ဒီလိုဆိုတော့ အဲ့ဒါလေးတွေတီးပြီးတော့ အင်တာနေရှင်နယ်ကို သွားချင်တယ်။ အင်္ဂလိပ်သီချင်းရေး ဗမာတူရိယာတွေနဲ့တီးပြီး တော့သွားချင်တယ်။ အဲ့ဒါက ကျွန်တော်တို့ စတုတ္ထအခွေမှာပါပါမယ်။

-ဝိုင်းစုနဲ့ပုံကိုလဲ public တင်လိုက်တာတွေ့ရတယ်။

ကျွန်တော်တို့က couple ပဲလေ။ အတွဲဆိုတော့ အတွဲပုံလေးတင်လိုက်တဲ့သဘောပါ။

-Public တင်လိုက်တဲ့ Feel ကရော ဘယ်လိုရှိလဲ။

Feel ကတော့ ကိုယ့်ရည်းစားနဲ့ကိုယ်တင်ရတဲ့အတွက် ပျော်ပါတယ်ပေါ့။

-ငယ်ရည်းစားတွေလဲဖြစ်သလို အစ်ကိုတို့ပြန်တွဲသွားတဲ့အချိန်မှာ အစ်ကိုတို့ကို အားပေးနေတဲ့ ပရိသတ်တွေလဲပျော်ကြတဲ့အတွက် ဘယ်လိုစိတ်ခံစားချက်ရှိလဲ။

ကျွန်တော်က များသောအားဖြင့် ဖေ့စ်ဘွတ်ဆိုရင် ကျွန်တော့် newsfeed မှာ ကျွန်တော့်ကို တကယ်အားပေးတဲ့သူတွေကိုပဲ တကယ် follow လုပ်ထားတယ်။ ကျန်တဲ့သူတွေကို follow မလုပ်ထားဘူး။ တခြား page တွေကိုလဲ ဝင်မကြည့်တတ်ဘူး။ အဲ့ဒီတော့ သူများတွေပြောမှ ပြန်သိရတာပေါ့။ အပြင်မှာ ဘယ်လိုပြောနေပြီ။ အဲ့ဒီလိုမျိုးပေါ့။ ကိုယ့်ပရိသတ်တွေ အကုန်လုံးကလဲ သိပါတယ်။ သဘောတူကြတယ်။ အေးဆေးပဲ။ သူတို့ကကျတော့ ကျွန်တော့်ရဲ့ သီချင်းကိုပဲအားပေးကြတယ်။ ကျွန်တော့်သီချင်းတွေကိုကြိုက်တယ်။ ကျွန်တော့်ပွဲတိုင်းကိုလာတယ်။ ခုန်ကြတယ်။ ဆိုတော့ သူတို့ကတော့ ဘာမှမဖြစ်ပါဘူး။

-ဝိုင်းစုအပေါ်မှာ ဘယ်လိုအရာတွေကို သဘောကျတာများလဲ။

အဓိကကတော့ ခြုံပြီး ပြောရမှာပေါ့။ ကျွန်တော်ကချစ်တော့ အကုန်လုံးကို သဘောကျပါတယ်။ တစ်ခုမှချန်ပြီး ချစ်လို့မရတာ။ သူတို့ကျွန်တော့်ပေါ် ဆိုးတာ၊ နွဲ့တာရှိတယ်။ ဒီလိုပဲ ကျွန်တော်လဲ ပြန်ဆိုးတဲ့အခါတွေလဲ ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အဓိကက နားလည်မှုနဲ့ကြင်နာမှုပေါ့။ ပြီးတော့ အချစ်ပေါ့။

-ဘယ်တော့လောက်မှာ ဘဝတစ်ခုကို အတူတူထူထောင်ဖို့စဉ်းစားထားလဲ။

အခုမှကြိုးစားတုန်းပေါ့။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ တစ်နေရာရောက်ပြီဆိုရင် တော့ ဘဝတစ်ခုထူထောင်မှာပါ။ ကျွန်တော်တို့နှစ်ယောက် အစီအစဉ်တွေလဲ ဆွဲထားတယ်။ ရှေ့လျှောက်ဘာတွေလုပ်မယ်။ ဘယ်လိုဆက်သွားမယ်။ ကျွန်တော်တို့သေချာပြီဆို အသိထပ်ပေးပါ့မယ်။

-ဝိုင်းစုနဲ့အတူတူ သီချင်းဖန်တီးဖို့ရောရှိမလား။

သူ့ကိုတော့ သီချင်းရေးပေးတာရှိမယ်။ သီချင်းဖန်တီးဖို့တော့ လောလောဆယ် မရှိသေးဘူး။ ဘာလို့လဲဆိုတော့ သူနဲ့ကျွန်တော်နဲ့က လိုင်းလဲသိပ်မတူတော့လေ။ ဒါပေမဲ့ နောက်တော့ရှိမှာပေါ့။

-ဖေဖော်ဝါရီ ၁၄ အတွက် ဘယ်လိုအစီအစဉ်ဆွဲထားလဲ။

လောလောဆယ်တော့ ဘာအစီအစဉ်မှမရှိသေးဘူး။ ကျွန်တော့်အတွက်ကတော့ နေ့တိုင်း ဖေဖော်ဝါရီ ၁၄ ပါပဲ။

-ဒီနှစ် ဖြတ်သန်းရမဲ့ ဖေဖော်ဝါရီ ၁၄ ရဲ့ရင်ခုန်သံကရော ဘယ်လိုရှိလဲ။

များသောအားဖြင့် ကျွန်တော်တို့ဖေဖော်ဝါရီ ၁၄ ကရှိုးဆိုရတာပဲရှိတာပါ။ အဲ့ဒီတော့ ရှိုးပဲဆိုဖြစ်မယ်ထင်ပါတယ်။

-ဒါပေမဲ့ ခံစားချက်ပိုင်းကတော့ ပိုပြီးပီပြင်သွားမယ်လို့ထင်လား။

ဟုတ်။ အဲ့ဒီလို ထင်ရတာပဲ။

-ဝိုင်းစုသီချင်းတွေထဲမှာရော ဘယ်သီချင်းကို အကြိုက်ဆုံးလဲ။

သူ့ကို  ကိုဖိုးကာရေးပေးတဲ့ သီချင်းတွေတော်တော်များများကြိုက်တယ်။ ချစ်ဦးပုံပြင်ဆို ကျွန်တော်တော်တော်ကြိုက်တယ်။ အတီးတွေရော၊ အဆိုတွေရောပေါ့။ သူ့မျက်လှည့်အခွေဆို တစ်ခွေလုံးကျွန်တော်ကြိုက်တယ်။

-ဝိုင်းစုနာမည်ကို တက်တူးထိုးဖြစ်တဲ့အကြောင်းလေးကိုလဲပြောပြပေးပါဦး။

တက်တူးကတော့ အမှတ်တရပါပဲ။ အဓိကကတော့ ကျွန်တော်ကတက်တူးထိုးရတာကြိုက်တယ်လေ။ အဲ့ဒါကြောင့်ကိုယ်ချစ်တဲ့သူနာမည်လေးတင်လိုက်တာပေါ့။ ဒါပါပဲ။

-ဂီတပိုင်းနဲ့ပတ်သက်ပြီး ပရိသတ်ကိုရော ထူးထူးခြားခြား ဘာများပြောပြချင်သေးလဲ။

ထူးထူးခြားခြားကတော့ ဒီကြားထဲမှာ ကျွန်တော်တို့Idiots နဲ့အတွဲရှိုးရှိမယ်။ အဲ့ဒီရှိုးကတော့ one band ရှိုး ၊ ဒါပေမဲ့ စတိတ်ကို နှစ်ခုဆောက်ပြီးတော့ အပြိုင်တီးတာတို့၊ ဟိုဖက် စတိတ်နဲ့ဒီဖက်စတိတ် arrangement တွေလုပ်ပြီး မတူအောင်လုပ်ပြဖို့အစီအစဉ်ရှိပါတယ်။ အဲ့ဒါက သင်္ကြန်အပြီးလောက်မှန်းထားပါတယ်။

-နောက်ဆုံးအနေနဲ့ ချစ်သူများနေ့အတွက် ဝိုင်းစုကို ဒီကနေဘာများပြောချင်တာရှိလဲ။

အားလုံးပဲ ကိုယ်ချစ်တဲ့သူနဲ့အတူတူနေနိုင်ပါစေလို့ပဲကျွန်တော်ဆုတောင်းပေးပါတယ်။ ဘာလို့လဲဆိုတော့ မချစ်မနှစ်သက်တဲ့သူနဲ့အတူတူနေရတာကလဲ ဒုက္ခတဲ့။ မိဖုရားဘွားစောပြောတာ ကျွန်တော်ပြောတာမဟုတ်ဘူး။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top