iMyanmarHouse.com - Best Property Website for Myanmar
×

အႏုပညာေလာကထဲ စေရာက္ေရာက္ခ်င္းတုန္းက အသက္ ၁၃ ႏွစ္ေက်ာ္သာရွိေသးတဲ့ ေရႊမႈန္ရတီဟာ ကေလးဆန္ဆန္ မ်က္ႏွာေပးေလးနဲ႕ပရိသတ္အားေပးမႈကို ရရွိခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကမွ တစ္စထက္တစ္စၾကိဳးစားသရုပ္ေဆာင္ရင္း အသက္ ၁၉ ႏွစ္ကိုေရာက္ရွိလာတဲ့ အခ်ိန္မွာ သူမဟာ ကေလးမက် လူၾကီးမက်ကေန လွပရႊန္းစိုတဲ့ ပန္းတစ္ပြင့္အလား ပြင့္လန္းလာခဲ့ျပီး ေအာင္ျမင္မႈဒီေရကလဲ အရွိန္အဟုန္ျမင့္စြာ စီးဆင္းခဲ့ပါတယ္။ အခုလက္ရွိ ဗီဒီယိုနဲ႕ရုပ္ရွင္ေစ်းကြက္မွာ ပရိသတ္အမ်ားအားေပး လက္ခံခ်စ္ခင္ေနသလုိ သူမရဲ႕ဖက္ရွင္၊ သူမရဲ႕ ဓာတ္ပံုေတြဟာလည္း လူမႈကြန္ယက္ေပၚမွာ ပရိသတ္ေတြရဲ႕ အာရံုကိုဖမ္းစားထားျပန္ပါတယ္။ ဒါ့အျပင္ လက္ရွိမွာ ခ်စ္သူရွိေနၿပီျဖစ္တဲ့ ေရႊမႈန္ရတီဟာ အခ်စ္ေရးကိုလဲ ပြင့္ပြင့္လင္းလင္းေျပာျပလာသလို ၂၀၁၇ မွာဆက္လုပ္သြားမဲ့ သူမရဲ႕ လႈပ္ရွားမႈမ်ားလဲ ပြင့္လင္းစြာဖြင့္ဟလာတာမို႕သူမနဲ႕ေတြ႕ဆံုခုိက္မွာေမးျမန္းျဖစ္သမွ်ကေတာ့

-၂၀၁၇ ေရာက္ၿပီဆိုေတာ့ ေရႊမႈန္ကုိ ဘယ္လို အေျပာင္းအလဲေတြနဲ႕ ေတြ႕ရဖို႕ရွိမလဲ။

ေျပာင္းလဲဖို႕ဘာမွမရွိပါဘူး။ ဒီလိုပါပဲ။ အလုပ္ေတြလုပ္ေနတယ္။ ခရီးေတြထြက္ျဖစ္မယ္။ ဒီေလာက္ပါပဲ။

-၂၀၁၆ မွာလဲ ေပါက္တဲ့ကားေတြရုိက္ခဲ့ရတဲ့ မင္းသမီးတစ္လက္အေနနဲ႕ ၂၀၁၇ မွာေရာ ကိုယ့္ဆီလာတဲ့ဇာတ္ေတြကို ဘယ္လိုေလးေရြးခ်ယ္ရိုက္ကူးသြားဦးမလဲ။

ေတာ္ေတာ္ေလးကို စိစစ္ရုိက္ကူးလာပါတယ္။ ဘာလုိ႕လဲဆိုေတာ့ ညီမကားၾကီးရုိက္တာႏွစ္ႏွစ္ေလာက္ရွိၿပီဆိုေတာ့ေလ ဇာတ္ကလဲ စံုသေလာက္ျဖစ္ေနၿပီ။ အဲ့ဒါေၾကာင့္ကားေတြကို မထပ္ေအာင္ညီမၾကိဳးစားပါတယ္။

-အခုေနာက္ပိုင္း ေဖစ့္ဘြတ္ေပၚမွာ ခံစားခ်က္ စာသားေတြတင္လာတာေတြ႕ရတယ္။

အဲ့ဒါက ရင္ထဲမွာရွိတဲ့ဟာကို တင္ေပးတာပါ။ အမွန္ေတြပါ။

-အခ်စ္ေရးကေရာ ဘယ္လိုရွိေနလဲ။

အရမ္းကို အဆင္ေျပပါတယ္။ အရမ္းကို အဆင္ေျပတဲ့ Relationship တစ္ခုပါ။ ညီမအေပၚကုိ ၁၀၀ ရာခုိင္ႏႈန္း နားလည္ေပးပါတယ္။ ညီမေယာက်ာ္းဆန္တဲ့ ေယာက်ား္ေကာင္းတစ္ေယာက္နဲ႕အတူတူ အခ်ိန္ကာလေတြကို ျဖတ္သန္းေနရပါတယ္။

-ေရႊမႈန္က ပရိသတ္အားေပးမႈရထားတဲ့ မင္းသမီးတစ္လက္အေနနဲ႕ အခ်စ္ေရးကို ၀န္ခံလုိက္တဲ့အေပၚ ပရိသတ္အားေပးမႈေလ်ာ့မွာစိုးရိမ္မိတာမ်ိဳးျဖစ္မလား။

မရွိပါဘူး။ ပရိသတ္က ပရိသတ္၊ ရည္းစားက ရည္းစားပါပဲ။

-အကယ္ဒမီေပးပြဲကလဲ သံုးလပိုင္းဆိုေတာ့ တက္ျဖစ္မျဖစ္ကိုလဲသိခ်င္ပါတယ္။

ညီမ ဒီႏွစ္အကယ္ဒမီေပးပြဲ မတက္ျဖစ္ပါဘူး။ အဲ့ဒါေၾကာင့္ အကယ္ဒမီနဲ႕ပတ္သက္တဲ့ စိတ္ခံစားခ်က္ကလဲ အေထြအထူးမရွိဘူး။ ညီမအလုပ္ေလးေတြရွိတာေၾကာင့္ရယ္၊ ေဆးခန္းသြားျပရမွာရယ္ေၾကာင့္ မတက္ျဖစ္တာပါ။ အစာအိမ္ကေတာ့ သက္သာေနပါၿပီ။ ႏွလံုးက ေမြးရာပါဆိုေတာ့ ေပ်ာက္ေအာင္ကုလို႕မရဘူး။ သက္သာေအာင္ပဲေနလို႕ရတယ္။ သေဘာက ေဆးနဲ႕ဆက္ထိန္းထားတဲ့သေဘာေပါ့။

-ႏွလံုးေရာဂါနဲ႕ ဒီအႏုပညာအလုပ္နဲ႕က်ေတာ့ ခံစားခ်က္အပိုင္းကို ဦးစားေပးရတဲ့အတြက္ ေတာ္ေတာ္ေတာ့ခက္ခဲမယ္ေနာ္။

ဟုတ္တယ္။ ေတာ္ေတာ္ေလး အဆင္မေျပပါဘူး။ ဒါေပမဲ့ညီမ လုပ္ျဖစ္ေနတယ္ေပါ့။

-အခုေနာက္ပိုင္းလဲ ေဖ့စ္ဘြတ္မွာ swimsuit နဲ႕ပံုေလးေတြ Upload လုပ္လာတာေတြ႕ရတယ္။ အဲ့ဒါေလးကိုလဲေျပာျပေပးပါဦး။

ေရးထားတယ္ေလ Feeling confident ဆိုၿပီး အဓိကကေတာ့ ဒါပါပဲ။ သေဘာက်လို႕တင္တာပါ။ ဓာတ္ပံုကလဲ ညီမၾကံဳလို႕ရုိက္ျဖစ္တာပါ။ တကူးတကၾကီးေတာ့ ညီမသြားမရုိက္ပါဘူး။ အဓိကကလဲ အဲ့ဒီေန႕က ျဖစ္ခ်င္ေတာ့ သူငယ္ခ်င္းတစ္ေယာက္ကို ေန႕ခ်င္းျပန္ခရီးလိုက္ပို႕ေပးတာပါ။ ဘန္ေကာက္က သူငယ္ခ်င္းတစ္ေယာက္ေပါ့။  ညီမရဲ႕ တစ္ဦးတည္းေသာ အခ်စ္ဆံုးသူငယ္ခ်င္းေပါ့။ ကိုယ္ဘန္ေကာက္ေရာက္ရင္ သူကကိုယ့္နားမွာေနတယ္။ သူရန္ကုန္ေရာက္ရင္လဲ ညီမနားမွာပဲေနတယ္။ ညီမက ညီမရဲ႕ အိမ္ရွင္၀တၱရားေက်ေအာင္ဆိုၿပီး ရန္ကုန္မွာ သူမေရာက္ဖူးတဲ့ေနရာေတြကို လိုက္ပို႕ေပးျဖစ္ပါတယ္။ အဲ့ဒီေန႕ကေရာက္ေတာ့ သူ႕ကိုဓာတ္ပံုရိုက္ေပးဖို႕သြားတာ ကိုယ္ရိုက္ျဖစ္သြားတယ္ေပါ့။

-အဲ့ဒီပံုေလးေတြတင္ေတာ့ တခ်ိဳ႕ပရိသတ္က ၾကိဳက္လို႕ Share တာမ်ိဳးေတြ႕ရတယ္။

မၾကိဳက္လို႕Share ၾကတာမ်ိဳးေလးေတြလဲရွိပါတယ္။ အဲ့ဒီအေပၚမွာေတာ့ ညီမရဲ႕စိတ္ခံစားခ်က္က ဘယ္လိုမွ မရွိပါဘူး။

-ေရႊမႈန္ အစပုိင္းမွာတုန္းက ကေလးဆန္ၿပီး အခုေနာက္ပိုင္း Sexy ဆန္တဲ့ဖက္ကို တျဖည္းျဖည္းခ်င္း ကူးလာတာမ်ိဳးေတြ႕ေနရတယ္။ အဲ့ဒါက ကိုယ့္ကိုကိုယ္ေျပာင္းလဲတဲ့ သေဘာမ်ိဳးလား။

မဟုတ္ဘူး။ သေဘာက်တာလဲမဟုတ္သလို ေျပာင္းလဲတာလဲမဟုတ္ဘူး။ ေနရာေဒသလိုက္ၿပီးေတာ့ ၀တ္တယ္။ စားတယ္။ အခုလက္ရွိ နာရီပိုင္းအတြင္းမွာျဖစ္ေနတဲ့ mood အေပၚမွာကို ဓာတ္ပံုရိုက္တယ္။ ဥပမာ ရုပ္တည္ေနတဲ့ Mood ဆို အဲ့ဒီပံုေတြအားလံုးကရုပ္တည္ေတြျဖစ္သြားတယ္။ သေဘာကေတာ့ ဒါပါပဲ။

-ဒါဆို အခုေနာက္ပိုင္းက ခံစားမႈကို ဦးစားေပးတဲ့သေဘာေပါ့။

အင္းဟုတ္တယ္။

-အဲဒ့ီေတာ့ အရာရာအဆင္ေျပလား။ ဥပမာ အလုပ္ပဲျဖစ္ျဖစ္၊ အခ်စ္ေရးပဲျဖစ္ျဖစ္ေပါ့။

ဒါေပမဲ့ ညီမက အကန္႕ေတြခြဲထားတယ္။ ညီမတို႕အႏုပညာသမားေတြက အကန္႕ေတြေရာထားလို႕မရဘူး။ အကန္႕ေရာရင္ အလုပ္လုပ္လို႕မရၾကဘူး။ ညီမအလုပ္လုပ္ရတာလဲ အရမ္းအဆင္ေျပေနတယ္။ ညီမဘယ္ေနရာမွာမဆိုကို အဆင္ေျပေနတယ္။

-Gold Limited Edition ဖုန္းေလးေတြလဲ မွာၿပီး ေဖ့စ္ဘြတ္ေပၚတင္ထားတာေတြ႕ရတယ္။

ေၾသာ္ ဒီေန႕မနက္ပဲတင္ထားတာ ညီမသူ႕ကို Birthday Present ေပးတာပါ။ Birthday Present ေတြထဲက တစ္ခုေပါ့။ အဲ့ဒီဟာကမွာရတာ ႏွစ္လေလာက္ၾကာသြားတယ္။ မေန႕ကမွေရာက္လာတယ္ေပါ့။ ညီမက ညီမဟာညီမ သူ႕ဟာကိုၾကည့္ၿပီး အရမ္းသေဘာက်လို႕ညီမအတြက္ပါဆင္တူကိုင္ရေအာင္ ထပ္မွာလိုက္တာေပါ့။

-ေစ်းဘယ္ေလာက္ေလာက္ရွိလဲ။

Prize ကေျပာလို႕မရဘူး။ သိခ်င္ရင္ကိုယ့္ဟာကိုယ္စံုစမ္းေပါ့။ The Rich Germs ကလုပ္တာေလ Gold Elite ပြဲေလ။ အဲ့ဒါကို ရွာၾကည့္ၾကည့္လုိက္ စပ္စုၾကည့္လုိက္။

-အခုလက္ရွိ Relationship တစ္ခုကို ျပန္သံုးသပ္ၾကည့္မယ္ဆိုရင္ ဘယ္လိုရွိလဲ။

ညီမတို႕ႏွစ္ေယာက္ကို ၾကည့္ရင္ ေဘးကလူအျမင္မွာေတာ့ အရမ္းကို အားက်စရာေကာင္းမွာေပါ့။ ခဏခဏရန္ျဖစ္၊ ခဏခဏျပန္ခ်စ္ၾကေပါ့။

-ေဖ့စ္ဘြတ္ေပၚမွာ စာေတြပဲေတြ႕ၿပီး ဓာတ္ပံုမေတြ႕ရတာကေရာ လွ်ိဳ႕၀ွက္တဲ့သေဘာလား။

ခ်စ္သူရွိတယ္ဆိုတာနဲ႕တင္ ဒါက Public လို႕ေျပာလို႕ရပါတယ္။ ဒီလိုပါပဲ။ ညီမစိတ္ရွိရင္တင္တယ္။ ညီမစိတ္မရွိရင္မတင္ဘူး။ အဓိက ညီမ mood နဲ႕ညီမသြားတာျဖစ္တဲ့အတြက္ လွ်ိဳ႕၀ွက္တဲ့ သေဘာလဲမဟုတ္ပါဘူး။ Feel ရွိလာရင္ေတာ့ တင္ရင္တင္မွာေပါ့။ သူ႕ဖက္ကေတာ့ ဘာမွတားျမစ္ခ်က္မရွိဘူး။ ညီမတို႕ကသာ အႏုပညာရွင္မို႕လို႕ကိုယ့္စည္းထဲက ကိုယ္ေနရတာေပါ့။ ညီမတို႕အႏုပညာရွင္ေတြစည္းကမ္းအမ်ားၾကီးရွိရတယ္။

-ဆိုရွယ္မီဒီယာေတြေခတ္စားလာတဲ့အေပၚ ေရႊမႈန္႕အျမင္ေလးကိုလဲသိခ်င္ပါတယ္။

အရမ္းေကာင္းပါတယ္။ ဘာလို႕လဲဆိုေတာ့ အသိဥာဏ္ေတြပြင့္လင္းလာတယ္။ ေနာက္တစ္ခုကဘာလဲဆိုေတာ့ Up To Date ျဖစ္လာတယ္။ ဖက္ရွင္ပဲျဖစ္ျဖစ္၊ ႏုိင္ငံေရးပဲျဖစ္ျဖစ္၊ ဘယ္အေရးပဲျဖစ္ျဖစ္ေပါ့။ ေနာက္ပိုင္းကေလးေတြအတြက္အရမ္းေကာင္းလာမယ္။ ေကာင္းတာေရာ၊ ဆိုးတာေရာ ကို ေကာင္းေကာင္းမြန္မြန္ေ၀ခြဲလို႕ရသြားတယ္။ အမွန္တရားဆိုတာ ဖံုးကြယ္ထားလို႕မရဘူးဆိုတာကို ေကာင္းေကာင္းၾကီး သိလာၾကတယ္။ အဲ့ဒီေတာ့လုပ္ရဲတာေတြနည္းလာၾကတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit :trend myanmar

#Unicode Version

အနုပညာလောကထဲ စရောက်ရောက်ချင်းတုန်းက အသက် ၁၃ နှစ်ကျော်သာရှိသေးတဲ့ ရွှေမှုန်ရတီဟာ ကလေးဆန်ဆန် မျက်နှာပေးလေးနဲ့ပရိသတ်အားပေးမှုကို ရရှိခဲ့ပါတယ်။ အဲ့ဒီအချိန်ကမှ တစ်စထက်တစ်စကြိုးစားသရုပ်ဆောင်ရင်း အသက် ၁၉ နှစ်ကိုရောက်ရှိလာတဲ့ အချိန်မှာ သူမဟာ ကလေးမကျ လူကြီးမကျကနေ လှပရွှန်းစိုတဲ့ ပန်းတစ်ပွင့်အလား ပွင့်လန်းလာခဲ့ပြီး အောင်မြင်မှုဒီရေကလဲ အရှိန်အဟုန်မြင့်စွာ စီးဆင်းခဲ့ပါတယ်။ အခုလက်ရှိ ဗီဒီယိုနဲ့ရုပ်ရှင်ဈေးကွက်မှာ ပရိသတ်အများအားပေး လက်ခံချစ်ခင်နေသလို သူမရဲ့ဖက်ရှင်၊ သူမရဲ့ ဓာတ်ပုံတွေဟာလည်း လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တွေရဲ့ အာရုံကိုဖမ်းစားထားပြန်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ ချစ်သူရှိနေပြီဖြစ်တဲ့ ရွှေမှုန်ရတီဟာ အချစ်ရေးကိုလဲ ပွင့်ပွင့်လင်းလင်းပြောပြလာသလို ၂၀၁၇ မှာဆက်လုပ်သွားမဲ့ သူမရဲ့ လှုပ်ရှားမှုများလဲ ပွင့်လင်းစွာဖွင့်ဟလာတာမို့သူမနဲ့တွေ့ဆုံခိုက်မှာမေးမြန်းဖြစ်သမျှကတော့

-၂၀၁၇ ရောက်ပြီဆိုတော့ ရွှေမှုန်ကို ဘယ်လို အပြောင်းအလဲတွေနဲ့ တွေ့ရဖို့ရှိမလဲ။

ပြောင်းလဲဖို့ဘာမှမရှိပါဘူး။ ဒီလိုပါပဲ။ အလုပ်တွေလုပ်နေတယ်။ ခရီးတွေထွက်ဖြစ်မယ်။ ဒီလောက်ပါပဲ။

-၂၀၁၆ မှာလဲ ပေါက်တဲ့ကားတွေရိုက်ခဲ့ရတဲ့ မင်းသမီးတစ်လက်အနေနဲ့ ၂၀၁၇ မှာရော ကိုယ့်ဆီလာတဲ့ဇာတ်တွေကို ဘယ်လိုလေးရွေးချယ်ရိုက်ကူးသွားဦးမလဲ။

တော်တော်လေးကို စိစစ်ရိုက်ကူးလာပါတယ်။ ဘာလို့လဲဆိုတော့ ညီမကားကြီးရိုက်တာနှစ်နှစ်လောက်ရှိပြီဆိုတော့လေ ဇာတ်ကလဲ စုံသလောက်ဖြစ်နေပြီ။ အဲ့ဒါကြောင့်ကားတွေကို မထပ်အောင်ညီမကြိုးစားပါတယ်။

-အခုနောက်ပိုင်း ဖေစ့်ဘွတ်ပေါ်မှာ ခံစားချက် စာသားတွေတင်လာတာတွေ့ရတယ်။

အဲ့ဒါက ရင်ထဲမှာရှိတဲ့ဟာကို တင်ပေးတာပါ။ အမှန်တွေပါ။

-အချစ်ရေးကရော ဘယ်လိုရှိနေလဲ။

အရမ်းကို အဆင်ပြေပါတယ်။ အရမ်းကို အဆင်ပြေတဲ့ Relationship တစ်ခုပါ။ ညီမအပေါ်ကို ၁၀၀ ရာခိုင်နှုန်း နားလည်ပေးပါတယ်။ ညီမယောကျာ်းဆန်တဲ့ ယောကျာ်းကောင်းတစ်ယောက်နဲ့အတူတူ အချိန်ကာလတွေကို ဖြတ်သန်းနေရပါတယ်။

-ရွှေမှုန်က ပရိသတ်အားပေးမှုရထားတဲ့ မင်းသမီးတစ်လက်အနေနဲ့ အချစ်ရေးကို ဝန်ခံလိုက်တဲ့အပေါ် ပရိသတ်အားပေးမှုလျော့မှာစိုးရိမ်မိတာမျိုးဖြစ်မလား။

မရှိပါဘူး။ ပရိသတ်က ပရိသတ်၊ ရည်းစားက ရည်းစားပါပဲ။

-အကယ်ဒမီပေးပွဲကလဲ သုံးလပိုင်းဆိုတော့ တက်ဖြစ်မဖြစ်ကိုလဲသိချင်ပါတယ်။

ညီမ ဒီနှစ်အကယ်ဒမီပေးပွဲ မတက်ဖြစ်ပါဘူး။ အဲ့ဒါကြောင့် အကယ်ဒမီနဲ့ပတ်သက်တဲ့ စိတ်ခံစားချက်ကလဲ အထွေအထူးမရှိဘူး။ ညီမအလုပ်လေးတွေရှိတာကြောင့်ရယ်၊ ဆေးခန်းသွားပြရမှာရယ်ကြောင့် မတက်ဖြစ်တာပါ။ အစာအိမ်ကတော့ သက်သာနေပါပြီ။ နှလုံးက မွေးရာပါဆိုတော့ ပျောက်အောင်ကုလို့မရဘူး။ သက်သာအောင်ပဲနေလို့ရတယ်။ သဘောက ဆေးနဲ့ဆက်ထိန်းထားတဲ့သဘောပေါ့။

-နှလုံးရောဂါနဲ့ ဒီအနုပညာအလုပ်နဲ့ကျတော့ ခံစားချက်အပိုင်းကို ဦးစားပေးရတဲ့အတွက် တော်တော်တော့ခက်ခဲမယ်နော်။

ဟုတ်တယ်။ တော်တော်လေး အဆင်မပြေပါဘူး။ ဒါပေမဲ့ညီမ လုပ်ဖြစ်နေတယ်ပေါ့။

-အခုနောက်ပိုင်းလဲ ဖေ့စ်ဘွတ်မှာ swimsuit နဲ့ပုံလေးတွေ Upload လုပ်လာတာတွေ့ရတယ်။ အဲ့ဒါလေးကိုလဲပြောပြပေးပါဦး။

ရေးထားတယ်လေ Feeling confident ဆိုပြီး အဓိကကတော့ ဒါပါပဲ။ သဘောကျလို့တင်တာပါ။ ဓာတ်ပုံကလဲ ညီမကြုံလို့ရိုက်ဖြစ်တာပါ။ တကူးတကကြီးတော့ ညီမသွားမရိုက်ပါဘူး။ အဓိကကလဲ အဲ့ဒီနေ့က ဖြစ်ချင်တော့ သူငယ်ချင်းတစ်ယောက်ကို နေ့ချင်းပြန်ခရီးလိုက်ပို့ပေးတာပါ။ ဘန်ကောက်က သူငယ်ချင်းတစ်ယောက်ပေါ့။  ညီမရဲ့ တစ်ဦးတည်းသော အချစ်ဆုံးသူငယ်ချင်းပေါ့။ ကိုယ်ဘန်ကောက်ရောက်ရင် သူကကိုယ့်နားမှာနေတယ်။ သူရန်ကုန်ရောက်ရင်လဲ ညီမနားမှာပဲနေတယ်။ ညီမက ညီမရဲ့ အိမ်ရှင်ဝတ္တရားကျေအောင်ဆိုပြီး ရန်ကုန်မှာ သူမရောက်ဖူးတဲ့နေရာတွေကို လိုက်ပို့ပေးဖြစ်ပါတယ်။ အဲ့ဒီနေ့ကရောက်တော့ သူ့ကိုဓာတ်ပုံရိုက်ပေးဖို့သွားတာ ကိုယ်ရိုက်ဖြစ်သွားတယ်ပေါ့။

-အဲ့ဒီပုံလေးတွေတင်တော့ တချို့ပရိသတ်က ကြိုက်လို့ Share တာမျိုးတွေ့ရတယ်။

မကြိုက်လို့Share ကြတာမျိုးလေးတွေလဲရှိပါတယ်။ အဲ့ဒီအပေါ်မှာတော့ ညီမရဲ့စိတ်ခံစားချက်က ဘယ်လိုမှ မရှိပါဘူး။

-ရွှေမှုန် အစပိုင်းမှာတုန်းက ကလေးဆန်ပြီး အခုနောက်ပိုင်း Sexy ဆန်တဲ့ဖက်ကို တဖြည်းဖြည်းချင်း ကူးလာတာမျိုးတွေ့နေရတယ်။ အဲ့ဒါက ကိုယ့်ကိုကိုယ်ပြောင်းလဲတဲ့ သဘောမျိုးလား။

မဟုတ်ဘူး။ သဘောကျတာလဲမဟုတ်သလို ပြောင်းလဲတာလဲမဟုတ်ဘူး။ နေရာဒေသလိုက်ပြီးတော့ ဝတ်တယ်။ စားတယ်။ အခုလက်ရှိ နာရီပိုင်းအတွင်းမှာဖြစ်နေတဲ့ mood အပေါ်မှာကို ဓာတ်ပုံရိုက်တယ်။ ဥပမာ ရုပ်တည်နေတဲ့ Mood ဆို အဲ့ဒီပုံတွေအားလုံးကရုပ်တည်တွေဖြစ်သွားတယ်။ သဘောကတော့ ဒါပါပဲ။

-ဒါဆို အခုနောက်ပိုင်းက ခံစားမှုကို ဦးစားပေးတဲ့သဘောပေါ့။

အင်းဟုတ်တယ်။

-အဲဒ့ီတော့ အရာရာအဆင်ပြေလား။ ဥပမာ အလုပ်ပဲဖြစ်ဖြစ်၊ အချစ်ရေးပဲဖြစ်ဖြစ်ပေါ့။

ဒါပေမဲ့ ညီမက အကန့်တွေခွဲထားတယ်။ ညီမတို့အနုပညာသမားတွေက အကန့်တွေရောထားလို့မရဘူး။ အကန့်ရောရင် အလုပ်လုပ်လို့မရကြဘူး။ ညီမအလုပ်လုပ်ရတာလဲ အရမ်းအဆင်ပြေနေတယ်။ ညီမဘယ်နေရာမှာမဆိုကို အဆင်ပြေနေတယ်။

-Gold Limited Edition ဖုန်းလေးတွေလဲ မှာပြီး ဖေ့စ်ဘွတ်ပေါ်တင်ထားတာတွေ့ရတယ်။

သြော် ဒီနေ့မနက်ပဲတင်ထားတာ ညီမသူ့ကို Birthday Present ပေးတာပါ။ Birthday Present တွေထဲက တစ်ခုပေါ့။ အဲ့ဒီဟာကမှာရတာ နှစ်လလောက်ကြာသွားတယ်။ မနေ့ကမှရောက်လာတယ်ပေါ့။ ညီမက ညီမဟာညီမ သူ့ဟာကိုကြည့်ပြီး အရမ်းသဘောကျလို့ညီမအတွက်ပါဆင်တူကိုင်ရအောင် ထပ်မှာလိုက်တာပေါ့။

-ဈေးဘယ်လောက်လောက်ရှိလဲ။

Prize ကပြောလို့မရဘူး။ သိချင်ရင်ကိုယ့်ဟာကိုယ်စုံစမ်းပေါ့။ The Rich Germs ကလုပ်တာလေ Gold Elite ပွဲလေ။ အဲ့ဒါကို ရှာကြည့်ကြည့်လိုက် စပ်စုကြည့်လိုက်။

-အခုလက်ရှိ Relationship တစ်ခုကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ဘယ်လိုရှိလဲ။

ညီမတို့နှစ်ယောက်ကို ကြည့်ရင် ဘေးကလူအမြင်မှာတော့ အရမ်းကို အားကျစရာကောင်းမှာပေါ့။ ခဏခဏရန်ဖြစ်၊ ခဏခဏပြန်ချစ်ကြပေါ့။

-ဖေ့စ်ဘွတ်ပေါ်မှာ စာတွေပဲတွေ့ပြီး ဓာတ်ပုံမတွေ့ရတာကရော လျှို့ဝှက်တဲ့သဘောလား။

ချစ်သူရှိတယ်ဆိုတာနဲ့တင် ဒါက Public လို့ပြောလို့ရပါတယ်။ ဒီလိုပါပဲ။ ညီမစိတ်ရှိရင်တင်တယ်။ ညီမစိတ်မရှိရင်မတင်ဘူး။ အဓိက ညီမ mood နဲ့ညီမသွားတာဖြစ်တဲ့အတွက် လျှို့ဝှက်တဲ့ သဘောလဲမဟုတ်ပါဘူး။ Feel ရှိလာရင်တော့ တင်ရင်တင်မှာပေါ့။ သူ့ဖက်ကတော့ ဘာမှတားမြစ်ချက်မရှိဘူး။ ညီမတို့ကသာ အနုပညာရှင်မို့လို့ကိုယ့်စည်းထဲက ကိုယ်နေရတာပေါ့။ ညီမတို့အနုပညာရှင်တွေစည်းကမ်းအများကြီးရှိရတယ်။

-ဆိုရှယ်မီဒီယာတွေခေတ်စားလာတဲ့အပေါ် ရွှေမှုန့်အမြင်လေးကိုလဲသိချင်ပါတယ်။

အရမ်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အသိဉာဏ်တွေပွင့်လင်းလာတယ်။ နောက်တစ်ခုကဘာလဲဆိုတော့ Up To Date ဖြစ်လာတယ်။ ဖက်ရှင်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ်၊ ဘယ်အရေးပဲဖြစ်ဖြစ်ပေါ့။ နောက်ပိုင်းကလေးတွေအတွက်အရမ်းကောင်းလာမယ်။ ကောင်းတာရော၊ ဆိုးတာရော ကို ကောင်းကောင်းမွန်မွန်ဝေခွဲလို့ရသွားတယ်။ အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့မရဘူးဆိုတာကို ကောင်းကောင်းကြီး သိလာကြတယ်။ အဲ့ဒီတော့လုပ်ရဲတာတွေနည်းလာကြတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit :trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top