iMyanmarHouse.com - Best Property Website for Myanmar
×

B ေသြးမိန္းကေလးေတြကေတာ့ နားလည္ရခက္တယ္ဆိုတာကို သိၿပီးၿဖစ္မွာပါ။

ဒါပင္မယ့္လည္း သူတို႔အေၾကာင္းကို ေသေသခ်ာခ်ာနားလည္ထားမယ္ဆိုရင္ေတာ့ ခ်စ္ဖို႔ေကာင္းလာမွာပါ။ သူတို႔အေနနဲ႕ပတ္ဝန္းက်င္နဲ႔ အလုိက္သင့္မေနတာေၾကာင့္ နားလည္ရခက္ပင္မယ့္လည္း အတြင္းစိတ္ကေတာ့ ဘယ္ေတာ့မဆို ဟုတ္တယ္၊ မဟုတ္ဘူးကို မွန္မွန္ ဆံုးၿဖတ္ႏုိင္တာေၾကာင့္ ေပါင္းသင္းရလြယ္မွာပါ။

သူတို႔ရဲ႕အေၾကာင္းေလးကို နားလည္ထားမယ္ဆိုရင္ သူအနားကုိ လြယ္လြယ္နဲ႕ ခ်ဥ္းကပ္ႏုိင္မွာပါ။

၀၁. သူ႕ေရခ်ိန္လည္း ရွိတယ္

ပတ္ဝန္းက်င္က ဘာေတြၿဖစ္ၿဖစ္၊ ကမာၻပဲပ်က္ပ်က္ ကိုယ္လုပ္ေနတဲ့ကိစၥေလးေတြကို ေအးေအးေဆးေဆး ဆက္လုပ္ေနတတ္သူပါ။ သူနဲ႕ပတ္ဝန္းက်င္က တထပ္တည္းမက်လို႔ေတြးထားသလို သူငယ္ခ်င္းေတြနဲ႕သြားလာရတာကုိ မုန္းတယ္။ ပိတ္ရက္ေတြမွာ အိမ္မွာ တေယာက္တည္းေနရတာကို သေဘာက်သူပါ။

၀၂. ကိုယ့္သာလွ်င္ ပထမ

ကိုယ့္အတြက္ကိုသာ ပထမေနရာထားေလ့ရွိတာေၾကာင့္ ဒီလိုထင္တယ္၊ ဘယ္လိုလုပ္သင့္သလဲဆိုတာကို ရဲရဲဝံ့ဝံ့ေၿပာတတ္သူပါ။ အဝတ္အစားဆိုရင္လည္း ကိုယ္ဝတ္တာကို ေပၚလြင္ေစခ်င္တာေၾကာင့္ သူမ်ားနဲ႕မတူတာကို ဝတ္တတ္ပါတယ္။

၀၃. ကိုယ့္ေနရာေလးေတြရွိတယ္

သိတတ္စအရြယ္ကေန ကိုယ့္ရဲ႕အေတြး၊ကိုယ့္ရဲ႕ေနရာေလးမွာ လုပ္ခ်င္တာေတြကို လုပ္ခဲ့မွာပါ။ သူတို႔ရဲ႕စဥ္းစာပံုေလးေတြက ဒါေၾကာင့္ပံုမွန္မဟုတ္ပဲ ထူးၿခားေနတတ္ပါတယ္။ ဒါေၾကာင့္လည္း သူတို႔ေၿပာတဲ့အေၾကာင္းေလးေတြက စိတ္ဝင္စားဖို႔ေကာင္းတယ္။

၀၄. ဆံုးၿဖတ္ခ်က္ေတြက ထူးဆန္းေနတတ္တယ္

သူကလိုခ်င္တာရွိရင္ ခ်က္ခ်င္းဆိုသလို ရကိုရမွေက်နပ္တယ္။ မၾကိဳက္တာေတြကိုေတာ့ လွည့္ကိုမၾကည့္တတ္ပါ။ ဥပမာ - ေက်ာင္းမွာ ကိုယ္ၾကိဳက္တဲ့ဘာသာကိုသာ အမွတ္အမ်ားဆံုးရေအာင္ ၾကိဳးစားပင္မယ့္၊ အၿခားဘာသာေတြကုိေတာ့ ေမ့ေနတတ္တယ္။

၀၅. ေပါ့ေပါ့ပါးပါးေနတတ္သူ

အကယ္၍ ရန္ၿဖစ္ရင္ေတာင္ ေနာက္ေန႕မွာေတာ့ ဘာမွမၿဖစ္ထားသလိုပါပဲ။ သူ႕ေခါင္းထဲမွာ အၿမဲအေကာင္းဘက္ကေနေတြးတတ္သူပါ။ စိတ္ဆိုးေနတာကို ေမ့သြားတတ္သူပါ။ ရန္ၿဖစ္ရင္ေတာင္ ေမာလာၿပီး သူ႕ဘက္ကေန ေတာ္ေတာ့ လို႔ေၿပာလာတတ္သူပါ။

၀၆. အၿဖဳ၊အမဲ ၿပတ္သားသူ

သူကေတာ့ ၿပတ္သားသူတစ္ေယာက္ပါ။ အၿခားသူအတြက္ ေပးဆပ္ရမယ္ဆိုရင္ ဘာကိုမွ မလုပ္ခ်င္ပါ။ အကယ္၍ ကိုယ္က ၾကိဳက္ေနရသူၿဖစ္မယ္ဆိုရင္ေတာ့ သူဘာေတြကိုပဲေၿပာေၿပာလုပ္ေပးမယ့္သူပါ။

၀၇. စိတ္ပုတ္သူမဟုတ္ပါ

စဥ္းစားပံုက ရုိးရွင္းတာေၾကာင့္ အေရွ႕မွာရယ္ေနၿပီး အေနာက္မွာမေကာင္းေၿပာတာ မရွိပါ။ လူေတြကိုေၿမွာက္ပင့္ၿပီးေတာ့လည္း မေၿပာတတ္သူပါ။ဟန္လည္းေဆာင္တတ္သူပါ။

၀၈. တကယ္ကို ရုိးသားသူပါ

ေလးစားသူေတြရဲ႕အၾကံေပးခ်က္ကို အၿမဲဆိုသလိုနားေထာင္တတ္သူပါ။ အခက္ၾကံဳေနသူကိုေတြ႕ရင္ကူညီဖို႔ရန္အသင့္ရွိေနသူပါ။ ငိုေနသူတစ္ေယာက္ရွိေနရင္ သူလည္းလိုက္ငိုတတ္သူပါ။

၀၉. ခ်က္ခ်င္းဆိုသလို ေကာက္လုပ္တတ္သူပါ

လုပ္မယ္မလုပ္ဘူးကို ေတြးၿပီး စိတ္ရႈပ္ေနတတ္သူမဟုတ္ပါ။ လုပ္မယ္ဆိုရင္ခ်က္ခ်င္းဆိုသလို ေကာက္လုပ္ႏုိင္သူပါ။ဒါေၾကာင့္ အလုပ္မွာလည္း ဦးေဆာင္သူမ်ားပါတယ္။

၁၀. ေၿပာင္းလဲသင့္တယ္္ဆိုရင္လည္း ခ်က္ခ်င္းပါ

မၿဖစ္ႏုိင္ဘူးလို႔ေတြးထားရင္လည္း ခ်က္ခ်င္းဆိုသလို ရပ္ၿပီး ေနာက္တခုကို လုပ္မယ္ဆိုတဲ့အက်င့္ေလးရွိပါတယ္။ ဘယ္ေလာက္ပဲအခ်ိန္ေတြကုန္ခဲ့ပင္မယ့္လည္း မမႈပါ။

၁၁. ပူလိုက္ေအးလိုက္ၿဖစ္ေနသူပါ

သူစိတ္ဝင္စားတဲ့အခ်က္ေလးေတြရွိရင္ အေတြးေတြဝင္လာရင္ခ်က္ခ်င္းေကာက္လုပ္လိုက္ပင္မယ့္လည္း ပ်င္းသြားၿပီဆိုရင္ေတာ့ လွည့္ကို မၾကည့္တတ္ပါ။

၁၂. ကိုယ့္ရဲ႕ဘဝေလးကို ယံုၾကည္ခ်က္အၿပည့္ရွိတယ္

ကိုယ့္ရဲ႕ေနရာေလးမွာ အၿမဲစိတ္ခ်မ္းသာေအာင္ေနတတ္သူပါ။ သူဘဝေလးကိုေႏွာက္ယွက္ခံရၿပီဆိုရင္ေတာ့ အရမ္းကို စိတ္ထိခိုက္လြယ္သူပါ။ ဘာမဟုတ္တဲ့ကိစၥေလးေတြေၾကာင့္ စိတ္ဓါတ္က်လြယ္သူပါ။

သူကေတာ့ နည္းနည္းထူးဆန္းေနတတ္တာေၾကာင့္ သူ႔ကို ခ်ဥ္းကပ္ခ်င္သူကေတာ့ သူအေၾကာင္းေလးကို ဦးစြာေလ့လာဖို႔ေတာ့ လိုမယ္ထင္ပါတယ္။

Credit:ChelmoTeam

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

B သွေးမိန်းကလေးတွေကတော့ နားလည်ရခက်တယ်ဆိုတာကို သိပြီးဖြစ်မှာပါ။

ဒါပင်မယ့်လည်း သူတို့အကြောင်းကို သေသေချာချာနားလည်ထားမယ်ဆိုရင်တော့ ချစ်ဖို့ကောင်းလာမှာပါ။ သူတို့အနေနဲ့ပတ်ဝန်းကျင်နဲ့ အလိုက်သင့်မနေတာကြောင့် နားလည်ရခက်ပင်မယ့်လည်း အတွင်းစိတ်ကတော့ ဘယ်တော့မဆို ဟုတ်တယ်၊ မဟုတ်ဘူးကို မှန်မှန် ဆုံးဖြတ်နိုင်တာကြောင့် ပေါင်းသင်းရလွယ်မှာပါ။

သူတို့ရဲ့အကြောင်းလေးကို နားလည်ထားမယ်ဆိုရင် သူအနားကို လွယ်လွယ်နဲ့ ချဉ်းကပ်နိုင်မှာပါ။

၀၁. သူ့ရေချိန်လည်း ရှိတယ်

ပတ်ဝန်းကျင်က ဘာတွေဖြစ်ဖြစ်၊ ကမ္ဘာပဲပျက်ပျက် ကိုယ်လုပ်နေတဲ့ကိစ္စလေးတွေကို အေးအေးဆေးဆေး ဆက်လုပ်နေတတ်သူပါ။ သူနဲ့ပတ်ဝန်းကျင်က တထပ်တည်းမကျလို့တွေးထားသလို သူငယ်ချင်းတွေနဲ့သွားလာရတာကို မုန်းတယ်။ ပိတ်ရက်တွေမှာ အိမ်မှာ တယောက်တည်းနေရတာကို သဘောကျသူပါ။

၀၂. ကိုယ့်သာလျှင် ပထမ

ကိုယ့်အတွက်ကိုသာ ပထမနေရာထားလေ့ရှိတာကြောင့် ဒီလိုထင်တယ်၊ ဘယ်လိုလုပ်သင့်သလဲဆိုတာကို ရဲရဲဝံ့ဝံ့ပြောတတ်သူပါ။ အဝတ်အစားဆိုရင်လည်း ကိုယ်ဝတ်တာကို ပေါ်လွင်စေချင်တာကြောင့် သူများနဲ့မတူတာကို ဝတ်တတ်ပါတယ်။

၀၃. ကိုယ့်နေရာလေးတွေရှိတယ်

သိတတ်စအရွယ်ကနေ ကိုယ့်ရဲ့အတွေး၊ကိုယ့်ရဲ့နေရာလေးမှာ လုပ်ချင်တာတွေကို လုပ်ခဲ့မှာပါ။ သူတို့ရဲ့စဉ်းစာပုံလေးတွေက ဒါကြောင့်ပုံမှန်မဟုတ်ပဲ ထူးခြားနေတတ်ပါတယ်။ ဒါကြောင့်လည်း သူတို့ပြောတဲ့အကြောင်းလေးတွေက စိတ်ဝင်စားဖို့ကောင်းတယ်။

၀၄. ဆုံးဖြတ်ချက်တွေက ထူးဆန်းနေတတ်တယ်

သူကလိုချင်တာရှိရင် ချက်ချင်းဆိုသလို ရကိုရမှကျေနပ်တယ်။ မကြိုက်တာတွေကိုတော့ လှည့်ကိုမကြည့်တတ်ပါ။ ဥပမာ - ကျောင်းမှာ ကိုယ်ကြိုက်တဲ့ဘာသာကိုသာ အမှတ်အများဆုံးရအောင် ကြိုးစားပင်မယ့်၊ အခြားဘာသာတွေကိုတော့ မေ့နေတတ်တယ်။

၀၅. ပေါ့ပေါ့ပါးပါးနေတတ်သူ

အကယ်၍ ရန်ဖြစ်ရင်တောင် နောက်နေ့မှာတော့ ဘာမှမဖြစ်ထားသလိုပါပဲ။ သူ့ခေါင်းထဲမှာ အမြဲအကောင်းဘက်ကနေတွေးတတ်သူပါ။ စိတ်ဆိုးနေတာကို မေ့သွားတတ်သူပါ။ ရန်ဖြစ်ရင်တောင် မောလာပြီး သူ့ဘက်ကနေ တော်တော့ လို့ပြောလာတတ်သူပါ။

၀၆. အဖြု၊အမဲ ပြတ်သားသူ

သူကတော့ ပြတ်သားသူတစ်ယောက်ပါ။ အခြားသူအတွက် ပေးဆပ်ရမယ်ဆိုရင် ဘာကိုမှ မလုပ်ချင်ပါ။ အကယ်၍ ကိုယ်က ကြိုက်နေရသူဖြစ်မယ်ဆိုရင်တော့ သူဘာတွေကိုပဲပြောပြောလုပ်ပေးမယ့်သူပါ။

၀၇. စိတ်ပုတ်သူမဟုတ်ပါ

စဉ်းစားပုံက ရိုးရှင်းတာကြောင့် အရှေ့မှာရယ်နေပြီး အနောက်မှာမကောင်းပြောတာ မရှိပါ။ လူတွေကိုမြှောက်ပင့်ပြီးတော့လည်း မပြောတတ်သူပါ။ဟန်လည်းဆောင်တတ်သူပါ။

၀၈. တကယ်ကို ရိုးသားသူပါ

လေးစားသူတွေရဲ့အကြံပေးချက်ကို အမြဲဆိုသလိုနားထောင်တတ်သူပါ။ အခက်ကြုံနေသူကိုတွေ့ရင်ကူညီဖို့ရန်အသင့်ရှိနေသူပါ။ ငိုနေသူတစ်ယောက်ရှိနေရင် သူလည်းလိုက်ငိုတတ်သူပါ။

၀၉. ချက်ချင်းဆိုသလို ကောက်လုပ်တတ်သူပါ

လုပ်မယ်မလုပ်ဘူးကို တွေးပြီး စိတ်ရှုပ်နေတတ်သူမဟုတ်ပါ။ လုပ်မယ်ဆိုရင်ချက်ချင်းဆိုသလို ကောက်လုပ်နိုင်သူပါ။ဒါကြောင့် အလုပ်မှာလည်း ဦးဆောင်သူများပါတယ်။

၁၀. ပြောင်းလဲသင့်တယ်ဆိုရင်လည်း ချက်ချင်းပါ

မဖြစ်နိုင်ဘူးလို့တွေးထားရင်လည်း ချက်ချင်းဆိုသလို ရပ်ပြီး နောက်တခုကို လုပ်မယ်ဆိုတဲ့အကျင့်လေးရှိပါတယ်။ ဘယ်လောက်ပဲအချိန်တွေကုန်ခဲ့ပင်မယ့်လည်း မမှုပါ။

၁၁. ပူလိုက်အေးလိုက်ဖြစ်နေသူပါ

သူစိတ်ဝင်စားတဲ့အချက်လေးတွေရှိရင် အတွေးတွေဝင်လာရင်ချက်ချင်းကောက်လုပ်လိုက်ပင်မယ့်လည်း ပျင်းသွားပြီဆိုရင်တော့ လှည့်ကို မကြည့်တတ်ပါ။

၁၂. ကိုယ့်ရဲ့ဘဝလေးကို ယုံကြည်ချက်အပြည့်ရှိတယ်

ကိုယ့်ရဲ့နေရာလေးမှာ အမြဲစိတ်ချမ်းသာအောင်နေတတ်သူပါ။ သူဘဝလေးကိုနှောက်ယှက်ခံရပြီဆိုရင်တော့ အရမ်းကို စိတ်ထိခိုက်လွယ်သူပါ။ ဘာမဟုတ်တဲ့ကိစ္စလေးတွေကြောင့် စိတ်ဓါတ်ကျလွယ်သူပါ။

သူကတော့ နည်းနည်းထူးဆန်းနေတတ်တာကြောင့် သူ့ကို ချဉ်းကပ်ချင်သူကတော့ သူအကြောင်းလေးကို ဦးစွာလေ့လာဖို့တော့ လိုမယ်ထင်ပါတယ်။


Credit:ChelmoTeam

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top