iMyanmarHouse.com - Best Property Website for Myanmar
×

ဗိုက္ပူ တာေၾကာင့္ အဝတ္အစား ဝတ္ဆင္ရာမွာ စမတ္က်နမႈ မရွိသလို က်န္းမာေရး ကိုလည္း ထိခိုက္ ေစႏိုင္ပါတယ္။

ဒါေၾကာင့္ ဗိုက္ပူေနၿပီ ဆိုရင္ လိုက္နာသင့္တဲ့ နည္းလမ္းေတြကို အႀကံ ျပဳလိုက္ပါတယ္။

(၁) က်န္းမာေရးႏွင့္ ညီၫြတ္ေသာ ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းပါ

သင့္ခႏၶာကိုယ္က စံသတ္မွတ္ထားတဲ့ ကိုယ္အေလးခ်ိန္ထက္ မ်ားေနရင္ အပို ကိုယ္အေလးခ်ိန္ေတြ ေလ်ာ့က် ေစဖို႔ လုပ္ေဆာင္ ရပါေတာ့မယ္။ အဲဒီလိုျဖစ္ ဖို႔ဆိုရင္ သင္စားတဲ့ ပမာဏထက္ ကယ္လိုရီပိုမို ေလာင္ကြ်မ္းေအာင္ လုပ္ေဆာင္ ေပးပါ။ ဝမ္းဗိုက္ဘက္ ကက္သားေတြ သန္စြမ္းေအာင္ အိပ္ထမတင္ ေလ့က်င့္ခန္း၊ အေလးမတဲ့ ေလ့က်င့္ခန္း၊ ထိုင္ထေလ့ က်င့္ခန္း စတဲ့ ေလ့က်င့္ခန္းေတြ လုပ္တာက အေကာင္းဆံုး နည္းပါ။ ဒါက ကိုယ္အေလးခ်ိန္ က်ေစတဲ့အျပင္ ဝမ္းဗိုက္ကို ခ်ပ္ရပ္ ေစပါတယ္။

(၂) အမွ်င္ဓာတ္မ်ားမ်ား စားပါ

အမွ်င္ဓာတ္ မ်ားမ်ားပါတဲ့ အစာကို စားတာေၾကာင့္ ေလပြ၊ ေလထတာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ ႏိုင္ပါတယ္။ အမွ်င္ဓာတ္ပါတဲ့ ေကာက္ႏွံ တစ္ခုလံုးနဲ႔ လုပ္တဲ့ အစာေတြက ဗိုက္ျမန္ျမန္ ျပည့္ေစၿပီး ဟင္းသီး ဟင္းရြက္ေတြက ကယ္လိုရီ ပါဝင္မႈ နည္းပါး ပါတယ္။

(၃) ဆားေလွ်ာ႕စားပါ

လူအမ်ားစုဟာ ဆိုဒီယမ္ကို လိုအပ္တာထက္ ႏွစ္ဆပိုစား ေနၾကတယ္လို႔ ကြ်မ္းက်င္သူ ေတြက အႀကံျပဳ ထားပါတယ္။ ဆားအမ်ားႀကီး စားတာေၾကာင့္ ေသြးတိုး ေစႏိုင္သလို ေလပြ ေစႏိုင္ပါတယ္။ ဆားပါဝင္မႈ မ်ားတဲ့ အဓိက ရန္သူက တာရွည္ ခံေအာင္ ျပဳျပင္ထားတဲ့ အစာေတြပါ။ ဒီအစာေတြ မစားခင္ အာဟာရ တန္ဖိုးကို အရင္ ဖတ္ၾကည့္ပါဦး။ ဗိုက္သားခ်ပ္ ရပ္ဖို႔အတြက္ အေကာင္းဆံုးက လတ္ဆတ္တဲ့ ပါဝင္ပစၥည္းေတြကို သံုးၿပီး အိမ္မွာ မိမိဘာသာ ခ်က္ျပဳတ္ ျပင္ဆင္ၿပီး စားတာပဲ ျဖစ္ပါတယ္။ ေရမ်ားမ်ား ေသာက္တာက ဆိုဒီယမ္ ပမာဏကို ေလ်ာ့က် ေစပါတယ္။

(၄) အစာကို နည္းနည္းႏွင္႕ မၾကာခဏ စားပါ

ညစာကို မ်ားမ်ား စားတာေၾကာင့္ ဗိုက္ပူ ေနတယ္ဆိုရင္ နည္းနည္းနဲ႔ မၾကာ ခဏစားတဲ့ အေလ့အထကို ေျပာင္းလဲ ၾကည့္ပါ။ ေန႔စဥ္ အခ်ိန္ ၃-၄ နာရီၾကာတိုင္း အစာနည္းနည္း စားေပးပါ။ ဒါဆိုရင္ ဗိုက္ဆာတာနဲ႔ အစာကို စားသင့္တာ ထက္ပိုစားမိတာမ်ိဳး ျဖစ္ႏိုင္ေျခ နည္း သြားပါလိမ့္မယ္။

(၅) ဆရာဝန္ႏွင့္ ေတြ႕ဆံုေဆြးေႏြးပါ

ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေပမယ့္ ခါးအတိုင္း အတာက ေလ်ာ့က်မႈ မရွိဘူး ဆိုရင္ ဆရာဝန္နဲ႔ တိုင္ပင္ဖို႔ လိုပါတယ္။


Credit:ျမ၀တီ


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေး ကိုလည်း ထိခိုက် စေနိုင်ပါတယ်။

ဒါကြောင့် ဗိုက်ပူနေပြီ ဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။

(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ်အလေးချိန်တွေ လျော့ကျ စေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ဘက် ကက်သားတွေ သန်စွမ်းအောင် အိပ်ထမတင် လေ့ကျင့်ခန်း၊ အလေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံး နည်းပါ။ ဒါက ကိုယ်အလေးချိန် ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ် စေပါတယ်။

(၂) အမျှင်ဓာတ်များများ စားပါ

အမျှင်ဓာတ် များများပါတဲ့ အစာကို စားတာကြောင့် လေပွ၊ လေထတာမျိုး မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ ကောက်နှံ တစ်ခုလုံးနဲ့ လုပ်တဲ့ အစာတွေက ဗိုက်မြန်မြန် ပြည့်စေပြီး ဟင်းသီး ဟင်းရွက်တွေက ကယ်လိုရီ ပါဝင်မှု နည်းပါး ပါတယ်။

(၃) ဆားလျှော့စားပါ

လူအများစုဟာ ဆိုဒီယမ်ကို လိုအပ်တာထက် နှစ်ဆပိုစား နေကြတယ်လို့ ကျွမ်းကျင်သူ တွေက အကြံပြု ထားပါတယ်။ ဆားအများကြီး စားတာကြောင့် သွေးတိုး စေနိုင်သလို လေပွ စေနိုင်ပါတယ်။ ဆားပါဝင်မှု များတဲ့ အဓိက ရန်သူက တာရှည် ခံအောင် ပြုပြင်ထားတဲ့ အစာတွေပါ။ ဒီအစာတွေ မစားခင် အာဟာရ တန်ဖိုးကို အရင် ဖတ်ကြည့်ပါဦး။ ဗိုက်သားချပ် ရပ်ဖို့အတွက် အကောင်းဆုံးက လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီး အိမ်မှာ မိမိဘာသာ ချက်ပြုတ် ပြင်ဆင်ပြီး စားတာပဲ ဖြစ်ပါတယ်။ ရေများများ သောက်တာက ဆိုဒီယမ် ပမာဏကို လျော့ကျ စေပါတယ်။

(၄) အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

ညစာကို များများ စားတာကြောင့် ဗိုက်ပူ နေတယ်ဆိုရင် နည်းနည်းနဲ့ မကြာ ခဏစားတဲ့ အလေ့အထကို ပြောင်းလဲ ကြည့်ပါ။ နေ့စဉ် အချိန် ၃-၄ နာရီကြာတိုင်း အစာနည်းနည်း စားပေးပါ။ ဒါဆိုရင် ဗိုက်ဆာတာနဲ့ အစာကို စားသင့်တာ ထက်ပိုစားမိတာမျိုး ဖြစ်နိုင်ခြေ နည်း သွားပါလိမ့်မယ်။

(၅) ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ

ကိုယ်အလေးချိန် လျော့ကျပေမယ့် ခါးအတိုင်း အတာက လျော့ကျမှု မရှိဘူး ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။


Credit:မြဝတီ




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top