iMyanmarHouse.com - Best Property Website for Myanmar
×

ညဘက္ အိပ္ယာေစာေစာဝင္ျခင္းက သင့္ကို ဝိတ္ပိုက်လြယ္ပါတယ္။ ညဥ္႔နက္မွ အိပ္တတ္သူေတြက အခ်ိန္အနည္းငယ္အၾကာမွာ တကယ္ပဲေပါင္ခ်ိန္တျဖည္းျဖည္း တိုးလာတာကို သိသိသာသာေတြ႔ရမွာ ျဖစ္ပါတယ္။ ညဥ္႔နက္မွ အိပ္တတ္သူေတြအတြက္ ဝေစတဲ့အေၾကာင္းရင္းတစ္ခုက အျမန္စာ၊ အလြယ္စာေတြ စားမိတတ္လို႔ပါ။ ညဥ္႔နက္မွ အိပ္တဲ့အတြက္ အစာစားခ်ိန္၊ အစာေတာင္းခ်ိန္ တစ္ခုပိုလာသလိုပါပဲ။ မအိပ္ခင္မွာအျမန္စာ၊ အလြယ္စာေတြျဖစ္တဲ့ အဆီမ်ားတဲ့အစားအစာေတြ၊ အယ္ကိုေဟာေတြ ပိုျပီးေတာ့စားတတ္၊ ေသာက္တတ္ၾကပါတယ္။

ေနာက္တစ္ခ်က္က ည ၁၁ နာရီေနာက္ပိုင္းမွ အိပ္တတ္တဲ့သူေတြဟာ ခါးတုတ္လာတတ္ျပီး ခႏၶာကိုယ္ေကာက္ေၾကာင္းကို ပ်က္ေစပါတယ္။ အေၾကာင္းကေတာ့ ည ၁၁ နာရီေက်ာ္မွ အိိပ္တဲ့သူေတြက ပ်မ္းမွ် ၂၂၀ ကယ္လိုရီပိုျပီးေခ်ဖ်က္ႏုိင္စြမ္းနိမ့္ပါတယ္။ မလိုလားအပ္တဲ့ ကယ္လိုရီေတြ စုလာျခင္းကေရာဂါျဖစ္ေစႏုိင္သလို လွပမႈကိုလည္းအတုိင္းအတာတစ္ခုအထိ ေလ်ာ့ေစပါတယ္။

ဒီေလ့လာမႈကိုအိပ္စက္မႈနဲ႔ ေလ့က်င့္ခန္းျပဳလုပ္ပုံကုိေစာင့္ၾကည့္ေပးတဲ့ က်န္းမာေရးလက္ပတ္ကုမၸဏီကရရွိတဲ့ အခ်က္အလက္ေတြကို အေျခခံထားတာျဖစ္ပါတယ္။ ပါဝင္သူေတြက တစ္ေန႔တာလုံးစားေသာက္တဲ့ အစားအစာပမာဏ၊ အယ္ကိုေဟာပမာဏေတြကိုေန႔တုိင္းေျဖဆိုေပးျပီး မွတ္တမ္းတင္ထားတာျဖစ္ပါတယ္။

ေလ့လာေတြ႔ရွိမႈအရ ညဘက္ေစာေစာအိပ္ရာဝင္တဲ့သူက ေနာက္တစ္ေန႔မွာ သေရစာမုန္႔စားလိုစိတ္ ေလ်ာ့နည္းတာေတြ႔ရပါတယ္။ ဒါေၾကာင့္ ည ၁၀ နာရီေလာက္မွာ အိပ္ရာဝင္မယ္ဆိုရင္ ေနာက္တစ္ေန႔မွာက်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအေသာက္ေတြ စားလိုစိတ္ပုိျဖစ္ေစျပီး ခႏၶာကိုယ္ရဲ႔ ဇီဝကမၼျဖစ္စဥ္ေတြကိုလည္း အားေကာင္းေစပါတယ္။ ပိုျပီးလည္းအနားရေစပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ညဘက် အိပ်ယာစောစောဝင်ခြင်းက သင့်ကို ဝိတ်ပိုကျလွယ်ပါတယ်။ ညဥ့်နက်မှ အိပ်တတ်သူတွေက အချိန်အနည်းငယ်အကြာမှာ တကယ်ပဲပေါင်ချိန်တဖြည်းဖြည်း တိုးလာတာကို သိသိသာသာတွေ့ရမှာ ဖြစ်ပါတယ်။ ညဥ့်နက်မှ အိပ်တတ်သူတွေအတွက် ဝစေတဲ့အကြောင်းရင်းတစ်ခုက အမြန်စာ၊ အလွယ်စာတွေ စားမိတတ်လို့ပါ။ ညဥ့်နက်မှ အိပ်တဲ့အတွက် အစာစားချိန်၊ အစာတောင်းချိန် တစ်ခုပိုလာသလိုပါပဲ။ မအိပ်ခင်မှာအမြန်စာ၊ အလွယ်စာတွေဖြစ်တဲ့ အဆီများတဲ့အစားအစာတွေ၊ အယ်ကိုဟောတွေ ပိုပြီးတော့စားတတ်၊ သောက်တတ်ကြပါတယ်။

နောက်တစ်ချက်က ည ၁၁ နာရီနောက်ပိုင်းမှ အိပ်တတ်တဲ့သူတွေဟာ ခါးတုတ်လာတတ်ပြီး ခန္ဓာကိုယ်ကောက်ကြောင်းကို ပျက်စေပါတယ်။ အကြောင်းကတော့ ည ၁၁ နာရီကျော်မှ အိပ်တဲ့သူတွေက ပျမ်းမျှ ၂၂၀ ကယ်လိုရီပိုပြီးချေဖျက်နိုင်စွမ်းနိမ့်ပါတယ်။ မလိုလားအပ်တဲ့ ကယ်လိုရီတွေ စုလာခြင်းကရောဂါဖြစ်စေနိုင်သလို လှပမှုကိုလည်းအတိုင်းအတာတစ်ခုအထိ လျော့စေပါတယ်။

ဒီလေ့လာမှုကိုအိပ်စက်မှုနဲ့ လေ့ကျင့်ခန်းပြုလုပ်ပုံကိုစောင့်ကြည့်ပေးတဲ့ ကျန်းမာရေးလက်ပတ်ကုမ္ပဏီကရရှိတဲ့ အချက်အလက်တွေကို အခြေခံထားတာဖြစ်ပါတယ်။ ပါဝင်သူတွေက တစ်နေ့တာလုံးစားသောက်တဲ့ အစားအစာပမာဏ၊ အယ်ကိုဟောပမာဏတွေကိုနေ့တိုင်းဖြေဆိုပေးပြီး မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

လေ့လာတွေ့ရှိမှုအရ ညဘက်စောစောအိပ်ရာဝင်တဲ့သူက နောက်တစ်နေ့မှာ သရေစာမုန့်စားလိုစိတ် လျော့နည်းတာတွေ့ရပါတယ်။ ဒါကြောင့် ည ၁၀ နာရီလောက်မှာ အိပ်ရာဝင်မယ်ဆိုရင် နောက်တစ်နေ့မှာကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားလိုစိတ်ပိုဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း အားကောင်းစေပါတယ်။ ပိုပြီးလည်းအနားရစေပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top