iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ္ဝတၳဳဦးစားေပးတဲ့ ေလာကၾကီးမွာ ေငြနဲ႔ ေပ်ာ္ရႊင္မႈကို ဝယ္ႏုိင္တယ္လို႔ တခ်ဳိ႕က ထင္ၾကမွာပါ။ ခဏတာ ေပ်ာ္ရႊင္မႈေတာ့ရေကာင္းရႏုိင္ေပမဲ့ စစ္မွန္တဲ့ေပ်ာ္ရႊင္မႈေတာ့ မျဖစ္ႏုိင္ပါဘူး။ ေငြနဲ႔ ေပ်ာ္ရႊင္မႈကို ဝယ္လုိ႔မရႏုိင္ဘူးဆုိတာကို လူတုိင္းသိေပမဲ့ အခုေတာ့ သိပၸံပညာက ေထာက္ခံလိုက္ပါျပီ။

လူေတြဟာ ပိုပိုျပီးလိုခ်င္တာေတြမ်ားလာ၊ ဒါေတြကို ရဖုိ႔ပဲၾကိဳးစားလာတာေတြေၾကာင့္ ကုိယ့္မွာရွိျပီးသား အရာေတြကို ေမ့လာၾကတယ္။ ကိုယ့္အနားမွာရွိတဲ့ ကိုယ့္ကုိေပ်ာ္ရႊင္မႈေပးႏုိင္တဲ့သူေတြကို တန္ဖိုးထားရ ေကာင္းမွန္း မသိျဖစ္ေနတတ္ပါတယ္။ အဂၤလန္ႏုိင္ငံ လန္ဒန္စီးပြားေရးတကၠသိုလ္က လူေပါင္း ၂ သိန္းေက်ာ္ပါဝင္တဲ့ သုေတသနၾကီး တစ္ခုကုိ ျပဳလုပ္ခဲ့ပါတယ္။ အခုလက္ရွိကိုယ့္ဘဝကို ဘယ္ေလာက္အတုိင္းအတာအထိ ေက်နပ္ေနတယ္ ဆိုတာကို ေလ့လာခဲ့တာပါ။

ပါဝင္သူေတြအားလုံးရဲ႕ ကေလးဘဝကေန အရြယ္ေရာက္လာတဲ့ ဘဝ အေျခအေနေတြ၊ မိဘေတြရဲ႕ အိမ္ေထာင္ေရး၊ ေက်ာင္းသားဘဝ၊ စီးပြားေရးအေျခအေန၊ အလုပ္အကိုင္၊ ဝင္ေငြ၊ စိတ္က်န္းမာေရးနဲ႔ ခႏၶာကိုယ္က်န္းမာေရး စတာေတြကိုပါ ထည့္သြင္းစဥ္းစားခဲ့ပါတယ္။ ေလ့လာမႈမွာပါဝင္တဲ့သူေတြ ထုတ္ေဖာ္ျပခဲ့တဲ့အရာကေတာ့ ေငြေၾကးဆုံးရႈံးမႈက သူတုိ႔ကို ျပင္းျပင္းထန္ထန္ စိတ္မခ်မ္းမသာျဖစ္ေစေပမဲ့ ေငြရရွိတာကေတာ့ သိပ္ျပီး ထူးထူးျခားျခားမခံစားရဘူးလို႔ ဆိုပါတယ္။ ဒါေပမဲ့ မိသားစု သို႔မဟုတ္ ကိုယ္ခ်စ္ရတဲ့သူနဲ႔ ဆက္ဆံေရးအဆင္မေျပရင္ ပိုျပီး စိတ္ထိခိုက္ ခံစားရတယ္လို႔ ေတြ႔ရွိခဲ့ပါတယ္။

အေထာက္အထားေတြအရ ေပ်ာ္ရႊင္မႈနဲ႔ စိတ္ဆင္းရဲမႈေတြအေပၚ သက္ေရာက္မႈအရွိဆုံးအရာကေတာ့ အခ်စ္နဲ႔က်န္းမာေရးျဖစ္တာကို ေတြ႔ရွိခဲ့ရပါတယ္။ အိမ္တြင္းေရး အဆင္မေျပတာ၊ ခ်စ္သူနဲ႔လမ္းခြဲရတာေတြက ေပ်ာ္ရႊင္မႈကို ထိခိုက္ေစတဲ့အရာျဖစ္သလိုပဲ အျပန္အလွန္အားျဖင့္ မိသားစုအဆင္ေျပတာ၊ ကိုယ္ခ်စ္တဲ့သူရဲ႕ အခ်စ္ေတြကို အျပည့္အဝရတဲ့အခါ ေငြနဲ႔လဲလို႔ မရႏုိင္တဲ့ ေပ်ာ္ရႊင္မႈကို ခံစားရပါတယ္လို႔ သိပၸံနည္းက် သုေတသန အေထာက္အထားေတြက သက္ေသျပခဲ့ပါတယ္။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရုပ်ဝတ္ထုဦးစားပေးတဲ့ လောကကြီးမှာ ငွေနဲ့ ပျော်ရွှင်မှုကို ဝယ်နိုင်တယ်လို့ တချို့က ထင်ကြမှာပါ။ ခဏတာ ပျော်ရွှင်မှုတော့ရကောင်းရနိုင်ပေမဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုတော့ မဖြစ်နိုင်ပါဘူး။ ငွေနဲ့ ပျော်ရွှင်မှုကို ဝယ်လို့မရနိုင်ဘူးဆိုတာကို လူတိုင်းသိပေမဲ့ အခုတော့ သိပ္ပံပညာက ထောက်ခံလိုက်ပါပြီ။

လူတွေဟာ ပိုပိုပြီးလိုချင်တာတွေများလာ၊ ဒါတွေကို ရဖို့ပဲကြိုးစားလာတာတွေကြောင့် ကိုယ့်မှာရှိပြီးသား အရာတွေကို မေ့လာကြတယ်။ ကိုယ့်အနားမှာရှိတဲ့ ကိုယ့်ကိုပျော်ရွှင်မှုပေးနိုင်တဲ့သူတွေကို တန်ဖိုးထားရ ကောင်းမှန်း မသိဖြစ်နေတတ်ပါတယ်။ အင်္ဂလန်နိုင်ငံ လန်ဒန်စီးပွားရေးတက္ကသိုလ်က လူပေါင်း ၂ သိန်းကျော်ပါဝင်တဲ့ သုတေသနကြီး တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အခုလက်ရှိကိုယ့်ဘဝကို ဘယ်လောက်အတိုင်းအတာအထိ ကျေနပ်နေတယ် ဆိုတာကို လေ့လာခဲ့တာပါ။

ပါဝင်သူတွေအားလုံးရဲ့ ကလေးဘဝကနေ အရွယ်ရောက်လာတဲ့ ဘဝ အခြေအနေတွေ၊ မိဘတွေရဲ့ အိမ်ထောင်ရေး၊ ကျောင်းသားဘဝ၊ စီးပွားရေးအခြေအနေ၊ အလုပ်အကိုင်၊ ဝင်ငွေ၊ စိတ်ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေး စတာတွေကိုပါ ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ လေ့လာမှုမှာပါဝင်တဲ့သူတွေ ထုတ်ဖော်ပြခဲ့တဲ့အရာကတော့ ငွေကြေးဆုံးရှုံးမှုက သူတို့ကို ပြင်းပြင်းထန်ထန် စိတ်မချမ်းမသာဖြစ်စေပေမဲ့ ငွေရရှိတာကတော့ သိပ်ပြီး ထူးထူးခြားခြားမခံစားရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ မိသားစု သို့မဟုတ် ကိုယ်ချစ်ရတဲ့သူနဲ့ ဆက်ဆံရေးအဆင်မပြေရင် ပိုပြီး စိတ်ထိခိုက် ခံစားရတယ်လို့ တွေ့ရှိခဲ့ပါတယ်။

အထောက်အထားတွေအရ ပျော်ရွှင်မှုနဲ့ စိတ်ဆင်းရဲမှုတွေအပေါ် သက်ရောက်မှုအရှိဆုံးအရာကတော့ အချစ်နဲ့ကျန်းမာရေးဖြစ်တာကို တွေ့ရှိခဲ့ရပါတယ်။ အိမ်တွင်းရေး အဆင်မပြေတာ၊ ချစ်သူနဲ့လမ်းခွဲရတာတွေက ပျော်ရွှင်မှုကို ထိခိုက်စေတဲ့အရာဖြစ်သလိုပဲ အပြန်အလှန်အားဖြင့် မိသားစုအဆင်ပြေတာ၊ ကိုယ်ချစ်တဲ့သူရဲ့ အချစ်တွေကို အပြည့်အဝရတဲ့အခါ ငွေနဲ့လဲလို့ မရနိုင်တဲ့ ပျော်ရွှင်မှုကို ခံစားရပါတယ်လို့ သိပ္ပံနည်းကျ သုတေသန အထောက်အထားတွေက သက်သေပြခဲ့ပါတယ်။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top