iMyanmarHouse.com - Best Property Website for Myanmar
×

လီမင်ဟိုဟာ ၂၀၁၄ ခုနှစ်က ကြော်ငြာတစ်ခု ရိုက်ဖို့အတွက် အစက ပါလာဝန်ရှိ El Nido လို့ခေါ်တဲ့ နေရာကို သွားဖို့ စီစဉ်ထားပေမဲ့ ယင်းမိန်းကလေးကို တွေ့ရဖို့အတွက် Borocay ကျွန်းကို သွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုတော့ လီမင်ဟိုကိုယ်တိုင် ဝန်ခံပြောကြားလာပါပြီ။

"အဲဒီကို အလုပ်သွားလုပ်ချင်တာပါ။ အဲဒီမှာ ကျွန်တော့်ရဲ့ပုဂ္ဂိုလ်ရေးကိစ္စလေးလည်း ရှိတယ်။ သူမကို တွေ့ချင်ပြီး ဘာတွေလုပ်နေသလဲ ကြည့်ချင်တာပါ။ ကျွန်တော့်မှာ အတွေးတွေနဲ့ ကြောက်လန့်နေပြီး ဘာမှမဟုတ်ဘဲ သဝန်တွေတိုနေတယ်။ ကျွန်တော် စွဲလမ်းမိနေပြီထင်တယ်" လို့ လီမင်ဟိုက KNA Korea ကို ပြောခဲ့ပါတယ်။

လီမင်ဟိုဟာ အဝတ်အစားကြော်ငြာရိုက်ကူးပြီးနောက် အဲဒီကျွန်းမှာ တစ်ပတ်ခန့် ဆက်ပြီး တိတ်တဆိတ်နေထိုင်ခဲ့တယ်လို့ The Philippine Pride မှာ ဖော်ပြထားပါတယ်။ လီမင်ဟိုဟာ ဟိုတယ်တစ်ခုမှာ ၃ ညအိပ် နှစ်ရက်နေထိုင်ဖို့ ဘွတ်ကင်လုပ်ခဲ့ပေမဲ့ ၇ ရက်နေဖို့ ပြန်ပြောင်းပြောခဲ့တယ်လို့ ဆိုပါတယ်။

ကံကောင်းလှတဲ့ ယင်းမိန်းကလေးမှာ အဲဒီဟိုတယ်မှာ အလုပ်လုပ်တဲ့ အသက် ၂၃ နှစ်အရွယ် မိန်းမချောလေးတစ်ဦးဖြစ်ပါတယ်။ သူမအလုပ်လုပ်တဲ့ VIP Groove ဟိုတယ်ဟာ အမျိုးသမီးဝန်ထမ်း ၂၄ ဦး ရှိတဲ့အတွက် လီမင်ဟိုရဲ့မိန်းကလေးဟာ ဘယ်သူလဲဆိုတာ ရှာဖွေဖို့ခက်သလို ယင်းမိန်းကလေးတွေကလည်း ဘယ်သူမှ ယင်းအကြောင်းကို ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

အခုထိလည်း ပရိသတ်တွေရော သတင်းဌာနတွေကပါ အဲဒီမိန်းမချောလေး ဘယ်သူဘယ်ဝါဆိုတာ မသိကြသေးပါဘူး။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top