iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ေန႔တုိင္းေရခ်ိဳးတာ

ကယ္လီဖိုးနီးယားတကၠသိုလ္က ျပဳလုပ္တဲ့ ေလ့လာမႈတစ္ခုအရ အလြန္အကၽြံေရခ်ိဳးျခင္းဟာ မေကာင္းပါဘူးတဲ့။ ခႏၶာကိုယ္အတြက္ ေကာင္းက်ိဳးျဖစ္ေစတဲ့ဘက္တီးရီးယားေတြကို ေလ်ာ့နည္းသြားေစတယ္လို႔ ဆုိတယ္။ ဥပမာေျပာရရင္ အေရျပားမွာလိုအပ္တဲ့အဆီဓာတ္ကို ခမ္းေစတာေၾကာင့္ ေရကို မလိုအပ္ဘဲ ေန႔စဥ္ခ်ိဳးတာမ်ိဳး မလုပ္သင့္ပါဘူး။

၂။ အခ်ိန္ၾကာၾကာေရခ်ိဳးျခင္း

ေရခ်ိဳးခ်ိန္ဟာ မိနစ္ ၂၀ ထက္ မေက်ာ္သင့္ပါဘူး။ အခ်ိန္ၾကာၾကာေရခ်ိဳးေလေလ အေရျပား ပိုေျခာက္ေသြ႕ေလေလပါပဲ။

၃။ ဆပ္ျပာ

ေရခ်ိဳးတုိင္း ဆပ္ျပာသံုးေနျခင္းကလည္း မွားယြင္းတဲ့ အေလ့အထတစ္ခုပါပဲ။ ခႏၶာကိုယ္မွာ ေခ်းေတြမ႐ွိဘဲ ဆပ္ျပာေတြတိုက္ေနမယ္ဆို အသားအေရ ေျခာက္ေသြ႔ၿပီး စိုေျပမႈေလ်ာ့နည္း သြားပါလိမ့္မယ္။

၄။ ေရပန္းေအာက္မွာ မ်က္ႏွာကိုထားျခင္း

ခႏၶာကိုယ္က ခံႏိုင္ရည္တဲ့ အပူအေအးပမာဏနဲ႔ မ်က္ႏွာက လက္ခံႏိုင္တဲ့ အပူအေအးပမာဏ မတူပါဘူး။ ခႏၶာကိုယ္ကို ေရေႏြးနဲ႔ခ်ိဳးမယ္ဆုိ မ်က္ႏွာကိုပါ ေရေႏြးလႊတ္ထားတဲ့ ေရပန္းေအာက္မွာ ထားျခင္းက ကိုယ့္မ်က္ႏွာအသားအေရကို ထိခိုက္ေစပါတယ္။

၅။ ေရေႏြးနဲ႔ေခါင္းေလွ်ာ္တာ

ေရေႏြးနဲ႔ ေခါင္းေလွ်ာ္ျခင္းဟာ ဆံသားေတြ ၾကမ္းတမ္းပ်က္စီးေစပါလိမ့္မယ္။ ဆံပင္ရဲ႕အဆီကိုလည္း ခမ္းသြားေစတယ္ေလ။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၁။ နေ့တိုင်းရေချိုးတာ

ကယ်လီဖိုးနီးယားတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ အလွန်အကျွံရေချိုးခြင်းဟာ မကောင်းပါဘူးတဲ့။ ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ဘက်တီးရီးယားတွေကို လျော့နည်းသွားစေတယ်လို့ ဆိုတယ်။ ဥပမာပြောရရင် အရေပြားမှာလိုအပ်တဲ့အဆီဓာတ်ကို ခမ်းစေတာကြောင့် ရေကို မလိုအပ်ဘဲ နေ့စဉ်ချိုးတာမျိုး မလုပ်သင့်ပါဘူး။

၂။ အချိန်ကြာကြာရေချိုးခြင်း

ရေချိုးချိန်ဟာ မိနစ် ၂၀ ထက် မကျော်သင့်ပါဘူး။ အချိန်ကြာကြာရေချိုးလေလေ အရေပြား ပိုခြောက်သွေ့လေလေပါပဲ။

၃။ ဆပ်ပြာ

ရေချိုးတိုင်း ဆပ်ပြာသုံးနေခြင်းကလည်း မှားယွင်းတဲ့ အလေ့အထတစ်ခုပါပဲ။ ခန္ဓာကိုယ်မှာ ချေးတွေမရှိဘဲ ဆပ်ပြာတွေတိုက်နေမယ်ဆို အသားအရေ ခြောက်သွေ့ပြီး စိုပြေမှုလျော့နည်း သွားပါလိမ့်မယ်။

၄။ ရေပန်းအောက်မှာ မျက်နှာကိုထားခြင်း

ခန္ဓာကိုယ်က ခံနိုင်ရည်တဲ့ အပူအအေးပမာဏနဲ့ မျက်နှာက လက်ခံနိုင်တဲ့ အပူအအေးပမာဏ မတူပါဘူး။ ခန္ဓာကိုယ်ကို ရေနွေးနဲ့ချိုးမယ်ဆို မျက်နှာကိုပါ ရေနွေးလွှတ်ထားတဲ့ ရေပန်းအောက်မှာ ထားခြင်းက ကိုယ့်မျက်နှာအသားအရေကို ထိခိုက်စေပါတယ်။

၅။ ရေနွေးနဲ့ခေါင်းလျှော်တာ

ရေနွေးနဲ့ ခေါင်းလျှော်ခြင်းဟာ ဆံသားတွေ ကြမ်းတမ်းပျက်စီးစေပါလိမ့်မယ်။ ဆံပင်ရဲ့အဆီကိုလည်း ခမ်းသွားစေတယ်လေ။

Credit : duwun



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top