iMyanmarHouse.com - Best Property Website for Myanmar
×

အေရျပားယားယံမႈဟာ လူတုိင္းျဖစ္ဖူးၾကတဲ့အရာပါ။ ဓာတ္မတည့္ျခင္း၊ ပိုးမႊားကိုက္ခံရျခင္း၊ အေရျပားပိုးဝင္ျခင္း၊ ရာသီဥတု၊ ဆပ္ျပာနဲ႔ခၽြတ္ေဆး စတဲ့ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ျဖစ္ရပါတယ္။ ေဆးေသာက္တာ၊ ေဆးခန္းသြားတာမ်ိဳး မလုပ္ခ်င္သူေတြအတြက္ အိမ္သံုးနည္းလမ္းေတြကို ေဖာ္ျပလိုက္ပါတယ္။ ခၽြင္းခ်က္အေနနဲ႔ မွတ္ထားရမွာက ဒီနည္းလမ္းေတြဟာ သာမာန္ယားယံမႈအေသးစားေတြကိုသာ ေပ်ာက္ကင္းေစတာပါ။ အရမ္းဆိုး႐ြားလာရင္ေတာ့ အေရျပားေဆးခန္းကို မျဖစ္မေန သြားဖုိ႔လိုပါတယ္။

၁။ ေရခဲ

ယားယံတဲ့ေနရာကို ေရခဲေရေလာင္းေပးရင္ ခ်က္ခ်င္းသက္သာပါတယ္။ ေရခဲေရေလာင္း႐ံုသာမက ေရခဲတံုးကပ္ေပးတာ၊ ေရခဲေရနဲ႔ ေရခ်ိဳးတာ၊
 ေရခဲဝတ္ကပ္တာမ်ိဳးလည္း လုပ္ႏိုင္ပါတယ္။

၂။ သံပ႐ိုရည္

သံပ႐ိုသီးမွာ ပါဝင္တဲ့ citric နဲ႔ acetic အက္ဆစ္ဓာတ္ေတြ ပိုးမႊားကိုက္ခံရလို႔ ယားတာမ်ိဳးကို ေပ်ာက္ေစပါတယ္။ သံပ႐ိုရည္ကို ဂြမ္းမွာဆြတ္ၿပီး ယားတဲ့ေနရာကို သုတ္ေပးပါ။ ေျခာက္သြားရင္ ေရၾကက္သီးေႏြးေလးနဲ႔ ေဆးေပးမယ္ဆို ယားယံတာေပ်ာက္ပါတယ္။ အသားအေရပါးသူေတြကေတာ့ ဒီနည္းကို မသံုးသင့္ပါဘူး။

၃။ မုန္႔ဖုတ္ဆိုဒါ

ယားယံမႈေတြကို သက္သာေပ်ာက္ကင္းေစတဲ့အထဲမွာ မုန္႔ဖုတ္ဆိုဒါက နာမည္ႀကီးပါတယ္။ အေရျပား နီရဲတာေတြကိုလည္း ေပ်ာက္ေစပါတယ္။ ေရဇလံုထဲကို ေရေအးထည့္ၿပီး မုန္႔ဖုတ္ဆုိဒါတစ္ခြက္ ေလာင္းထည့္ေမႊပါ။ နာရီဝက္ေလာက္ ေရခဲမွာ စိမ္ေနမယ္ဆုိ ယားယံမႈေတြ ေပ်ာက္သြားပါလိမ့္မယ္။ မုန္႔ဖုတ္ဆိုဒါ ၃ ဆ ၊ ေရ ၁ ဆ ေရာစပ္ၿပီး ရလာတဲ့အႏွစ္ကို ယားတဲ့ေနရာေပၚမွာ ၁၀ မိနစ္ေလာက္ လိမ္းေပးရင္လည္း သက္သာပါတယ္။ ေသြးထြက္ေနတဲ့ေနရာေတြေပၚမွာေတာ့ သံုးလို႔မရပါဘူး။

Credit : duwun
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အရေပြားယားယံမှုဟာ လူတိုင်းဖြစ်ဖူးကြတဲ့အရာပါ။ ဓာတ်မတည့်ခြင်း၊ ပိုးမွှားကိုက်ခံရခြင်း၊ အရေပြားပိုးဝင်ခြင်း၊ ရာသီဥတု၊ ဆပ်ပြာနဲ့ချွတ်ဆေး စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဖြစ်ရပါတယ်။ ဆေးသောက်တာ၊ ဆေးခန်းသွားတာမျိုး မလုပ်ချင်သူတွေအတွက် အိမ်သုံးနည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။ ချွင်းချက်အနေနဲ့ မှတ်ထားရမှာက ဒီနည်းလမ်းတွေဟာ သာမာန်ယားယံမှုအသေးစားတွေကိုသာ ပျောက်ကင်းစေတာပါ။ အရမ်းဆိုးရွားလာရင်တော့ အရေပြားဆေးခန်းကို မဖြစ်မနေ သွားဖို့လိုပါတယ်။

၁။ ရေခဲ

ယားယံတဲ့နေရာကို ရေခဲရေလောင်းပေးရင် ချက်ချင်းသက်သာပါတယ်။ ရေခဲရေလောင်းရုံသာမက ရေခဲတုံးကပ်ပေးတာ၊ ရေခဲရေနဲ့ ရေချိုးတာ၊ ရေခဲဝတ်ကပ်တာမျိုးလည်း လုပ်နိုင်ပါတယ်။

၂။ သံပရိုရည်

သံပရိုသီးမှာ ပါဝင်တဲ့ citric နဲ့ acetic အက်ဆစ်ဓာတ်တွေ ပိုးမွှားကိုက်ခံရလို့ ယားတာမျိုးကို ပျောက်စေပါတယ်။ သံပရိုရည်ကို ဂွမ်းမှာဆွတ်ပြီး ယားတဲ့နေရာကို သုတ်ပေးပါ။ ခြောက်သွားရင် ရေကြက်သီးနွေးလေးနဲ့ ဆေးပေးမယ်ဆို ယားယံတာပျောက်ပါတယ်။ အသားအရေပါးသူတွေကတော့ ဒီနည်းကို မသုံးသင့်ပါဘူး။

၃။ မုန့်ဖုတ်ဆိုဒါ

ယားယံမှုတွေကို သက်သာပျောက်ကင်းစေတဲ့အထဲမှာ မုန့်ဖုတ်ဆိုဒါက နာမည်ကြီးပါတယ်။ အရေပြား နီရဲတာတွေကိုလည်း ပျောက်စေပါတယ်။ ရေဇလုံထဲကို ရေအေးထည့်ပြီး မုန့်ဖုတ်ဆိုဒါတစ်ခွက် လောင်းထည့်မွှေပါ။ နာရီဝက်လောက် ရေခဲမှာ စိမ်နေမယ်ဆို ယားယံမှုတွေ ပျောက်သွားပါလိမ့်မယ်။ မုန့်ဖုတ်ဆိုဒါ ၃ ဆ ၊ ရေ ၁ ဆ ရောစပ်ပြီး ရလာတဲ့အနှစ်ကို ယားတဲ့နေရာပေါ်မှာ ၁၀ မိနစ်လောက် လိမ်းပေးရင်လည်း သက်သာပါတယ်။ သွေးထွက်နေတဲ့နေရာတွေပေါ်မှာတော့ သုံးလို့မရပါဘူး။

Credit : duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top