iMyanmarHouse.com - Best Property Website for Myanmar
×

လူ့လောကကြီးမှာ ယောင်္ကျားလေး၊မိန်းကလေး အားလုံးကြောက်တတ်ကြမှာပါ။ ကြောက်တတ်တဲ့သူဆိုတာ သရဲအကြောင်း၊ သရဲကား ဆိုရင်သေအောင်မုန်းတာပေါ့။

ဆေးရုံနားတို့၊ အိမ်အဟောင်းကြီးနားကို ဖြတ်လျှောက်ရင်ပဲ နှလုံးခုန်တာတွေပဲ ရပ်တော့မလို ခံစားဖူးမှာပါ။ ချစ်သူ၊ရည်စားနဲ့အတူတူ သွားနေရင်တောင် ကြောက်လွန်းအားကြီးလို့ ခြေထောက်တွေတောင် တုန်နေတယ်နော်။ ကဲ ဘယ်သူကတော့ အကြောက်ဆုံးဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

၀၁. ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
★ သူကတော့ အကြောက်ဆုံးဖြစ်ပါလိမ့်မယ်။ ရှဥ့်လေးတစ်ကောင်လိုပဲ သရဲအကြောင်းဆိုရင် အမြဲတမ်းကြောက်နေတတ်ပြီး တတ်နိုင်ရင် ကြည့်လဲမကြည့်ချင် ကြားလည်းမကြားချင်ဘူး။

၀၂. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
★ ညတစ်ယောက်တည်းနေရပြီဆိုရင် တွေးကြောက်တတ်သူ။ အသံလေးတခုခုကြားရုံနဲ့ ဘာမြင်ရမလဲဆိုပြီး ကြောက်နေပြီ။

၀၃. မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း
★ အချွဲသန်သောမိန်ရာသီဖွားကတော့ သူများထက်ကိုပိုပြီး ကြောက်တတ်ပါတယ်။ သရဲကားကို တစ်ယောက်တည်းမကြည့်ရဲလို့ တအိမ်သားလုံးနဲ့ကြည့်ရမှ ကျေနပ်သူပါ။

၀၄. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
★ ခြောက်ရင် အရမ်းကို ကြောက်တတ်တဲ့သူ့ကိုတော့ အရမ်းမခြောက်ပါနဲ့။ သတိမေ့သွားရင်တော့ မသိပါ။

၀၅. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
★ ကြောက်ရင် အရုပ်ကြိုးပြတ်သလို ရပ်သွားတတ်သူပါ။

၀၆. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
★ မကြောက်သလို ဟန်ဆောင်နေပင်မဲ့ တကယ်တော့ အရမ်းကို အသည်းနုသူပါ။

၀၇. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
★ ကြောက်လာပြီဆိုရင် စိတ်ဆိုးပြီး မဆိုင်သူကို ပြသာနာရှာတတ်သူပါ။

၀၈. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
★ အချိန်၊နေရာ၊ အခြေအနေ အပေါ်မှာမူတည်ပြီး ကြောက်တတ်သောသူ ဖြစ်ပါလိမ့်မယ်။

၀၉. ဗြိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
★ ကြောက်တာထက် ကြောက်စရာကောင်းတာကို ကြည့်ချင်သောသူပါ။

၁၀. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
★ ဘာကြောင့် ကြောက်စရာကောင်းတာလဲလို့ တွေးသောသူဖြစ်ပါလိမ့်မယ်။

၁၁. ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
★ သရဲကားဆို သိပ်ကြိုက်သောသူ။

၁၂. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
★ ရဲရဲတင်းတင်းကို သရဲကားကို ကြိုက်သောသူ၊ ကြောက်စရာကို ကြောက်ရကောင်းမှန်း မသိသူပါ။

Chelmo Team
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top