iMyanmarHouse.com - Best Property Website for Myanmar
×

ကယ္လီဖိုးနီးယား တကၠသိုလ္မွ ေလ့လာ သူမ်ား၏ အဆိုအရ ရင္သား ကင္ဆာ ျဖစ္ေနေသာ အမ်ိဳးသမီးမ်ားတြင္ ယင္းကင္ဆာ ဆဲလ္မ်ားအား ႏွိပ္နယ္ ေပးျခင္း၊

ညႇစ္ေပး ျခင္းျဖင့္ ပံုမွန္ဆဲလ္မ်ား အျဖစ္သို႔ ျပန္လည္ ေရာက္ရွိ ႏိုင္ေၾကာင္း သိရသည္။ ယင္းေတြ႕ရွိ ခ်က္အား ဒီဇင္ဘာ ၁၇ ရက္၌ ဆန္ဖရန္စစၥကိုတြင္ က်င္းပခဲ့ေသာ အေမရိကန္ ဆဲလ္သုေတသန အဖြဲ႕ အစည္း ႏွစ္ပတ္ လည္၌ တင္ျပခဲ့ျခင္း ျဖစ္သည္။ ယင္း ေတြ႕ရွိခ်က္မွာ ကင္ဆာဆဲလ္ မ်ားအား ျပင္ပမွ ဖိႏွိပ္ေပးျခင္း တစ္မ်ိဳးထဲျဖင့္ ကင္ဆာဆဲလ္ ပြားျခင္းအား ရပ္တန္႔ေပး ႏိုင္ၿပီး ပံုမွန္ဆဲလ္ အျဖစ္ ၿပန္ေရာက္ႏိုင္ေၾကာင္း ေတြ႕ရွိခဲ့သည့္ ပထမဆံုး ေတြ႕ရွိခ်က္ ျဖစ္သည္။ ဤကဲ့သို႔ ႏွိပ္နယ္ ေပးျခင္းက မ်ိဳး႐ိုး ဗီဇေၾကာင့္ ကင္ဆာ ျဖစ္ေသာ သူမ်ား၌ပင္ သက္ေရာက္မႈရွိ ေၾကာင္း ေတြ႕ရသည္။ အမ်ိဳးသမီးမ်ားသည္ ဘဝတစ္ ေလွ်ာက္လံုးတြင္ သူတို႔၏ မ်ိဳးပြားႏိုင္သည့္ အရြယ္ကို လိုက္၍ ရင္သား ဆဲလ္မ်ား ႀကီးထြား လာျခင္း၊ က်ံဳ႕သြားျခင္းတို႔ ျဖစ္ပြား သည္။ ထို႔ျပင္ အမ်ိဳးသမီးမ်ား၌ ႏို႔တိုက္ေကြ်း ခ်ိန္တြင္ ႏို႔ထုတ္ေပးေသာ ဆဲလ္မ်ား ႀကီးထြား လာၾကၿပီး ရပ္သင့္သည့္ အခ်ိန္ (ဥပမာ ႏို႔မတိုက္ေတာ့သည့္ အခါ)တြင္ ယင္း ဆဲလ္မ်ား ႀကီးထြားျခင္း ရပ္သြား ရေပမည္။

ရင္သား ကင္ဆာ၌ အဓိက ေတြ႕ရေသာ လကၡဏာမွာ ယင္းသဘာဝ ျဖစ္စဥ္ ပ်က္စီး သြားၿပီး ကင္ဆာဆဲလ္ မ်ားက ရပ္သင့္သည့္ အခ်ိန္တြင္ မရပ္ဘဲ ဆက္လက္ ႀကီးထြား ေနျခင္းျဖစ္သည္။ ယခင္က ကင္ဆာ ျဖစ္ပြားမႈမွာ ဆဲလ္အတြင္းရွိ ဗီဇမ်ား ေျပာင္းလဲ သြားမႈေၾကာင့္ဟု လက္ခံ ထားေသာ္လည္း ဘာကေလ ဓာတ္ခြဲခန္းမွ မီနာ ဘစ္ဆဲလ္က ပထမဆံုး အေနျဖင့္ ကင္ဆာ ဆဲလ္မ်ားသည္ အၿမဲတမ္း ကင္ဆာ က်ိတ္အျဖစ္သို႔ ေျပာင္းလဲသြား ျခင္းမဟုတ္ဘဲ ယင္းဆဲလ္မ်ား၏ ပတ္ဝန္းက်င္အား ျပဳျပင္ ေပးျခင္းျဖင့္ နဂိုဆဲလ္မ်ား အျဖစ္သို႔ ေျပာင္းလဲ သြားနုိင္ေၾကာင္း ဓာတ္ခြဲခန္း၌ ဖန္တီး ထားေသာ ကင္ဆာဆဲလ္မ်ား တြင္သက္ေသ ျပခဲ့သည္။ ယင္းေလ့လာမႈ၌ ပညာရွင္ မ်ားက ဗီဇ ေျပာင္းလဲ ေနေသာ ကင္ဆာ ဆဲလ္အား ဆီလီကြန္ထဲတြင္ ထည့္သြင္း ေမြးျမဴ ထားခဲ့သည္။

ထို႔ေနာက္ ကင္ဆာဆဲလ္မ်ား အျဖစ္ ေျပာင္းလဲ မႈအဆင့္ (၁)တြင္ ျပင္ပမွ ႏွိပ္နယ္ ဖိအားေပးၿပီး ရလဒ္ကို ေစာင့္ၾကည့္ခဲ့ရာ ယင္းကဲ့သို႔ ႏွိပ္သည့္ အခ်ိန္ အေတာ္ၾကာသည့္ အခါ ကင္ဆာ ဆဲလ္မ်ားသည္ မူလ ပံုစံ ဖြံ႕ၿဖိဳးမႈသို႔ ျပန္ေရာက္ေၾကာင္း ေတြ႕ရသည္။ ထို႔ျပင္ ေတြ႕ရွိခ်က္မ်ား အရ ေစာစီးစြာ ႏွိပ္နယ္ ေပးမႈက မူလပံုစံသို႔ ျပန္ေရာက္ ရာတြင္ ပို၍ အကူအညီ ရေၾကာင္း သိရသည္။ အကယ္၍ ရင္သား ဆဲလ္မ်ား ပံုမွန္ တည္ေဆာက္ ပံုသို႔ ရသြားပါက ႏွိပ္နယ္ ေပးမႈအား ရပ္လိုက္လွ်င္လည္း ကင္ဆာကဲ့သို႔ ဆက္လက္ ႀကီးထြားျခင္း မျဖစ္ေတာ့ေၾကာင္း ေတြ႕ရသည္။ ႏွိပ္နယ္ ေပးမႈက ကင္ဆာဆဲလ္ မ်ားအား ျပန္ေကာင္း ေစသည္ ဆိုေသာ္လည္း အဆမတန္ က်ပ္ေသာ ဘရာစီယာမ်ား ဝတ္ျခင္းက ႏွိပ္နယ္၍ ကုသျခင္း ကဲ့သို႔ အက်ံဳးမဝင္ေၾကာင္း သုေတသန ပညာရွင္မ်ားက သတိ ေပးခဲ့သည္။

မိုင္ကိ

Ref:MNT
Credit:ျမ၀တီ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကယ်လီဖိုးနီးယား တက္ကသိုလ်မှ လေ့လာ သူများ၏ အဆိုအရ ရင်သား ကင်ဆာ ဖြစ်နေသော အမျိုးသမီးများတွင် ယင်းကင်ဆာ ဆဲလ်များအား နှိပ်နယ် ပေးခြင်း၊

ညှစ်ပေး ခြင်းဖြင့် ပုံမှန်ဆဲလ်များ အဖြစ်သို့ ပြန်လည် ရောက်ရှိ နိုင်ကြောင်း သိရသည်။ ယင်းတွေ့ရှိ ချက်အား ဒီဇင်ဘာ ၁၇ ရက်၌ ဆန်ဖရန်စစ္စကိုတွင် ကျင်းပခဲ့သော အမေရိကန် ဆဲလ်သုတေသန အဖွဲ့ အစည်း နှစ်ပတ် လည်၌ တင်ပြခဲ့ခြင်း ဖြစ်သည်။ ယင်း တွေ့ရှိချက်မှာ ကင်ဆာဆဲလ် များအား ပြင်ပမှ ဖိနှိပ်ပေးခြင်း တစ်မျိုးထဲဖြင့် ကင်ဆာဆဲလ် ပွားခြင်းအား ရပ်တန့်ပေး နိုင်ပြီး ပုံမှန်ဆဲလ် အဖြစ် ပြန်ရောက်နိုင်ကြောင်း တွေ့ရှိခဲ့သည့် ပထမဆုံး တွေ့ရှိချက် ဖြစ်သည်။ ဤကဲ့သို့ နှိပ်နယ် ပေးခြင်းက မျိုးရိုး ဗီဇကြောင့် ကင်ဆာ ဖြစ်သော သူများ၌ပင် သက်ရောက်မှုရှိ ကြောင်း တွေ့ရသည်။ အမျိုးသမီးများသည် ဘဝတစ် လျှောက်လုံးတွင် သူတို့၏ မျိုးပွားနိုင်သည့် အရွယ်ကို လိုက်၍ ရင်သား ဆဲလ်များ ကြီးထွား လာခြင်း၊ ကျုံ့သွားခြင်းတို့ ဖြစ်ပွား သည်။ ထို့ပြင် အမျိုးသမီးများ၌ နို့တိုက်ကျွေး ချိန်တွင် နို့ထုတ်ပေးသော ဆဲလ်များ ကြီးထွား လာကြပြီး ရပ်သင့်သည့် အချိန် (ဥပမာ နို့မတိုက်တော့သည့် အခါ)တွင် ယင်း ဆဲလ်များ ကြီးထွားခြင်း ရပ်သွား ရပေမည်။

ရင်သား ကင်ဆာ၌ အဓိက တွေ့ရသော လက္ခဏာမှာ ယင်းသဘာဝ ဖြစ်စဉ် ပျက်စီး သွားပြီး ကင်ဆာဆဲလ် များက ရပ်သင့်သည့် အချိန်တွင် မရပ်ဘဲ ဆက်လက် ကြီးထွား နေခြင်းဖြစ်သည်။ ယခင်က ကင်ဆာ ဖြစ်ပွားမှုမှာ ဆဲလ်အတွင်းရှိ ဗီဇများ ပြောင်းလဲ သွားမှုကြောင့်ဟု လက်ခံ ထားသော်လည်း ဘာကလေ ဓာတ်ခွဲခန်းမှ မီနာ ဘစ်ဆဲလ်က ပထမဆုံး အနေဖြင့် ကင်ဆာ ဆဲလ်များသည် အမြဲတမ်း ကင်ဆာ ကျိတ်အဖြစ်သို့ ပြောင်းလဲသွား ခြင်းမဟုတ်ဘဲ ယင်းဆဲလ်များ၏ ပတ်ဝန်းကျင်အား ပြုပြင် ပေးခြင်းဖြင့် နဂိုဆဲလ်များ အဖြစ်သို့ ပြောင်းလဲ သွားနိုင်ကြောင်း ဓာတ်ခွဲခန်း၌ ဖန်တီး ထားသော ကင်ဆာဆဲလ်များ တွင်သက်သေ ပြခဲ့သည်။ ယင်းလေ့လာမှု၌ ပညာရှင် များက ဗီဇ ပြောင်းလဲ နေသော ကင်ဆာ ဆဲလ်အား ဆီလီကွန်ထဲတွင် ထည့်သွင်း မွေးမြူ ထားခဲ့သည်။

ထို့နောက် ကင်ဆာဆဲလ်များ အဖြစ် ပြောင်းလဲ မှုအဆင့် (၁)တွင် ပြင်ပမှ နှိပ်နယ် ဖိအားပေးပြီး ရလဒ်ကို စောင့်ကြည့်ခဲ့ရာ ယင်းကဲ့သို့ နှိပ်သည့် အချိန် အတော်ကြာသည့် အခါ ကင်ဆာ ဆဲလ်များသည် မူလ ပုံစံ ဖွံ့ဖြိုးမှုသို့ ပြန်ရောက်ကြောင်း တွေ့ရသည်။ ထို့ပြင် တွေ့ရှိချက်များ အရ စောစီးစွာ နှိပ်နယ် ပေးမှုက မူလပုံစံသို့ ပြန်ရောက် ရာတွင် ပို၍ အကူအညီ ရကြောင်း သိရသည်။ အကယ်၍ ရင်သား ဆဲလ်များ ပုံမှန် တည်ဆောက် ပုံသို့ ရသွားပါက နှိပ်နယ် ပေးမှုအား ရပ်လိုက်လျှင်လည်း ကင်ဆာကဲ့သို့ ဆက်လက် ကြီးထွားခြင်း မဖြစ်တော့ကြောင်း တွေ့ရသည်။ နှိပ်နယ် ပေးမှုက ကင်ဆာဆဲလ် များအား ပြန်ကောင်း စေသည် ဆိုသော်လည်း အဆမတန် ကျပ်သော ဘရာစီယာများ ဝတ်ခြင်းက နှိပ်နယ်၍ ကုသခြင်း ကဲ့သို့ အကျုံးမဝင်ကြောင်း သုတေသန ပညာရှင်များက သတိ ပေးခဲ့သည်။

မိုင်ကိ

Ref:MNT
Credit:မြဝတီ



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top