iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ ရွိ၊ မရွိဆိုသည့္ အေျခအ ေနသည္ ႏွလံုးေရာဂါျဖင့္ ေသဆံုးသည့္ အႏၲရာယ္အေပၚ လႊမ္းမိုးႏိုင္ဟန္ရွိသည္။ သို႔ေသာ္လည္း အိမ္ေထာင္မျပဳသည့္ အ မ်ဳိးသမီးမ်ားသည္ အိမ္ေထာင္ရွိသည့္ အမ်ဳိး သမီးမ်ားထက္ ႏွလံုးေရာဂါျဖင့္ ေသဆံုးရန္ ပို၍ျဖစ္ႏိုင္ေၾကာင္း ယူေကရွိ ေအာက္စ္ဖို႔ဒ္ တကၠသိုလ္မွ သုေတသနအသစ္တစ္ခုက ေတြ႕ရွိခဲ့သည္။ အဆိုပါေလ့လာမႈအေၾကာင္း မၾကာေသးမီက BMC Medicine ဂ်ာနယ္ တြင္ ေဖာ္ျပခဲ့သည္။

ယခင္သုေတသနတစ္ခုတြင္လည္း အိမ္ေထာင္ရွိအမ်ဳိးသားမ်ားက အိမ္ေထာင္ မရွိ အမ်ဳိးသားမ်ားထက္ ႏွလံုးေရာဂါေၾကာင့္ ေသဆံုးမႈအႏၲရာယ္ ပို၍နိမ့္ေၾကာင္း ေတြ႕ ရွိခဲ့သည္။ သို႔ေသာ္လည္း အမ်ဳိးသမီးမ်ား ၾကား ယခုကဲ့သို႔ ဆက္စပ္မႈအား အကဲျဖတ္ သည့္ ႀကီးမားသည့္ေလ့လာမႈ မ်ားမ်ားစား စားမရွိဟု ဆာရာဖေလာက္ ဦးေဆာင္သည့္ သုေတသနအဖြဲ႕က ေျပာၾကားခဲ့သည္။

သုေတသီမ်ားသည္ ယူေက၏ Mil-lion Women Study မွ အခ်က္အလက္ မ်ားကို ခြဲျခမ္းစိတ္ျဖာေလ့လာခဲ့ၾကသည္။ Mil-lion Women Study မွာ ၁၉၉၆ ႏွင့္ ၂ဝဝ၁ ခုႏွစ္အတြင္း ေလ့လာမႈတြင္ ပါဝင္ ရန္ စည္း႐ုံးခဲ့သည့္ အသက္ ၅ဝ ႏွင့္အထက္ အမ်ဳိးသမီး ၁ ဒသမ ၃ သန္းေက်ာ္ ပါဝင္ ေသာ အမ်ဳိးသားက်န္းမာေရး ေလ့လာမႈ တစ္ခုျဖစ္သည္။ အမ်ဳိးသမီးမ်ားသည္ ေလ့ လာမႈ၏ အေျခခံအျဖစ္ က်န္းမာ ေရးဆိုင္ရာ ေမးခြန္းလႊာတစ္ခု ကို ၿပီးဆံုးေအာင္ ေျဖရန္ လိုအပ္ၿပီး ေနာက္သံုးႏွစ္ အၾကာတြင္ အေျခ အေနကို ျပန္လည္ သံုးသပ္ခဲ့သည္။

ေဆး႐ုံတက္ရေသာ ႏွလံုးေရာဂါျဖင့္ ေသဆံုးမႈမ်ားအတြက္ စစ္တမ္းေကာက္ ယူခဲ့ေသာ အမ်ဳိးသမီးမ်ားအနက္ ပ်မ္းမွ် အသက္ ၆ဝ ရွိ အမ်ဳိးသမီး ၇၃၄၆၂၆ မွာ ေအာက္စ္ဖို႔ဒ္တကၠသိုလ္၏ ေလ့လာမႈ တြင္ ပါဝင္ခဲ့သည္။ အမ်ဳိးသမီးမ်ားမွာ ယခင္ က ႏွလံုးေရာဂါ၊ ေလျဖတ္မႈ သို႔မဟုတ္ ကင္ ဆာေရာဂါ ရာဇဝင္မရွိခဲ့ဘဲ ပ်မ္းမွ်ေနာက္ ဆက္တြဲ ေလ့လာမႈကို ၈ ဒသမ ၈ ႏွစ္ ျပဳ လုပ္ခဲ့သည္။

ေနာက္ဆက္တြဲ ေလ့လာမႈကာလအ တြင္း အမ်ဳိးသမီး ၃ဝ၇၄၇ ဦးမွာ ႏွလံုးေရာ ဂါရရွိခဲ့ၿပီး ၂၁၄၈ ဦးမွာ ႏွလံုးေရာဂါျဖင့္ ေသဆံုးခဲ့သည္။
အိမ္ေထာင္ျပဳထားေသာ သို႔မဟုတ္ ပါတနာတစ္ဦးႏွင့္ ေနထိုင္ေသာ အမ်ဳိး သမီးမ်ားတြင္လည္း လက္မထပ္ေသာ အမ်ဳိး သမီးမ်ားကဲ့သို႔ ႏွလံုးေရာဂါ ရခဲ့သည္။

သို႔ေသာ္လည္း အိမ္ေထာင္ျပဳထား ေသာ အမ်ဳိးသမီးမ်ားသည္ အိမ္ေထာင္ မျပဳေသာ အမ်ဳိးသမီးမ်ားထက္ ႏွလံုးေရာဂါ ေၾကာင့္ ေသဆံုးရန္ ၂၈ ရာခိုင္ႏႈန္း ျဖစ္ႏိုင္ ေျခေလ်ာ့နည္းေၾကာင္း သုေတသီတို႔က ေတြ႕ရွိခဲ့သည္။
အသက္အရြယ္၊ လူမႈစီးပြား အဆင့္ ႏွင့္ ဘဝဟန္ပန္ စသည့္ အျခားလႊမ္းမိုး ေသာ အခ်က္မ်ားထက္ အိမ္ေထာင္မရွိျခင္း က ပိုမိုလႊမ္းမိုးသည္ဟု ဆိုသည္။


Credit:Medical News Today
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အိမ်ထောင် ရှိ၊ မရှိဆိုသည့် အခြေအ နေသည် နှလုံးရောဂါဖြင့် သေဆုံးသည့် အန္တရာယ်အပေါ် လွှမ်းမိုးနိုင်ဟန်ရှိသည်။ သို့သော်လည်း အိမ်ထောင်မပြုသည့် အ မျိုးသမီးများသည် အိမ်ထောင်ရှိသည့် အမျိုး သမီးများထက် နှလုံးရောဂါဖြင့် သေဆုံးရန် ပို၍ဖြစ်နိုင်ကြောင်း ယူကေရှိ အောက်စ်ဖို့ဒ် တက္ကသိုလ်မှ သုတေသနအသစ်တစ်ခုက တွေ့ရှိခဲ့သည်။ အဆိုပါလေ့လာမှုအကြောင်း မကြာသေးမီက BMC Medicine ဂျာနယ် တွင် ဖော်ပြခဲ့သည်။

ယခင်သုတေသနတစ်ခုတွင်လည်း အိမ်ထောင်ရှိအမျိုးသားများက အိမ်ထောင် မရှိ အမျိုးသားများထက် နှလုံးရောဂါကြောင့် သေဆုံးမှုအန္တရာယ် ပို၍နိမ့်ကြောင်း တွေ့ ရှိခဲ့သည်။ သို့သော်လည်း အမျိုးသမီးများ ကြား ယခုကဲ့သို့ ဆက်စပ်မှုအား အကဲဖြတ် သည့် ကြီးမားသည့်လေ့လာမှု များများစား စားမရှိဟု ဆာရာဖလောက် ဦးဆောင်သည့် သုတေသနအဖွဲ့က ပြောကြားခဲ့သည်။

သုတေသီများသည် ယူကေ၏ Mil-lion Women Study မှ အချက်အလက် များကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ကြသည်။ Mil-lion Women Study မှာ ၁၉၉၆ နှင့် ၂ဝဝ၁ ခုနှစ်အတွင်း လေ့လာမှုတွင် ပါဝင် ရန် စည်းရုံးခဲ့သည့် အသက် ၅ဝ နှင့်အထက် အမျိုးသမီး ၁ ဒသမ ၃ သန်းကျော် ပါဝင် သော အမျိုးသားကျန်းမာရေး လေ့လာမှု တစ်ခုဖြစ်သည်။ အမျိုးသမီးများသည် လေ့ လာမှု၏ အခြေခံအဖြစ် ကျန်းမာ ရေးဆိုင်ရာ မေးခွန်းလွှာတစ်ခု ကို ပြီးဆုံးအောင် ဖြေရန် လိုအပ်ပြီး နောက်သုံးနှစ် အကြာတွင် အခြေ အနေကို ပြန်လည် သုံးသပ်ခဲ့သည်။

ဆေးရုံတက်ရသော နှလုံးရောဂါဖြင့် သေဆုံးမှုများအတွက် စစ်တမ်းကောက် ယူခဲ့သော အမျိုးသမီးများအနက် ပျမ်းမျှ အသက် ၆ဝ ရှိ အမျိုးသမီး ၇၃၄၆၂၆ မှာ အောက်စ်ဖို့ဒ်တက္ကသိုလ်၏ လေ့လာမှု တွင် ပါဝင်ခဲ့သည်။ အမျိုးသမီးများမှာ ယခင် က နှလုံးရောဂါ၊ လေဖြတ်မှု သို့မဟုတ် ကင် ဆာရောဂါ ရာဇဝင်မရှိခဲ့ဘဲ ပျမ်းမျှနောက် ဆက်တွဲ လေ့လာမှုကို ၈ ဒသမ ၈ နှစ် ပြု လုပ်ခဲ့သည်။

နောက်ဆက်တွဲ လေ့လာမှုကာလအ တွင်း အမျိုးသမီး ၃ဝ၇၄၇ ဦးမှာ နှလုံးရော ဂါရရှိခဲ့ပြီး ၂၁၄၈ ဦးမှာ နှလုံးရောဂါဖြင့် သေဆုံးခဲ့သည်။
အိမ်ထောင်ပြုထားသော သို့မဟုတ် ပါတနာတစ်ဦးနှင့် နေထိုင်သော အမျိုး သမီးများတွင်လည်း လက်မထပ်သော အမျိုး သမီးများကဲ့သို့ နှလုံးရောဂါ ရခဲ့သည်။

သို့သော်လည်း အိမ်ထောင်ပြုထား သော အမျိုးသမီးများသည် အိမ်ထောင် မပြုသော အမျိုးသမီးများထက် နှလုံးရောဂါ ကြောင့် သေဆုံးရန် ၂၈ ရာခိုင်နှုန်း ဖြစ်နိုင် ခြေလျော့နည်းကြောင်း သုတေသီတို့က တွေ့ရှိခဲ့သည်။
အသက်အရွယ်၊ လူမှုစီးပွား အဆင့် နှင့် ဘဝဟန်ပန် စသည့် အခြားလွှမ်းမိုး သော အချက်များထက် အိမ်ထောင်မရှိခြင်း က ပိုမိုလွှမ်းမိုးသည်ဟု ဆိုသည်။


Credit:Medical News Today

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top