iMyanmarHouse.com - Best Property Website for Myanmar
×
ပို့သပေးပါတယ်။
Unicode Version
မိန်းခလေးတွေအချစ်ကိုစိတ်ကုန်သွားတဲ့အခါ  
  (1) ဂရုစိုက်မှုလေးပေးဖို့ အောက်ကျခံပြီး တောင်းဆိုမှုတွေ ပြုလုပ်နေမှာမဟုတ်တော့ဘူး။ ( မှန်တစ်ချပ်လို တုံ့ပြန်လိုက်ဖို့ဘဲ သူဆုံးဖြတ်လိုက်လိမ့်မယ် ) 
(2) ဖုန်းတွေတဂွမ်ဂွမ်ဆက် မက်ဆေ့ချ်တွေတဒေါင်ဒေါင်ပို့ အားအားယားယားအလုပ်တွေ ဆက်လုပ်မှာမဟုတ်တော့ဘူး။ ( သူ့ဘာသူ Online လေးတက် Facebook လေးသုံးနဲ့ သာယာတဲ့ဘဝလေးမှာဘဲ နေနေလိမ့်မယ် )
  (3) အရည်မရအဖတ်မရ စိတ်ဆိုးစိတ်ကောက်အလုပ်တွေ စကားနိုင်လုတာတွေ ငြင်းခုန်တာတွေ လုပ်မှာမဟုတ်တော့ဘူး။ ( ပြီးပြီးရော ခေါင်းညိတ်လိုက်တာတွေ စကားယှဉ်မပြောတော့ဘဲ အသာလေးရှောင်ထွက်သွားတာတွေ ရေငုံနှုတ်ဆိတ်နဲ့ Silent talk တွေဘဲ သူလုပ်လာလိမ့်မယ် ) 
   (4) သာလိကာလေးလို ပကျိပကျိနဲ့ ရေပက်မဝင်အောင်စကားတွေ အသေအလဲပြောပြီး တွယ်ကပ်နေမှာမဟုတ်တော့ဘူး။ ( မေးထူးခေါ်ပြောအဆင့်ထက် ပိုဖို့မရှိတော့တာ သေချာပြီလေ )
     (5) Jealous ဖြစ်တာတွေ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ချုပ်ချယ်တာတွေ ရှိလာမှာမဟုတ်တော့ဘူး။ ( သူ့ဘဝလေးနဲ့သူဘဲနေတတ်အောင်နေလိမ့်မယ် ဘယ်သွားသွား ဘာလုပ်လုပ် စိတ်ပူတာတွေ ရပ်တန်းကရပ်ပစ်လိုက်လိမ့်မယ် )   
 (6) BFF တွေကိုအရင်ကထက်ပိုတွယ်တာ ပိုပြီးချစ်လာလိမ့်မယ်။ ( လွတ်လပ်ပြီး အပူအပင်ကင်းတဲ့ Free style ဘဝလေးကို ပြန်ရဖို့ဘဲ သူကြိုးစားလာလိမ့်မယ် )  
  (7) သင်ကသူ့ကို ချစ်ချစ်မချစ်ချစ် စိတ်ကိုဝင်စားမှာမဟုတ်တော့ဘူး။ ( သူ့ကိုယ်သူဘဲ ချစ်တတ်သွားလိမ့်မယ် အရင်ကထက်ပိုပြီး လှပပြည့်စုံတဲ့ မိန်းခလေးဖြစ်ဖို့ဘဲ သူလုပ်လာလိမ့်မယ် )   
 (8) သင့်ဘက်ကလမ်းခွဲစကားပြောလည်းရင်တုန်မှာမဟုတ်တော့ဘူး။ ( သူမဘဝထဲကနေ သင့်ကိုအပြီးအပိုင်ထုတ်ပစ်ဖို့ လုံလောက်တဲ့ Reason အချို့သူ့ဆီမှာရှိနေပြီးသားဖြစ်နေလို့ဘဲလေ ) အနားမှာရှိနေတုန်း♡ တန်ဖိုးထားချစ်ပေးဖို့ မမေ့ပါနဲ့ ♡ သူတို့တွေက ဆီလီကွန်အရုပ်မတွေမှ မဟုတ်ဘဲလေ ♡ ချစ်ရင်သူများထက် ပိုချစ်တတ်ကြတယ် စိတ်နာသွားပြီဟေ့ဆို✌ ရင်တော့ ပြတ်သားချက် ...   
 Credit:Original Uploader 
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top