iMyanmarHouse.com - Best Property Website for Myanmar
×
- အာလူး
- သခွားသီး
- အယ်လ်မွန်ဆီ
Credit : Trend Myanmar
Unicode Version
မျက်ကွင်းညိုလို့ စိတ်ညစ်နေပါသလား။ အထူးသဖြင့် အပြင်တစ်ခါသွားခါနီးတိုင်း အဲ့ဒီညိုနေတဲ့ မျက်ကွင်းကို ကွန်ဆီလာလိမ်းဖို့ ကြိုးစားရတာကတစ်မျိုး၊ သူများက ကိုယ့်ကိုအိပ်ရေးပျက်ထားတာလားဆိုပြီးမေးတဲ့ မေးခွန်းတိုင်းကို ဖြေရှင်းနေရတာကတစ်မျိုးနဲ့ အာရုံတွေ နောက်နေရတယ်ဆိုရင် ခုပြောပြမယ့် နည်းလေးကို စမ်းကြည့်ဖို့တိုက်တွန်းချင်ပါတယ်။
ဒီနည်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့
- အာလူး
- သခွားသီး
- အယ်လ်မွန်ဆီ
- ရှားစောင်းလက်ပက် ဂျယ်လ် တို့ပဲဖြစ်ပါတယ်။
လုပ်ဆောင်ရမယ့် နည်းတွေကို ဆက်ပြောပြပေးသွားပါ့မယ်။
(၁) အာလူး အစိမ်းကို အခွံနွှာပြီး ဂျစ်(ခြစ်) နဲ့ ခြစ်ပါ။ အရည်ကို ညှစ်ယူထားပါ။ သခွားသီးကိုလည်း ထိုကဲ့သို့ ပြုလုပ်ထားပါ။
(၂) အာလူးအရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ သခွားရည် ၁ ဇွန်း ကို ပန်းကန်လုံးထဲထည့်ပါ။ အယ်လ်မွန်ဆီ ၁ ဇွန်း နှင့် ရှားစောင်းလက်ပက် ဂျယ်လ် ၂ဇွန်းခွဲ ကိုပါ ရောထည့်ပြီး ရောသမမွှေထားပါ။
(၃) ထိုအရည်ကိုကို မျက်လုံးအောက် အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပါ။ ၃မိနစ်လောက် နှိပ်နယ်ပြီး တစ်ညလုံး ထားအိပ်လိုက်ပါ။ မနက်ရောက်တဲ့အခါ မျက်နှာသစ်ရင်း ရေနဲ့ သေချာဆေးချလိုက်ပါ။
အဲ့ဒီ့နည်းလမ်း တိုင်း ၇ ရက်ဆက်တိုက် လုပ်ပေးပါ။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top